Isaiah 17:6 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
လူ​အ​နည်း​ငယ်​သာ​လျှင်​အ​သက်​မ​သေ​ဘဲ ကျန်​ရှိ​ခါ ဣ​သ​ရေ​လ​သည်​လည်း​အ​သီး​များ ကို​အ​ကုန်​အ​စင်​ဆွတ်​ခူး​ပြီး​နောက် အ​ပင် ထိပ်​ဖျား​တွင်​နှစ်​လုံး​သုံး​လုံး​နှင့်​အ​ကိုင်း​များ တွင် လေး​ငါး​လုံး​မျှ​သာ​ကျန်​ရှိ​သည့်​သံ​လွင် ပင်​နှင့်​တူ​လိမ့်​မည်။ ဤ​ကား​အ​နန္တ​တန်​ခိုး​ရှင် ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
Burmese 1835 Version Judson
သို့ရာတွင်၊သံလွင်ပင်ကို လှုပ်ပြီးမှ အပင်ဖျား၌ အသီးနှစ်လုံးသုံးလုံး၊ အသီးကောင်းသော အခက်တို့၌ လေးငါးလုံးရှိတတ်သကဲ့သို့၊ ကောက်သိမ်းစရာ အကြွင်း ရှိရလိမ့်မည်ဟု ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရ ဘုရားမိန့်တော်မူ၏။
Burmese 1928
သံ လွင် သီး ကို ချွေ၍ အ ပင် ဖျား ထက်၌ နှစ် လုံး သုံး လုံး ဖြစ် စေ၊ အ ခက် အ လက် များ၌ လေး လုံး ငါး လုံး ဖြစ် စေ၊ ကြွင်း ကျန် တတ် သည့် နည်း တူ၊ ကောက် သင်း ကောက် ရန် ရှိ ဦး မည် ဟု ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
Burmese 2021
သို့​ရာ​တွင်၊ သံ​လွင်​ပင်​ကို လှုပ်​ပြီး​မှ အ​ပင်​ဖျား၌ အ​သီး​နှစ်​လုံး​သုံး​လုံး၊ အ​သီး​ကောင်း​သော​အ​ခက်​တို့၌ လေး​ငါး​လုံး​ရှိ​တတ်​သ​ကဲ့​သို့၊ ကောက်​သိမ်း​စ​ရာ အ​ကြွင်း​ရှိ​ရ​လိမ့်​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
Burmese JBZV
သို႔​ရာ​တြင္၊ သံ​လြင္​ပင္​ကို လွုပ္​ၿပီး​မွ အ​ပင္​ဖ်ား၌ အ​သီး​ႏွစ္​လုံး​သုံး​လုံး၊ အ​သီး​ေကာင္း​ေသာ​အ​ခက္​တို႔၌ ေလး​ငါး​လုံး​ရွိ​တတ္​သ​ကဲ့​သို႔၊ ေကာက္​သိမ္း​စ​ရာ အ​ႂကြင္း​ရွိ​ရ​လိမ့္​မည္​ဟု ဣ​သ​ေရ​လ​အ​မ်ိဳး၏​ဘု​ရား​သ​ခင္ ထာ​ဝ​ရ​ဘု​ရား မိန္႔​ေတာ္​မူ၏။
Burmese MCLZV
လူ​အ​နည္း​ငယ္​သာ​လၽွင္​အ​သက္​မ​ေသ​ဘဲ က်န္​ရွိ​ခါ ဣ​သ​ေရ​လ​သည္​လည္း​အ​သီး​မ်ား ကို​အ​ကုန္​အ​စင္​ဆြတ္​ခူး​ၿပီး​ေနာက္ အ​ပင္ ထိပ္​ဖ်ား​တြင္​ႏွစ္​လုံး​သုံး​လုံး​ႏွင့္​အ​ကိုင္း​မ်ား တြင္ ေလး​ငါး​လုံး​မၽွ​သာ​က်န္​ရွိ​သည့္​သံ​လြင္ ပင္​ႏွင့္​တူ​လိမ့္​မည္။ ဤ​ကား​အ​နႏၲ​တန္​ခိုး​ရွင္ ငါ​ထာ​ဝ​ရ​ဘု​ရား​ႁမြက္​ဟ​သည့္​စ​ကား ျဖစ္​၏'' ဟု​မိန႔္​ေတာ္​မူ​၏။
Burmese MSBU
သံလွင်သီး​ကို​ရိုက်ခြွေ​သောအခါ အပင်​ထိပ်ဖျား​၌ သံလွင်သီး​နှစ်​လုံး​သုံး​လုံး​၊ အသီး​များ​သော အခက်အလက်​တို့​၌ လေး​ငါး​လုံး ကောက်သင်းကောက်​ရန်​ကြွင်းကျန်​သကဲ့သို့ ကြွင်းကျန်​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။
Burmese MSBZ
သံလြင္သီး​ကို​႐ိုက္ေႁခြ​ေသာအခါ အပင္​ထိပ္ဖ်ား​၌ သံလြင္သီး​ႏွစ္​လုံး​သုံး​လုံး​၊ အသီး​မ်ား​ေသာ အခက္အလက္​တို႔​၌ ေလး​ငါး​လုံး ေကာက္သင္းေကာက္​ရန္​ႂကြင္းက်န္​သကဲ့သို႔ ႂကြင္းက်န္​ၾက​လိမ့္မည္​”​ဟု မိန႔္​ေတာ္မူ​၏​။