Isaiah 18:7 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
နိုင်းမြစ်ဖျားတွင်တည်ရှိသည့်ထိုနိုင်ငံမှ လည်းကောင်း၊ ခွန်အားတန်ခိုးကြီးမားသည့် ထိုလူမျိုးထံမှလည်းကောင်း၊ ရုပ်ရည်ချောမော ၍မြင့်မားသည့်ထိုပြည်သားတို့ထံမှလည်း ကောင်း၊ ကမ္ဘာတစ်ဝှမ်းလုံးကကြောက်ရွံ့ကြ သူထံမှလည်းကောင်း၊ ပူဇော်သကာများကို အနန္တတန်ခိုးရှင်ထာဝရဘုရားလက်ခံ တော်မူမည့်နေ့ရက်ကာလကျရောက်လာ လိမ့်မည်။ ထိုသူတို့သည်အနန္တတန်ခိုးရှင် ထာဝရဘုရားအားကိုးကွယ်ဝတ်ပြုရန် ဇိအုန်တောင်တော်သို့လာရောက်ကြလိမ့်မည်။
Burmese 1835 Version Judson
ထိုအခါ ခိုင်မာပြင်းထန်လျက် ရှေ့ဦးစွာမှစ၍ ယခုတိုင်အောင် ကြောက်မက်ဘွယ်ဖြစ်ထသော၊ ခွန် အားကြီး၍ နှိမ်နင်းတတ်ထသော၊ မြစ်များ ကွဲပြား သော မြေ၌နေသောလူမျိုးသည်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နာမတော်တည်ရာ ဇိအုန်တောင်သို့၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရားဘို့ လက် ဆောင်ပဏ္ဏာကို ဆောင်ခဲ့ကြ လိမ့်သ တည်း။
Burmese 1928
ထို ကာ လ၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၏ နာ မ တော် တည် ရာ ဇိ အုန် တောင် တော် သို့၊ အ ရပ် အ မောင်း မြင့် ခြင်း၊ ကိုယ် ရေ ကိုယ် သား ပြောင် ခြင်း ရှိ သော လူ မျိုး၊ ယ မန် က စ၍ ကြောက် မက် ဖွယ် ကောင်း သော လူ မျိုး၊ တန် ခိုး ကြီး လျက် နှိမ် နှင်း တတ် သော လူ မျိုး၊ မြစ် အ မြွာ မြွာ ဖြတ် သော ပြည် တွင် နေ ထိုင် သော လူ မျိုး သည်၊ ဗိုလ် ခြေ တို့ အရှင် ထာ ဝ ရ ဘု ရား ထံ ကိုယ် ကို ဆက် သွင်း ကြ လိမ့် သ တည်း။
Burmese 2021
ထိုအခါ ခိုင်မာပြင်းထန်လျက် ရှေ့ဦးစွာမှစ၍ ယခုတိုင်အောင် ကြောက်မက်ဖွယ်ဖြစ်ထသော၊ ခွန်အားကြီး၍ နှိပ်နင်းတတ်ထသော၊ မြစ်များကွဲပြားသော မြေ၌နေသောလူမျိုးသည်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏နာမတော်တည်ရာ ဇိအုန်တောင်သို့၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားဖို့ လက်ဆောင်ပဏ္ဏာကို ဆောင်ခဲ့ကြလိမ့်သတည်း။
Burmese JBZV
Burmese MCLZV
Burmese MSBU
ထိုအချိန်တွင် အရပ်ရှည်၍အသားအရေချောမွတ်သောလူမျိုး၊ အနီးအဝေးရှိလူတို့ကြောက်ရွံ့ရသောလူမျိုး၊ မြစ်များဖြာထွက်သောပြည်၌နေသည့် ခွန်အားကြီး၍ နိုင်ထက်စီးနင်းပြုတတ်သောလူမျိုးသည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအတွက် လက်ဆောင်ပဏ္ဏာကို ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏နာမတော်တည်ရာ ဇိအုန်တောင်သို့ ယူဆောင်လာကြလိမ့်မည်။
Burmese MSBZ