Isaiah 20:5 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ဆူဒန်ပြည်ကိုယုံကြည်ကိုးစားကာ အီဂျစ်ပြည် အကြောင်းကိုဝါကြွားပြောဆိုကြသူတို့သည် မျှော်လင့်ခြင်းပျက်ပြားလျက် အမြင်မှန်ရရှိ လာကြလိမ့်မည်။-
Burmese 1835 Version Judson
အာဇုတ်မြို့သားတို့သည် ကြောက်ကြလိမ့်မည်။ သူတို့ ကိုးစားသော ကုရှပြည်ကို၎င်း၊ ဝါကြွားသော အဲဂုတ္တုပြည်ကို၎င်း ရှက်ကြလိမ့်မည်။
Burmese 1928
ထို့ ကြောင့်၊ ဤ ပင် လယ် ကမ်း ခြေ တစ် လျှောက် နေ ထိုင် သော လူ မျိုး တို့ သည်၊ ခို လှုံ ရာ ကု ရှ ပြည် ကြောင့်လည်း ကောင်း၊ ဂုဏ် တင် ရာ အိ ဂျစ် ပြည် ကြောင့်လည်း ကောင်း၊ အ ရှက် ကွဲ ရ၍ ကြောက် လန့် လျက်၊ ကြည့် လော့။ အာ ရှု ရိ ဘု ရင် လက် မှ ကယ် လွှတ် ရန်၊ ငါ တို့ ပြေး ဝင် ခဲ့ သော ခို လှုံ ရာ များ ဤ သို့ ပါ တ ကား။ ငါ တို့ မှာ မူ မည် သို့ လွတ် မြောက် ကြ အံ့ နည်း ဟူ၍၊ ထို နေ့ ရက် ကာ လ ပြော ဆို ကြ ရ မည် ဟု မိန့် တော် မူ ၏။
Burmese 2021
အာဇုတ်မြို့သားတို့သည် ကြောက်ကြလိမ့်မည်။ သူတို့ကိုးစားသော ကုရှပြည်ကိုလည်းကောင်း၊ ဝါကြွားသော အဲဂုတ္တုပြည်ကိုလည်းကောင်း ရှက်ကြလိမ့်မည်။
Burmese JBZV
အာဇုတ္ၿမိဳ႕သားတို႔သည္ ေၾကာက္ၾကလိမ့္မည္။ သူတို႔ကိုးစားေသာ ကုရွျပည္ကိုလည္းေကာင္း၊ ဝါႂကြားေသာ အဲဂုတၱဳျပည္ကိုလည္းေကာင္း ရွက္ၾကလိမ့္မည္။
Burmese MCLZV
ဆူဒန္ျပည္ကိုယုံၾကည္ကိုးစားကာ အီဂ်စ္ျပည္ အေၾကာင္းကိုဝါႂကြားေျပာဆိုၾကသူတို႔သည္ ေမၽွာ္လင့္ျခင္းပ်က္ျပားလ်က္ အျမင္မွန္ရရွိ လာၾကလိမ့္မည္။-
Burmese MSBU
သူတို့အားထားသော အီသီယိုးပီးယားပြည်ကြောင့်၊ သူတို့ဂုဏ်ယူသော အီဂျစ်ပြည်ကြောင့် ကြောက်လန့်အရှက်ကွဲကြရလိမ့်မည်။
Burmese MSBZ
သူတို႔အားထားေသာ အီသီယိုးပီးယားျပည္ေၾကာင့္၊ သူတို႔ဂုဏ္ယူေသာ အီဂ်စ္ျပည္ေၾကာင့္ ေၾကာက္လန႔္အရွက္ကြဲၾကရလိမ့္မည္။