Isaiah 2:19 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ကမ္ဘာမြေကြီးကိုတုန်လှုပ်ချောက်ချားစေရန် ကိုယ်တော်ကြွလာတော်မူသောအခါ၊ လူတို့ သည်ထာဝရဘုရား၏အမျက်တော်၊ ကိုယ် တော်၏တန်ခိုးတော်နှင့်ဘုန်းအသရေတော် အရှိန်အဝါမှကင်းလွတ်ကြစေရန် ကျောက် တောင်လှိုဏ်ဂူများတွင်သော်လည်းကောင်း၊ မြေ တွင်းတူး၍သော်လည်းကောင်းပုန်းအောင်း နေကြလိမ့်မည်။-
Burmese 1835 Version Judson
ထာဝရဘုရားသည် မြေကြီးကိုချောက် လှန့်အံ့ သောငှါ ထတော်မူသောအခါ၊ ထိုဘုရားကိုကြောက်ခြင်း အရှိန်၊ ဘုန်းတန်ခိုးအာနုဘော်တော်အရှိန်ကြောင့် လူတို့သည် ကျောက်တွင်း၊ မြေတွင်းထဲသို့ ဝင်ကြလိမ့်မည်။
Burmese 1928
မြေ ကြီး ကို လှုပ် ရှား ရန် ထ တော် မူ သော အ ခါ၊ ဘုန်း အာ နု ဘော် ကြီး၍ ကြောက် မက် ဖွယ် သော ထာ ဝ ရ ဘု ရား မျက် မှောက် တော် မှ၊ ကျောက် ဂူ၊ မြေ တွင်း များ သို့ လူ တို့ ခို ဝင် ကြ လိမ့် မည်။
Burmese 2021
ထာဝရဘုရားသည် မြေကြီးကို ခြောက်လှန့်အံ့သောငှာထတော်မူသောအခါ၊ ထိုဘုရားကို ကြောက်ခြင်းအရှိန်၊ ဘုန်းတန်ခိုး အာနုဘော်တော်အရှိန်ကြောင့် လူတို့သည် ကျောက်တွင်း၊ မြေတွင်းထဲသို့ ဝင်ကြလိမ့်မည်။
Burmese JBZV
ထာဝရဘုရားသည္ ေျမႀကီးကို ေျခာက္လွန္႔အံ့ေသာငွာထေတာ္မူေသာအခါ၊ ထိုဘုရားကို ေၾကာက္ျခင္းအရွိန္၊ ဘုန္းတန္ခိုး အာႏုေဘာ္ေတာ္အရွိန္ေၾကာင့္ လူတို႔သည္ ေက်ာက္တြင္း၊ ေျမတြင္းထဲသို႔ ဝင္ၾကလိမ့္မည္။
Burmese MCLZV
ကမၻာေျမႀကီးကိုတုန္လွုပ္ေခ်ာက္ခ်ားေစရန္ ကိုယ္ေတာ္ႂကြလာေတာ္မူေသာအခါ၊ လူတို႔ သည္ထာဝရဘုရား၏အမ်က္ေတာ္၊ ကိုယ္ ေတာ္၏တန္ခိုးေတာ္ႏွင့္ဘုန္းအသေရေတာ္ အရွိန္အဝါမွကင္းလြတ္ၾကေစရန္ ေက်ာက္ ေတာင္လွိုဏ္ဂူမ်ားတြင္ေသာ္လည္းေကာင္း၊ ေျမ တြင္းတူး၍ေသာ္လည္းေကာင္းပုန္းေအာင္း ေနၾကလိမ့္မည္။-
Burmese MSBU
ထာဝရဘုရားသည် ကမ္ဘာမြေကြီးကိုခြောက်လှန့်ရန် ထတော်မူသောအခါ ကိုယ်တော်၏ကြောက်မက်ဖွယ်အမှုနှင့် ဘုန်းတန်ခိုးအရှိန်အဝါရှေ့မှ ပုန်းရှောင်ရန် လူတို့သည် ကျောက်လိုဏ်ဂူများ၊ မြေတွင်းများထဲသို့ ပြေးဝင်ကြလိမ့်မည်။
Burmese MSBZ
ထာဝရဘုရားသည္ ကမာၻေျမႀကီးကိုေျခာက္လွန႔္ရန္ ထေတာ္မူေသာအခါ ကိုယ္ေတာ္၏ေၾကာက္မက္ဖြယ္အမႈႏွင့္ ဘုန္းတန္ခိုးအရွိန္အဝါေရွ႕မွ ပုန္းေရွာင္ရန္ လူတို႔သည္ ေက်ာက္လိုဏ္ဂူမ်ား၊ ေျမတြင္းမ်ားထဲသို႔ ေျပးဝင္ၾကလိမ့္မည္။