Isaiah 24:13 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ကမ္ဘာ​တစ်​ဝှမ်း​လုံး​မှ​နိုင်​ငံ​ရှိ​သ​မျှ​တို့​တွင် ဤ​နည်း​အ​တိုင်း​ပင်​ဖြစ်​ပျက်​ရ​လိမ့်​မည်။ ဤ​သို့​ဖြစ်​ပျက်​ရာ​အ​ချိန်​သည်​သံ​လွင်​သီး များ​ကို​အ​ပင်​ရှိ​သ​မျှ​မှ​ရိုက်​ချ​လျက်၊ စ​ပျစ်​သီး​အ​ကြွင်း​အ​ကျန်​များ​ကို​လည်း စ​ပျစ်​နွယ်​များ​မှ​ဆွတ်​ခူး​ပြီး​သည့်​အ​ချိန်၊ သီး​နှံ​များ​ရိတ်​သိမ်း​မှု​ပြီး​ဆုံး​ရာ​ကာ​လ နှင့်​တူ​လိမ့်​မည်။
Burmese 1835 Version Judson
ထိုသို့ပြည်တော်အလယ်၊ ပြည်သားတို့တွင် ဖြစ်ရသော်လည်း သံလွင်ပင်ကို လှုပ်၍ အသီးကို ရသကဲ့သို့၎င်း၊ စပျစ်သီးကို သိမ်းယူသောနောက်၊ အကြွင်းအကျန် ကို ကောက်ရသကဲ့သို့၎င်း ဖြစ်လိမ့်မည်။
Burmese 1928
သံ လွင် ပင် မှ ခြွေ ပြီး အ သီး ကျန် ကဲ့ သို့လည်း‌ ကောင်း၊ စ ပျစ် ပင် မှ သိမ်း ပြီး အ သီး ကျန် ကဲ့ သို့လည်း‌ ကောင်း၊ မြေ အ ပြင် တွင် လူ အ မျိုး မျိုး၌ ဖြစ် လိမ့် သ တည်း။
Burmese 2021
ထို​သို့ ပြည်​တော်​အ​လယ်၊ ပြည်​သား​တို့​တွင် ဖြစ်​ရ​သော်​လည်း သံ​လွင်​ပင်​ကို​လှုပ်၍ အ​သီး​ကို ရ​သ​ကဲ့​သို့​လည်း​ကောင်း၊ စ​ပျစ်​သီး​ကို သိမ်း​ယူ​သော​နောက်၊ အ​ကြွင်း​အ​ကျန်​ကို ကောက်​ရ​သ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။
Burmese JBZV
ထို​သို႔ ျပည္​ေတာ္​အ​လယ္၊ ျပည္​သား​တို႔​တြင္ ျဖစ္​ရ​ေသာ္​လည္း သံ​လြင္​ပင္​ကို​လွုပ္၍ အ​သီး​ကို ရ​သ​ကဲ့​သို႔​လည္း​ေကာင္း၊ စ​ပ်စ္​သီး​ကို သိမ္း​ယူ​ေသာ​ေနာက္၊ အ​ႂကြင္း​အ​က်န္​ကို ေကာက္​ရ​သ​ကဲ့​သို႔​လည္း​ေကာင္း ျဖစ္​လိမ့္​မည္။
Burmese MCLZV
ကမၻာ​တစ္​ဝွမ္း​လုံး​မွ​နိုင္​ငံ​ရွိ​သ​မၽွ​တို႔​တြင္ ဤ​နည္း​အ​တိုင္း​ပင္​ျဖစ္​ပ်က္​ရ​လိမ့္​မည္။ ဤ​သို႔​ျဖစ္​ပ်က္​ရာ​အ​ခ်ိန္​သည္​သံ​လြင္​သီး မ်ား​ကို​အ​ပင္​ရွိ​သ​မၽွ​မွ​ရိုက္​ခ်​လ်က္၊ စ​ပ်စ္​သီး​အ​ႂကြင္း​အ​က်န္​မ်ား​ကို​လည္း စ​ပ်စ္​ႏြယ္​မ်ား​မွ​ဆြတ္​ခူး​ၿပီး​သည့္​အ​ခ်ိန္၊ သီး​ႏွံ​မ်ား​ရိတ္​သိမ္း​မွု​ၿပီး​ဆုံး​ရာ​ကာ​လ ႏွင့္​တူ​လိမ့္​မည္။
Burmese MSBU
သံလွင်သီး​ကို​ရိုက်ခြွေ​ပြီးနောက် ကောက်သင်းကောက်​သကဲ့သို့​လည်းကောင်း​၊ စပျစ်သီး​ဆွတ်ခူး​ပြီးနောက် ကောက်သင်းကောက်​သကဲ့သို့​လည်းကောင်း ကမ္ဘာမြေကြီး​အလယ်​ရှိ တိုင်းနိုင်ငံ​တို့​တွင် ထိုသို့ ဧကန်အမှန်​ဖြစ်​လိမ့်မည်​။
Burmese MSBZ
သံလြင္သီး​ကို​႐ိုက္ေႁခြ​ၿပီးေနာက္ ေကာက္သင္းေကာက္​သကဲ့သို႔​လည္းေကာင္း​၊ စပ်စ္သီး​ဆြတ္ခူး​ၿပီးေနာက္ ေကာက္သင္းေကာက္​သကဲ့သို႔​လည္းေကာင္း ကမာၻေျမႀကီး​အလယ္​ရွိ တိုင္းႏိုင္ငံ​တို႔​တြင္ ထိုသို႔ ဧကန္အမွန္​ျဖစ္​လိမ့္မည္​။