Isaiah 30:23 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သင်တို့သီးနှံများကိုစိုက်ပျိုးကြသည့် အခါတိုင်းအပင်ပေါက်စေရန်ထာဝရ ဘုရားသည်မိုးကိုရွာသွန်းစေတော်မူ လိမ့်မည်။ သင်တို့ရိတ်သိမ်းရန်အသီးအနှံ များကိုလှိုင်လှိုင်ထွက်စေ၍ ကျွဲနွားများ သည်လည်းစားကျက်အလုံအလောက်ရရှိ ကြလိမ့်မည်။-
Burmese 1835 Version Judson
သင်သည် လယ်၌ကြဲသောမျိုးစေ့ဘို့ မိုဃ်းကို ရွာစေတော်မူလိမ့်မည်။ မြေအသီးအနှံမှ ဖြစ်သော မုန့်ကို အလွန်ကြွယ်ဝစွာ ပေးသနားတော်မူလိမ့်မည်။ ထိုအခါ သင်၏သိုးနွားတို့သည် ကျယ်သောအရပ်၌ ကျက်စားရကြ လိမ့်မည်။
Burmese 1928
လယ် တွင် မျိုး ကြဲ ရ စေ ရန် မိုး ရေ ကို လည်း ကောင်း၊ လယ် ထွက် အ နှစ် သာ ရ ပြည့် သော စ ပါး ကို လည်း ကောင်း၊ သ နား တော် မူ သည့် ကာ လ၊ ကျယ် ဝန်း သော စား ကျက် တွင်၊ သိုး နွား များ ကျက် စား ရ ကြ လျက်၊
Burmese 2021
သင်သည် လယ်၌ကြဲသောမျိုးစေ့ဖို့ မိုးကို ရွာစေတော်မူလိမ့်မည်။ မြေအသီးအနှံမှဖြစ်သော မုန့်ကို အလွန်ကြွယ်ဝစွာ ပေးသနားတော်မူလိမ့်မည်။ ထိုအခါ သင်၏သိုးနွားတို့သည် ကျယ်သောအရပ်၌ ကျက်စားရကြလိမ့်မည်။
Burmese JBZV
သင္သည္ လယ္၌ၾကဲေသာမ်ိဳးေစ့ဖို႔ မိုးကို ရြာေစေတာ္မူလိမ့္မည္။ ေျမအသီးအႏွံမွျဖစ္ေသာ မုန္႔ကို အလြန္ႂကြယ္ဝစြာ ေပးသနားေတာ္မူလိမ့္မည္။ ထိုအခါ သင္၏သိုးႏြားတို႔သည္ က်ယ္ေသာအရပ္၌ က်က္စားရၾကလိမ့္မည္။
Burmese MCLZV
သင္တို႔သီးႏွံမ်ားကိုစိုက္ပ်ိဳးၾကသည့္ အခါတိုင္းအပင္ေပါက္ေစရန္ထာဝရ ဘုရားသည္မိုးကိုရြာသြန္းေစေတာ္မူ လိမ့္မည္။ သင္တို႔ရိတ္သိမ္းရန္အသီးအႏွံ မ်ားကိုလွိုင္လွိုင္ထြက္ေစ၍ ကၽြဲႏြားမ်ား သည္လည္းစားက်က္အလုံအေလာက္ရရွိ ၾကလိမ့္မည္။-
Burmese MSBU
ကိုယ်တော်သည် မြေ၌သင်ကြဲသောမျိုးစေ့အတွက် မိုးကိုရွာစေတော်မူသဖြင့် မြေမှထွက်သောအစားအစာသည် ပေါများကြွယ်ဝမည်။ ထိုနေ့ရက်တွင် သင်၏တိရစ္ဆာန်တို့သည် ကျယ်ပြန့်သောမြက်ခင်းပြင်၌ ကျက်စားကြမည်။
Burmese MSBZ
ကိုယ္ေတာ္သည္ ေျမ၌သင္ႀကဲေသာမ်ိဳးေစ့အတြက္ မိုးကို႐ြာေစေတာ္မူသျဖင့္ ေျမမွထြက္ေသာအစားအစာသည္ ေပါမ်ားႂကြယ္ဝမည္။ ထိုေန႔ရက္တြင္ သင္၏တိရစာၦန္တို႔သည္ က်ယ္ျပန႔္ေသာျမက္ခင္းျပင္၌ က်က္စားၾကမည္။