Isaiah 4:5 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ထို​နောက်​ဇိ​အုန်​တောင်​တော်​နှင့်​ထို​အ​ရပ်​တွင် စု​ရုံး​လျက်​နေ​သော​သူ​အ​ပေါင်း​တို့​အ​ပေါ် သို့ ထာ​ဝ​ရ​ဘု​ရား​သည်​နေ့​အ​ချိန်​၌​မိုး​တိမ်၊ ညဥ့်​အ​ချိန်​၌​မီး​ခိုး​နှင့်​မီး​တောက်​မီး​လျှံ စေ​လွှတ်​တော်​မူ​လိမ့်​မည်။ ဘု​ရား​သ​ခင်​၏ ဘုန်း​အ​သ​ရေ​တော်​သည် တစ်​မြို့​လုံး​ကို​လွှမ်း ခြုံ​လျက်​ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​ပေ​အံ့။-
Burmese 1835 Version Judson
ထာဝရဘုရားသည်လည်း ဇိအုန်တောင်မှာရှိ သမျှသော အိမ်များနှင့် စည်းဝေးရာ ပရိသတ်များအပေါ် တွင်၊ နေ့အချိန်၌ မိုဃ်းတိမ်နှင့် မီးခိုးကို၎င်း၊ ညဉ့်အချိန်၌ မီးလျှံအလင်းကို၎င်း ဖန်ဆင်းတော်မူ၍၊ မြတ်သောအရာ အလုံးစုံတို့ကို လွှမ်းမိုးတော်မူလိမ့်မည်။
Burmese 1928
ဘုန်း ဂုဏ် အ သ ရေ ရှိ သ မျှ အ ပေါ် တွင် အ မိုး ကြက် အပ် သည် နှင့် အ ညီ၊ ထာ ဝ ရ ဘု ရား သည် စံ တော် မူ ရာ ဇိ အုန် တောင် နှင့် အ စည်း အ ဝေး များ ပေါ် တွင် နေ့ အ ချိန် မီး ခိုး တိမ် တိုက် ကိုလည်း‌ ကောင်း၊ ညဉ့် အ ချိန် မီး လျှံ အ ရှိန် ကိုလည်း‌ ကောင်း၊ စီ မံ တော် မူ၍၊
Burmese 2021
ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ဇိ​အုန်​တောင်​မှာ ရှိ​သ​မျှ​သော​အိမ်​များ​နှင့် စည်း​ဝေး​ရာ ပ​ရိ​သတ်​များ​အ​ပေါ်​တွင်၊ နေ့​အ​ချိန်၌ မိုး​တိမ်​နှင့် မီး​ခိုး​ကို​လည်း​ကောင်း၊ ည​အ​ချိန်၌ မီး​လျှံ​အ​လင်း​ကို​လည်း​ကောင်း ဖန်​ဆင်း​တော်​မူ၍၊ မြတ်​သော​အ​ရာ အ​လုံး​စုံ​တို့​ကို လွှမ်း​မိုး​တော်​မူ​လိမ့်​မည်။
Burmese JBZV
ထာ​ဝ​ရ​ဘု​ရား​သည္​လည္း ဇိ​အုန္​ေတာင္​မွာ ရွိ​သ​မၽွ​ေသာ​အိမ္​မ်ား​ႏွင့္ စည္း​ေဝး​ရာ ပ​ရိ​သတ္​မ်ား​အ​ေပၚ​တြင္၊ ေန႔​အ​ခ်ိန္၌ မိုး​တိမ္​ႏွင့္ မီး​ခိုး​ကို​လည္း​ေကာင္း၊ ည​အ​ခ်ိန္၌ မီး​လၽွံ​အ​လင္း​ကို​လည္း​ေကာင္း ဖန္​ဆင္း​ေတာ္​မူ၍၊ ျမတ္​ေသာ​အ​ရာ အ​လုံး​စုံ​တို႔​ကို လႊမ္း​မိုး​ေတာ္​မူ​လိမ့္​မည္။
Burmese MCLZV
ထို​ေနာက္​ဇိ​အုန္​ေတာင္​ေတာ္​ႏွင့္​ထို​အ​ရပ္​တြင္ စု​႐ုံး​လ်က္​ေန​ေသာ​သူ​အ​ေပါင္း​တို႔​အ​ေပၚ သို႔ ထာ​ဝ​ရ​ဘု​ရား​သည္​ေန႔​အ​ခ်ိန္​၌​မိုး​တိမ္၊ ညဥ့္​အ​ခ်ိန္​၌​မီး​ခိုး​ႏွင့္​မီး​ေတာက္​မီး​လၽွံ ေစ​လႊတ္​ေတာ္​မူ​လိမ့္​မည္။ ဘု​ရား​သ​ခင္​၏ ဘုန္း​အ​သ​ေရ​ေတာ္​သည္ တစ္​ၿမိဳ႕​လုံး​ကို​လႊမ္း ျခဳံ​လ်က္​ကာ​ကြယ္​ေစာင့္​ေရွာက္​ေတာ္​မူ​ေပ​အံ့။-
Burmese MSBU
ထာဝရဘုရား​သည် ဇိအုန်​တောင်​၏​ဓမ္မစည်းဝေး​ရာ​နေရာ​မှစ၍ ထို​တောင်​၏​နေရာ​အနှံ့​တွင် နေ့အချိန်​၌ မိုးတိမ်​နှင့်​မီးခိုး​ကို​လည်းကောင်း​၊ ညအချိန်​၌ တောက်ပ​သော​မီးလျှံ​ကို​လည်းကောင်း ဖြစ်ပေါ်​စေ​တော်မူ​မည်​။ အကယ်စင်စစ် ဘုန်းအသရေ​ရှိသမျှ​တို့​အပေါ်​၌ မျက်နှာကြက်​ရှိ​မည်​။
Burmese MSBZ
ထာဝရဘုရား​သည္ ဇိအုန္​ေတာင္​၏​ဓမၼစည္းေဝး​ရာ​ေနရာ​မွစ၍ ထို​ေတာင္​၏​ေနရာ​အႏွံ႔​တြင္ ေန႔အခ်ိန္​၌ မိုးတိမ္​ႏွင့္​မီးခိုး​ကို​လည္းေကာင္း​၊ ညအခ်ိန္​၌ ေတာက္ပ​ေသာ​မီးလွ်ံ​ကို​လည္းေကာင္း ျဖစ္ေပၚ​ေစ​ေတာ္မူ​မည္​။ အကယ္စင္စစ္ ဘုန္းအသေရ​ရွိသမွ်​တို႔​အေပၚ​၌ မ်က္ႏွာၾကက္​ရွိ​မည္​။