Isaiah 28:16 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ယခုအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်တော်မူသည်ကား``ငါသည်ဇိအုန်တောင် တွင်တည်တံ့ခိုင်မြဲသည့်အုတ်မြစ်ကိုချ တော်မူမည်။ ငါသည်`ခိုင်မြဲစွာယုံကြည်မျှော် လင့်တတ်သူသည် သည်းခံလျက်စောင့်ဆိုင်း တတ်၏' ဟူသောကမ္ပည်းစာတမ်းပါရှိသည့် အဖိုးတန်ထောင့်ချုပ်ကျောက်ကိုလည်းထို အုတ်မြစ်တွင်ထည့်သွင်းထားရှိမည်။-
Burmese 1835 Version Judson
အရှင်ထာဝရဘုရားက၊ စုံစမ်းသော အမြစ် ကျောက်တည်းဟူသော၊ မလှုပ်နိုင်အောင် မြဲမြံသော တိုက်ထောင့်အမြစ်ကျောက်မြတ်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား၏။ ထိုကျောက်ကို အမှီပြုသောသူသည် ပြေးရ သောအကြောင်းမရှိ။
Burmese 1928
အ ရှင် ထာ ဝ ရ ဘု ရား သ ခင် က၊ ကြည့် လော့၊ စမ်း သပ် ဖူး သော ကျောက်၊ မြဲ မြံ စွာ ချ ထား အပ် သော ထောင့် ကျောက် မြတ် ကို၊ ဇိ အုန် မြို့၌ ငါ ချ ထား ၏။ ယုံ ကြည် ကိုး စား သူ တို့ သည် အ လန့် တ ကြား မ ရှိ ရာ။
Burmese 2021
အရှင်ထာဝရဘုရားက၊ စုံစမ်းသောအမြစ်ကျောက်တည်းဟူသော၊ မလှုပ်နိုင်အောင် မြဲမြံသော တိုက်ထောင့်အမြစ် ကျောက်မြတ်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား၏။ ထိုကျောက်ကို အမှီပြုသောသူသည် ပြေးရသောအကြောင်း မရှိ။
Burmese JBZV
အရွင္ထာဝရဘုရားက၊ စုံစမ္းေသာအျမစ္ေက်ာက္တည္းဟူေသာ၊ မလွုပ္နိုင္ေအာင္ ျမဲၿမံေသာ တိုက္ေထာင့္အျမစ္ ေက်ာက္ျမတ္ကို ဇိအုန္ေတာင္ေပၚမွာ ငါခ်ထား၏။ ထိုေက်ာက္ကို အမွီျပဳေသာသူသည္ ေျပးရေသာအေၾကာင္း မရွိ။
Burmese MCLZV
ယခုအနႏၲတန္ခိုးရွင္ထာဝရဘုရား မိန႔္ေတာ္မူသည္ကား``ငါသည္ဇိအုန္ေတာင္ တြင္တည္တံ့ခိုင္ျမဲသည့္အုတ္ျမစ္ကိုခ် ေတာ္မူမည္။ ငါသည္`ခိုင္ျမဲစြာယုံၾကည္ေမၽွာ္ လင့္တတ္သူသည္ သည္းခံလ်က္ေစာင့္ဆိုင္း တတ္၏' ဟူေသာကမၸည္းစာတမ္းပါရွိသည့္ အဖိုးတန္ေထာင့္ခ်ဳပ္ေက်ာက္ကိုလည္းထို အုတ္ျမစ္တြင္ထည့္သြင္းထားရွိမည္။-
Burmese MSBU
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ အစစ်ခံပြီးသောကျောက်၊ တည်ထားသောအုတ်မြစ်အတွက် အဖိုးတန်သောထောင့်ချုပ်ကျောက်ကို ဇိအုန်တောင်ပေါ်တွင် ငါချထား၏။ ထိုကျောက်ကို ယုံကြည်သောသူသည် စိုးရိမ်တုန်လှုပ်မည်မဟုတ်။
Burmese MSBZ
ထို႔ေၾကာင့္ ဘုရားရွင္ထာဝရဘုရားက “ၾကည့္ရႈေလာ့။ အစစ္ခံၿပီးေသာေက်ာက္၊ တည္ထားေသာအုတ္ျမစ္အတြက္ အဖိုးတန္ေသာေထာင့္ခ်ဳပ္ေက်ာက္ကို ဇိအုန္ေတာင္ေပၚတြင္ ငါခ်ထား၏။ ထိုေက်ာက္ကို ယုံၾကည္ေသာသူသည္ စိုးရိမ္တုန္လႈပ္မည္မဟုတ္။