Isaiah 32:14 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
နန်းတော်ပင်လျှင်အထီးတည်းကျန်ရစ်၍ နေ ပြည်တော်ကြီးသည်လုံးဝလူသူဆိတ်ငြိမ် လျက်နေလိမ့်မည်။ ထိုမြို့တော်ကိုစောင့်ကြပ် ကာကွယ်ရာခံတပ်များနှင့်အိမ်များသည် လည်း ထာဝစဉ်ပျက်စီးယိုယွင်း၍နေလိမ့် မည်။ ထိုအရပ်တွင်မြည်းရိုင်းများလှည့်လည် သွားလာကာသိုးများကျက်စားကြလိမ့်မည်။
Burmese 1835 Version Judson
ဘုံဗိမာန်တို့ကို စွန့်ပစ်၍ မြို့၏ အသံဗလံ ငြိမ်း လိမ့်မည်။ ဩဖေလကုန်းနှင့် ရဲတိုက်တို့သည် အစဉ်မြေ တွင်းနှင့် ပြည်စုံ၍၊ ရိုင်းသောမြည်းပျော်မွေ့ရာ၊ သိုးစု ကျက်စားရာ ဖြစ်ကြလိမ့်မည်။
Burmese 1928
နန်း တော် ကို စွန့် ခြင်း၊ မြို့၏ အ သံ ဗ လံ ဆိတ် ခြင်း ဖြစ် သည့် ပြင်၊ ကင်း တပ် နှင့် တည် ဆောက် ရာ ကုန်း ပါ၊ မြင်း ရိုင်း မြူး ထူး ရာ၊ သိုး ဆိတ် ထိန်း ကျောင်း ရာ ချိုင့်၊ အ မြဲ ဖြစ် ပြီး မှ၊
Burmese 2021
ဘုံဗိမာန်တို့ကို စွန့်ပစ်၍ မြို့၏အသံဗလံ ငြိမ်းလိမ့်မည်။ ဩဖေလကုန်းနှင့် ရဲတိုက်တို့သည် အစဉ် မြေတွင်းနှင့်ပြည်စုံ၍၊ ရိုင်းသောမြည်း ပျော်မွေ့ရာ၊ သိုးစုကျက်စားရာ ဖြစ်ကြလိမ့်မည်။
Burmese JBZV
ဘုံဗိမာန္တို႔ကို စြန္႔ပစ္၍ ၿမိဳ႕၏အသံဗလံ ၿငိမ္းလိမ့္မည္။ ဩေဖလကုန္းႏွင့္ ရဲတိုက္တို႔သည္ အစဥ္ ေျမတြင္းႏွင့္ျပည္စုံ၍၊ ရိုင္းေသာျမည္း ေပ်ာ္ေမြ႕ရာ၊ သိုးစုက်က္စားရာ ျဖစ္ၾကလိမ့္မည္။
Burmese MCLZV
နန္းေတာ္ပင္လၽွင္အထီးတည္းက်န္ရစ္၍ ေန ျပည္ေတာ္ႀကီးသည္လုံးဝလူသူဆိတ္ၿငိမ္ လ်က္ေနလိမ့္မည္။ ထိုၿမိဳ႕ေတာ္ကိုေစာင့္ၾကပ္ ကာကြယ္ရာခံတပ္မ်ားႏွင့္အိမ္မ်ားသည္ လည္း ထာဝစဥ္ပ်က္စီးယိုယြင္း၍ေနလိမ့္ မည္။ ထိုအရပ္တြင္ျမည္းရိုင္းမ်ားလွည့္လည္ သြားလာကာသိုးမ်ားက်က္စားၾကလိမ့္မည္။
Burmese MSBU
အကြောင်းမူကား နန်းတော်သည် စွန့်ထားခြင်းခံရ၍ လူစည်ကားသောမြို့သည် စွန့်ခွာခြင်းခံရမည်။ ရဲတိုက်၊ ကင်းစောင့်မျှော်စင်တို့သည် သားရဲတို့အစဉ်ခိုအောင်းရာ ဖြစ်သွားလိမ့်မည်။ မြည်းရိုင်းများနေပျော်ရာ၊ တိရစ္ဆာန်တို့ကျက်စားရာ ဖြစ်လိမ့်မည်။
Burmese MSBZ
အေၾကာင္းမူကား နန္းေတာ္သည္ စြန႔္ထားျခင္းခံရ၍ လူစည္ကားေသာၿမိဳ႕သည္ စြန႔္ခြာျခင္းခံရမည္။ ရဲတိုက္၊ ကင္းေစာင့္ေမွ်ာ္စင္တို႔သည္ သားရဲတို႔အစဥ္ခိုေအာင္းရာ ျဖစ္သြားလိမ့္မည္။ ျမည္း႐ိုင္းမ်ားေနေပ်ာ္ရာ၊ တိရစာၦန္တို႔က်က္စားရာ ျဖစ္လိမ့္မည္။