Isaiah 30:17 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ရန်သူတစ်ယောက်ကိုမြင်လျှင်သင်တို့ဘက် မှလူတစ်ထောင်ထွက်ပြေးကြလိမ့်မည်။ ရန် သူငါးယောက်ဆိုလျှင် သင်တို့အားလုံးပင် ထွက်ပြေးကြလိမ့်မည်။ တောင်ထိပ်တွင်အထီး တည်းစိုက်ထူထားသည့်အလံတိုင်မှတစ်ပါး သင်တို့၏တပ်မတော်မှအဘယ်အရာမျှ ကျန်ရှိခဲ့လိမ့်မည်မဟုတ်။-
Burmese 1835 Version Judson
သင်တို့သည် တောင်ထိပ်ပေါ်မှာ စိုက်သောမုတ် တိုင်ကဲ့သို့၎င်း၊ ကုန်းပေါ်မှာထူသော အလံကဲ့သို့၎င်း ဖြစ် ရသည်တိုင်အောင်၊ တယောက်သော သူသည် ခြိမ်းလျှင်၊ တထောင်သောသူတို့သည် ပြေးကြလိမ့်မည်။ ငါးယောက် ခြိမ်းလျှင်၊ တသောင်းပြေးကြလိမ့်မည်။
Burmese 1928
ရန် သူ တစ် ယောက် သော် လည်း ကောင်း၊ ငါး ယောက် သော် လည်း ကောင်း၊ ကြိမ်း မောင်း သော်၊ ပြေး အံ့ သော သင် တို့ ထောင် တပ် အ နက်၊ တောင် ထိပ် မှာ အ လံ တစ် တိုင်၊ ကုန်း ပေါ် မှာ အ လံ တစ် လံ မျှ သာ ကြွင်း ကျန် လိမ့် မည်။
Burmese 2021
သင်တို့သည် တောင်ထိပ်ပေါ်မှာ စိုက်သော မှတ်တိုင်ကဲ့သို့လည်းကောင်း၊ ကုန်းပေါ်မှာထူသော အလံကဲ့သို့လည်းကောင်း ဖြစ်ရသည်တိုင်အောင်၊ တစ်ယောက်သောသူသည် ခြိမ်းလျှင်၊ တစ်ထောင်သောသူတို့သည် ပြေးကြလိမ့်မည်။ ငါးယောက် ခြိမ်းလျှင်၊ တစ်သောင်းပြေးကြလိမ့်မည်။
Burmese JBZV
သင္တို႔သည္ ေတာင္ထိပ္ေပၚမွာ စိုက္ေသာ မွတ္တိုင္ကဲ့သို႔လည္းေကာင္း၊ ကုန္းေပၚမွာထူေသာ အလံကဲ့သို႔လည္းေကာင္း ျဖစ္ရသည္တိုင္ေအာင္၊ တစ္ေယာက္ေသာသူသည္ ၿခိမ္းလၽွင္၊ တစ္ေထာင္ေသာသူတို႔သည္ ေျပးၾကလိမ့္မည္။ ငါးေယာက္ ၿခိမ္းလၽွင္၊ တစ္ေသာင္းေျပးၾကလိမ့္မည္။
Burmese MCLZV
ရန္သူတစ္ေယာက္ကိုျမင္လၽွင္သင္တို႔ဘက္ မွလူတစ္ေထာင္ထြက္ေျပးၾကလိမ့္မည္။ ရန္ သူငါးေယာက္ဆိုလၽွင္ သင္တို႔အားလုံးပင္ ထြက္ေျပးၾကလိမ့္မည္။ ေတာင္ထိပ္တြင္အထီး တည္းစိုက္ထူထားသည့္အလံတိုင္မွတစ္ပါး သင္တို႔၏တပ္မေတာ္မွအဘယ္အရာမၽွ က်န္ရွိခဲ့လိမ့္မည္မဟုတ္။-
Burmese MSBU
ခြိမ်းခြောက်သူတစ်ယောက်၏ရှေ့တွင် လူတစ်ထောင်ပြေးရလိမ့်မည်။ တောင်ထိပ်ပေါ်မှအလံတိုင်ကဲ့သို့၊ တောင်ကုန်းပေါ်မှ အချက်ပြအလံကဲ့သို့ ကျန်ရစ်ရသည့်တိုင်အောင် ခြိမ်းခြောက်သူငါးယောက်ရှေ့တွင် သင်တို့ထွက်ပြေးရလိမ့်မည်။
Burmese MSBZ
ၿခိမ္းေျခာက္သူတစ္ေယာက္၏ေရွ႕တြင္ လူတစ္ေထာင္ေျပးရလိမ့္မည္။ ေတာင္ထိပ္ေပၚမွအလံတိုင္ကဲ့သို႔၊ ေတာင္ကုန္းေပၚမွ အခ်က္ျပအလံကဲ့သို႔ က်န္ရစ္ရသည့္တိုင္ေအာင္ ၿခိမ္းေျခာက္သူငါးေယာက္ေရွ႕တြင္ သင္တို႔ထြက္ေျပးရလိမ့္မည္။