Isaiah 26:9 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ညဥ့်​အ​ခါ​၌​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​တသ​ပါ​၏။ ကမ္ဘာ​မြေ​ကြီး​နှင့်​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား ကိုယ်​တော်​ရှင်​တ​ရား​စီ​ရင်​တော်​မူ​သော​အ​ခါ၊ တ​ရား​မျှ​တ​မှု​ဆို​သည်​မှာ​အ​ဘယ်​အ​ရာ ဖြစ်​သည်​ကို သူ​တို့​သိ​ရှိ​ကြ​ပါ​လိမ့်​မည်။
Burmese 1835 Version Judson
ညဉ့်အခါ အကျွန်ုပ်သည် စိတ်နှလုံးနှင့် ကိုယ် တော်ကို တောင့်တပါ၏။ နံနက်အခါ အကျွန်ုပ်သည် အတွင်းဝိညာဉ်အားဖြင့် ကိုယ်တော်ကိုရှာပါ၏။ မြေပေါ် မှာ အမှုကို စစ်ကြော စီရင်တော်မူသောအခါ၊ လောကီ သားတို့သည် တရားကိုသင်ကြ၏။
Burmese 1928
ညဉ့် အ ခါ၊ အ ကျွန်ုပ် သည်၊ ကိုယ် တော် ကို စိတ် က တ သ လေ ပြီ။ မြေ ပေါ် တွင် စီ ရင် ချက် များ ထင် ရှား သော အခါ၊ လော က သား တို့ သည် ဖြောင့် မတ် ခြင်း တ ရား ကို သင် ရ ကြ သော ကြောင့်၊ အ တွင်း စိတ် ဇော နှင့် ရှာ ဖွေ လိမ့် မည်။
Burmese 2021
ည​အ​ခါ အ​ကျွန်ုပ်​သည် စိတ်​နှ​လုံး​နှင့် ကိုယ်​တော်​ကို တောင့်​တ​ပါ၏။ နံ​နက်​အ​ခါ အ​ကျွန်ုပ်​သည် အ​တွင်း​ဝိ​ညာဉ်​အား​ဖြင့် ကိုယ်​တော်​ကို​ရှာ​ပါ၏။ မြေ​ပေါ်​မှာ အ​မှု​ကို​စစ်​ကြော​စီ​ရင်​တော်​မူ​သော​အ​ခါ၊ လော​ကီ​သား​တို့​သည် တ​ရား​ကို​သင်​ကြ၏။
Burmese JBZV
ည​အ​ခါ အ​ကၽြန္ုပ္​သည္ စိတ္​ႏွ​လုံး​ႏွင့္ ကိုယ္​ေတာ္​ကို ေတာင့္​တ​ပါ၏။ နံ​နက္​အ​ခါ အ​ကၽြန္ုပ္​သည္ အ​တြင္း​ဝိ​ညာဥ္​အား​ျဖင့္ ကိုယ္​ေတာ္​ကို​ရွာ​ပါ၏။ ေျမ​ေပၚ​မွာ အ​မွု​ကို​စစ္​ေၾကာ​စီ​ရင္​ေတာ္​မူ​ေသာ​အ​ခါ၊ ေလာ​ကီ​သား​တို႔​သည္ တ​ရား​ကို​သင္​ၾက၏။
Burmese MCLZV
ညဥ့္​အ​ခါ​၌​ကၽြန္​ေတာ္​မ်ိဳး​သည္​ကိုယ္​ေတာ္​ရွင္​အား စိတ္​ႏွ​လုံး​အ​ႂကြင္း​မဲ့​တသ​ပါ​၏။ ကမၻာ​ေျမ​ႀကီး​ႏွင့္​ကမၻာ​သူ​ကမၻာ​သား​တို႔​အား ကိုယ္​ေတာ္​ရွင္​တ​ရား​စီ​ရင္​ေတာ္​မူ​ေသာ​အ​ခါ၊ တ​ရား​မၽွ​တ​မွု​ဆို​သည္​မွာ​အ​ဘယ္​အ​ရာ ျဖစ္​သည္​ကို သူ​တို႔​သိ​ရွိ​ၾက​ပါ​လိမ့္​မည္။
Burmese MSBU
အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ညအချိန်​၌ ကိုယ်တော်​ကို တောင့်တ​ပါ​၏​။ အကျွန်ုပ်​အထဲ​ရှိ ဝိညာဉ်​သည်​လည်း ကိုယ်တော့်​ကို ကြိုးစားရှာ​ပါ​၏​။ ကမ္ဘာမြေကြီး​ကို ကိုယ်တော်​တရားစီရင်​တော်မူ​သောအခါ လောကသား​တို့​သည် ဖြောင့်မတ်​ခြင်း​တရား​ကို သင်ယူ​ကြ​ပါ​၏​။
Burmese MSBZ
အကြၽႏ္ုပ္​၏​စိတ္ဝိညာဥ္​သည္ ညအခ်ိန္​၌ ကိုယ္ေတာ္​ကို ေတာင့္တ​ပါ​၏​။ အကြၽႏ္ုပ္​အထဲ​ရွိ ဝိညာဥ္​သည္​လည္း ကိုယ္ေတာ့္​ကို ႀကိဳးစားရွာ​ပါ​၏​။ ကမာၻေျမႀကီး​ကို ကိုယ္ေတာ္​တရားစီရင္​ေတာ္မူ​ေသာအခါ ေလာကသား​တို႔​သည္ ေျဖာင့္မတ္​ျခင္း​တရား​ကို သင္ယူ​ၾက​ပါ​၏​။