Isaiah 30:18 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သို့ရာတွင်ထာဝရဘုရားသည်သင်တို့အား ကျေးဇူးပြုတော်မူရန် စောင့်ဆိုင်း၍နေတော်မူ ပါ၏။ ကိုယ်တော်သည်တရားမျှတမှုကို အစဉ်ပြုတော်မူတတ်သည်ဖြစ်၍ သင်တို့ အားကရုဏာပြတော်မူရန်အသင့်ရှိ တော်မူပါ၏။ ထာဝရဘုရားကိုယုံကြည် ကိုးစားကြသူတို့သည်မင်္ဂလာရှိကြ၏။
Burmese 1835 Version Judson
သို့သော်လည်း၊ ထာဝရဘုရားသည် သင်တို့၌ ကျေးဇူးပြုလိုသောငှါ မြော်လင့်တော်မူမည်။ ကရုဏာပြု လိုသောငှါ ချီးမြှောက်ခြင်းကို ခံတော်မူမည်။ အကြောင်း မူကား၊ ထာဝရဘုရားသည် တရားသော ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်ကို မြော်လင့်သောသူအပေါင်း တို့သည် မင်္ဂလာရှိကြ၏။
Burmese 1928
သို့ ရာ တွင်၊ ထာ ဝ ရ ဘု ရား သည် သင် တို့ ကို သ နား ခွင့် ရ စေ ရန် ဆိုင်း လင့် တော် မူ လိမ့် မည်။ က ရု ဏာ သက် ခွင့် ရ စေ ရန် မြင့် မြတ် ရာ တွင် စံ တော် မူ ဦး မည်။ ထာ ဝ ရ ဘု ရား သည် တ ရား ရှင် ဘု ရား ဖြစ် တော် မူ သည့် အ လျောက်၊ ကိုယ် တော် ကို စောင့် စား သူ အ ပေါင်း တို့၌ မင်္ဂ လာ ရှိ ကြ ၏။
Burmese 2021
သို့သော်လည်း၊ ထာဝရဘုရားသည် သင်တို့၌ ကျေးဇူးပြုလိုသောငှာ မျှော်လင့်တော်မူမည်။ ကရုဏာပြုလိုသောငှာ ချီးမြှောက်ခြင်းကို ခံတော်မူမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် တရားသောဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်ကို မျှော်လင့်သောသူ အပေါင်းတို့သည် မင်္ဂလာရှိကြ၏။
Burmese JBZV
သို႔ေသာ္လည္း၊ ထာဝရဘုရားသည္ သင္တို႔၌ ေက်းဇူးျပဳလိုေသာငွာ ေမၽွာ္လင့္ေတာ္မူမည္။ က႐ုဏာျပဳလိုေသာငွာ ခ်ီးေျမႇာက္ျခင္းကို ခံေတာ္မူမည္။ အေၾကာင္းမူကား၊ ထာဝရဘုရားသည္ တရားေသာဘုရားသခင္ ျဖစ္ေတာ္မူ၏။ ကိုယ္ေတာ္ကို ေမၽွာ္လင့္ေသာသူ အေပါင္းတို႔သည္ မဂၤလာရွိၾက၏။
Burmese MCLZV
သို႔ရာတြင္ထာဝရဘုရားသည္သင္တို႔အား ေက်းဇူးျပဳေတာ္မူရန္ ေစာင့္ဆိုင္း၍ေနေတာ္မူ ပါ၏။ ကိုယ္ေတာ္သည္တရားမၽွတမွုကို အစဥ္ျပဳေတာ္မူတတ္သည္ျဖစ္၍ သင္တို႔ အားက႐ုဏာျပေတာ္မူရန္အသင့္ရွိ ေတာ္မူပါ၏။ ထာဝရဘုရားကိုယုံၾကည္ ကိုးစားၾကသူတို႔သည္မဂၤလာရွိၾက၏။
Burmese MSBU
ထို့ကြောင့် ထာဝရဘုရားသည် သင်တို့ကို ကျေးဇူးပြုတော်မူရန် စောင့်မျှော်နေ၏။ သင်တို့ကို ကရုဏာပြတော်မူရန် ထတော်မူ၏။ အကြောင်းမူကား ထာဝရဘုရားသည် တရားမျှတသောဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်ကို စောင့်မျှော်သောသူအပေါင်းတို့သည် မင်္ဂလာရှိ၏။
Burmese MSBZ
ထို႔ေၾကာင့္ ထာဝရဘုရားသည္ သင္တို႔ကို ေက်းဇူးျပဳေတာ္မူရန္ ေစာင့္ေမွ်ာ္ေန၏။ သင္တို႔ကို က႐ုဏာျပေတာ္မူရန္ ထေတာ္မူ၏။ အေၾကာင္းမူကား ထာဝရဘုရားသည္ တရားမွ်တေသာဘုရားသခင္ ျဖစ္ေတာ္မူ၏။ ကိုယ္ေတာ္ကို ေစာင့္ေမွ်ာ္ေသာသူအေပါင္းတို႔သည္ မဂၤလာရွိ၏။