Isaiah 25:5 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ခြောက်သွေ့ရာဒေသတွင်မိုးခေါင်မှုနှင့် လည်းကောင်း၊ တူပါ၏။ သို့ရာတွင် အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့ရန်သူများ၏အသံကို တိတ်စေတော်မူပါပြီ။ မိုးတိမ်သည်ပူအိုက်သည့်နေကိုအေးမြလာစေ သကဲ့သို့၊ ကိုယ်တော်ရှင်သည်ရက်စက်ကြမ်းကြုတ်သူတို့၏ အော်ဟစ်သံကိုတိတ်စေတော်မူပါ၏။
Burmese 1835 Version Judson
သွေ့ခြောက်သော အရပ်၌ နေအရှိန်ကိုကဲ့သို့၊တ ကျွန်းတနိုင်ငံတို့၏ အသံဗလံကို ငြိမ်းစေတော်မူလိမ့်မည်။ ထူထပ်သော မိုဃ်းတိမ်အားဖြင့် နေအရှိန် ပျောက်သကဲ့ သို့၊ ကြောက်မက်ဘွယ်သောသူတို့၏ သီချင်းသံပျောက် ရပါလိမ့်မည်။
Burmese 1928
သွေ့ ခြောက် သော အ ရပ်၌ နေ ရှိန် ကို ဧ စေ သ ကဲ့ သို့၊ လူ မျိုး ခြား တို့ ကြိမ်း ဝါး သံ ကိုလည်း ကောင်း၊ မိုး တိမ် အား ဖြင့် နေ ရှိန် ကို ပေါ့ သ ကဲ့ သို့၊ ကြမ်း ကြုတ် သူ တို့ အောင် သံ ကိုလည်း ကောင်း၊ ပြတ် စဲ စေ တော် မူ၏။
Burmese 2021
သွေ့ခြောက်သော အရပ်၌ နေအရှိန်ကိုကဲ့သို့၊ တစ်ကျွန်းတစ်နိုင်ငံတို့၏ အသံဗလံကို ငြိမ်းစေတော်မူလိမ့်မည်။ ထူထပ်သော မိုးတိမ်အားဖြင့် နေအရှိန်ပျောက်သကဲ့သို့၊ ကြောက်မက်ဖွယ်သောသူတို့၏သီချင်းသံ ပျောက်ရပါလိမ့်မည်။
Burmese JBZV
ေသြ႕ေျခာက္ေသာ အရပ္၌ ေနအရွိန္ကိုကဲ့သို႔၊ တစ္ကၽြန္းတစ္နိုင္ငံတို႔၏ အသံဗလံကို ၿငိမ္းေစေတာ္မူလိမ့္မည္။ ထူထပ္ေသာ မိုးတိမ္အားျဖင့္ ေနအရွိန္ေပ်ာက္သကဲ့သို႔၊ ေၾကာက္မက္ဖြယ္ေသာသူတို႔၏သီခ်င္းသံ ေပ်ာက္ရပါလိမ့္မည္။
Burmese MCLZV
ေျခာက္ေသြ႕ရာေဒသတြင္မိုးေခါင္မွုႏွင့္ လည္းေကာင္း၊ တူပါ၏။ သို႔ရာတြင္ အို ထာဝရဘုရား၊ကိုယ္ေတာ္ရွင္သည္ ကၽြန္ေတာ္မ်ိဳးတို႔ရန္သူမ်ား၏အသံကို တိတ္ေစေတာ္မူပါၿပီ။ မိုးတိမ္သည္ပူအိုက္သည့္ေနကိုေအးျမလာေစ သကဲ့သို႔၊ ကိုယ္ေတာ္ရွင္သည္ရက္စက္ၾကမ္းၾကဳတ္သူတို႔၏ ေအာ္ဟစ္သံကိုတိတ္ေစေတာ္မူပါ၏။
Burmese MSBU
ခြောက်သွေ့သောအရပ်မှ အပူရှိန်ကဲ့သို့ ဖြစ်၏။ ကိုယ်တော်သည် တစ်ပါးအမျိုးသားတို့၏ဆူညံသံကို တိတ်ဆိတ်စေတော်မူ၏။ တိမ်တိုက်၏အရိပ်အားဖြင့် အပူရှိန်လျော့ကျသွားသကဲ့သို့ ကြမ်းကြုတ်သောသူတို့၏သီချင်းသံသည် တိတ်ဆိတ်သွား၏။
Burmese MSBZ
ေျခာက္ေသြ႕ေသာအရပ္မွ အပူရွိန္ကဲ့သို႔ ျဖစ္၏။ ကိုယ္ေတာ္သည္ တစ္ပါးအမ်ိဳးသားတို႔၏ဆူညံသံကို တိတ္ဆိတ္ေစေတာ္မူ၏။ တိမ္တိုက္၏အရိပ္အားျဖင့္ အပူရွိန္ေလ်ာ့က်သြားသကဲ့သို႔ ၾကမ္းၾကဳတ္ေသာသူတို႔၏သီခ်င္းသံသည္ တိတ္ဆိတ္သြား၏။