Isaiah 31:4 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထာ​ဝ​ရ​ဘု​ရား​က``သိုး​ထိန်း​တို့​သည်​အ​ဘယ် မျှ​ပင်​ငေါက်​ငန်း​အော်​ဟစ်​ကြ​သော်​လည်း သား ကောင်​ကို​ကိုက်​သတ်​ထား​သည့်​ခြင်္သေ့​ကို​ချောက် လှန့်​၍​မ​ရ​နိုင်​သ​ကဲ့​သို့၊ ဇိ​အုန်​တောင်​ကို​ကာ ကွယ်​စောင့်​ရှောက်​နေ​သည့် အ​နန္တ​တန်​ခိုး​ရှင်​ငါ ထာ​ဝ​ရ​ဘု​ရား​အား​လည်း​အ​ဘယ်​အ​ရာ က​မျှ​ဟန့်​တား​ပိတ်​ပင်​နိုင်​လိမ့်​မည်​မ​ဟုတ်။-
Burmese 1835 Version Judson
ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည် ကား၊ ခြင်္သေ့နှင့် ခြင်္သေ့သငယ်သည် လုယူရာ အကောင် ပေါ်မှာနေသောအခါ၊ သိုးထိန်းအလုံးအရင်း၏ ဆီးတား အော်ဟစ်ခြင်းကို မကြောက်၊ သူတို့ပြုသောအသံဗလံအား ဖြင့် အရှုံးမခံသကဲ့သို့၊ ထိုနည်းတူ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် မိမိတောင်တည်းဟူသော ဇိ အုန်တောင်တော်ဘက်မှာ စစ်တိုက်ခြင်းငှါ ဆင်းသက် တော်မူလိမ့်မည်။
Burmese 1928
ငါ့ အား ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊ ခြင်္သေ့ အို နှင့် ခြင်္သေ့ ပျို တို့ သည်၊ သား ကောင့် အ ပေါ် တွင် ဟိန်း သော အ ခါ၊ ခေါ် ရာ ပါ၍ စု ရုံး သော အ ထိန်း အ ကျောင်း တို့ ခြိမ်း ချောက် သံ ကို မ ကြောက် မ ရွံ့၊ မာန် မ လျော့ ဘဲ နေ သည့် နည်း တူ၊ ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား သည်၊ ဇိ အုန် တောင် တော် ပေါ် သို့ စစ် တိုက် ရန် ဆင်း သက် တော် မူ လိမ့် မည်။
Burmese 2021
ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား မိန့်​တော်​မူ​သည်​ကား၊ ခြင်္သေ့​နှင့် ခြင်္သေ့​သ​ငယ်​သည် လု​ယူ​ရာ အ​ကောင်​ပေါ်​မှာ နေ​သော​အ​ခါ၊ သိုး​ထိန်း​အ​လုံး​အ​ရင်း၏ ဆီး​တား​အော်​ဟစ်​ခြင်း​ကို မ​ကြောက်၊ သူ​တို့​ပြု​သော အ​သံ​ဗ​လံ​အား​ဖြင့် အ​ရှုံး​မ​ခံ​သ​ကဲ့​သို့၊ ထို​နည်း​တူ၊ ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​တောင်​တော်​တည်း​ဟူ​သော ဇိ​အုန်​တောင်​တော်​ဘက်​မှာ စစ်​တိုက်​ခြင်း​ငှာ ဆင်း​သက်​တော်​မူ​လိမ့်​မည်။
Burmese JBZV
Burmese MCLZV
Burmese MSBU
ထာဝရဘုရား​က “​ခြင်္သေ့ကြီး​နှင့် ခြင်္သေ့ပျို​က သားကောင်​ကို မာန်ဖီ​သောအခါ သိုးထိန်း​အပေါင်း​တို့​ကို​ခေါ်​၍ ခြောက်လှန့်​စေ​သော်လည်း သိုးထိန်း​တို့​၏​အသံ​ကို​မ​ကြောက်​၊ သူ​တို့​၏​ဆူဆူညံညံအသံ​ကို မ​လန့်​။ ထိုနည်းတူ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် စစ်တိုက်​ရန် ဇိအုန်​တောင်​၊ ဇိအုန်​တောင်ကုန်း​ပေါ်၌​ဆင်းသက်​တော်မူ​မည်​။
Burmese MSBZ