Isaiah 21:2 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ရက်စက်ကြမ်းကြုတ်မှုများ၊ သစ္စာဖောက်မှု နှင့်သုတ်သင်ဖျက်ဆီးမှုတို့ကိုဗျာဒိတ် ရူပါရုံတွင်ငါမြင်ရပြီ။ အို ဧလံတပ်မတော်သားတို့၊ တိုက်ခိုက်ကြ လော့။ အို မေဒိတပ်မတော်သားတို့၊ မြို့များ ကိုဝိုင်းရံထားကြလော့။ ဘုရားသခင်သည် ဗာဗုလုန်မြို့သားတို့ပေးသည့်ဆင်းရဲဒုက္ခ ကိုချုပ်ငြိမ်းစေတော်မူလိမ့်မည်။
Burmese 1835 Version Judson
ကြောက်မက်ဘွယ်သော ရူပါရုံကို ငါမြင်ရ၏။ လုယူတတ်သောသူသည် ဖျက်ဆီး၏။ ဧလံပြည်သားတို့၊ တက်သွားကြလော့။ မေဒိပြည်သားတို့၊ မြို့ကိုဝိုင်းထားကြ လော့။ ထိုမြို့ကြောင့်၊ သူတပါးညည်းတွားခြင်းရှိသမျှကို ငါငြိမ်းစေ၏။
Burmese 1928
ကြမ်း ကြုတ် သော ရူ ပါ ရုံ ကို ငါ မြင် ရ သည် မှာ၊ တ ရား ပျက် သူ တို့ သည် တ ရား ဖျက် လေ ပြီ။ ဖျက် ဆီး တတ် သူ တို့ သည် ဖျက် ဆီး လေ ပြီ။ ဧ လံ ပြည် သား တို့ ချီ တက် ကြ လော့။ မေ ဒိ ပြည် သား တို့ ဝိုင်း ရံ ကြ လော့။ ထို ပြည် ကြောင့် ညည်း တွား ခြင်း ရှိ သ မျှ ကို ငါ ငြိမ်း စေ မည်။
Burmese 2021
ကြောက်မက်ဖွယ်သော ရူပါရုံကိုငါမြင်ရ၏။ လုယူတတ်သောသူသည် လုယူ၏။ ဖျက်ဆီးတတ်သောသူသည် ဖျက်ဆီး၏။ ဧလံပြည်သားတို့၊ တက်သွားကြလော့။ မေဒိပြည်သားတို့၊ မြို့ကို ဝိုင်းထားကြလော့။ ထိုမြို့ကြောင့်၊ သူတစ်ပါး ညည်းတွားခြင်းရှိသမျှကို ငါငြိမ်းစေ၏။
Burmese JBZV
ေၾကာက္မက္ဖြယ္ေသာ ႐ူပါ႐ုံကိုငါျမင္ရ၏။ လုယူတတ္ေသာသူသည္ လုယူ၏။ ဖ်က္ဆီးတတ္ေသာသူသည္ ဖ်က္ဆီး၏။ ဧလံျပည္သားတို႔၊ တက္သြားၾကေလာ့။ ေမဒိျပည္သားတို႔၊ ၿမိဳ႕ကို ဝိုင္းထားၾကေလာ့။ ထိုၿမိဳ႕ေၾကာင့္၊ သူတစ္ပါး ညည္းတြားျခင္းရွိသမၽွကို ငါၿငိမ္းေစ၏။
Burmese MCLZV
ရက္စက္ၾကမ္းၾကဳတ္မွုမ်ား၊ သစၥာေဖာက္မွု ႏွင့္သုတ္သင္ဖ်က္ဆီးမွုတို႔ကိုဗ်ာဒိတ္ ႐ူပါ႐ုံတြင္ငါျမင္ရၿပီ။ အို ဧလံတပ္မေတာ္သားတို႔၊ တိုက္ခိုက္ၾက ေလာ့။ အို ေမဒိတပ္မေတာ္သားတို႔၊ ၿမိဳ႕မ်ား ကိုဝိုင္းရံထားၾကေလာ့။ ဘုရားသခင္သည္ ဗာဗုလုန္ၿမိဳ႕သားတို႔ေပးသည့္ဆင္းရဲဒုကၡ ကိုခ်ဳပ္ၿငိမ္းေစေတာ္မူလိမ့္မည္။
Burmese MSBU
“သစ္စာမဲ့သောသူသည် သစ္စာမဲ့လျက်နေ၏။ ဖျက်ဆီးသောသူသည်လည်း ဖျက်ဆီးလျက်နေ၏။ ဧလံပြည်သားတို့၊ တက်သွားကြလော့။ မေဒိပြည်သားတို့၊ ဝိုင်းထားကြလော့။ ညည်းတွားခြင်းရှိသမျှကို ငါအဆုံးသတ်စေမည်”ဟူသော ကြောက်မက်ဖွယ်နိမိတ်ကို ငါအားဖော်ပြတော်မူ၏။
Burmese MSBZ
ေၾကာက္မက္ဖြယ္နိမိတ္ကို ငါျမင္ရ၏။ သစၥာမဲ့ေသာသူသည္ သစၥာမဲ့လ်က္ေန၏။ ဖ်က္ဆီးေသာသူသည္လည္း ဖ်က္ဆီးလ်က္ေန၏။ ဧလံျပည္သားတို႔၊ တက္သြားၾကေလာ့။ ေမဒိျပည္သားတို႔၊ ဝိုင္းထားၾကေလာ့။ ညည္းတြားျခင္းရွိသမွ်ကို ငါအဆုံးသတ္ေစမည္။
Recommended Reading