Isaiah 40:22 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ကမ္ဘာ​မြေ​ကြီး​ကို​ဖြစ်​ပေါ်​စေ​သူ​ကား မြေ​ကြီး​နှင့်​မိုး​ကောင်း​ကင်​၏​အ​ထက်​၌​ရှိ​သော ပလ္လင်​တော်​ပေါ်​တွင်​စံ​ပယ်​တော်​မူ​သော​အ​ရှင် ပေ​တည်း။ အောက်​မြေ​ကြီး​ပေါ်​ရှိ​လူ​တို့​သည်​ကား ပု​ရွက်​ဆိတ်​များ​ကဲ့​သို့​သေး​ငယ်​သည်​ဟု ထင်​မှတ်​ရ​ပေ​သည်။ ကိုယ်​တော်​သည်​မိုး​ကောင်း​ကင်​ကို မျက်​နှာ​ကြက်​ကဲ့​သို့​လည်း​ကောင်း၊ လူ​တို့​နေ​ထိုင်​ရာ​တဲ​ကဲ့​သို့​လည်း​ကောင်း ဖြန့်​တော်​မူ​၏။
Burmese 1835 Version Judson
မြေကြီးစက်အပေါ်မှာ ထိုင်၍၊ မြေကြီးသား တို့ကို နှံကောင်ကဲ့သို့ မှတ်တော်မူထသော၊ မိုဃ်းကောင်း ကင်ကို မျက်နှာကြက်ကဲ့သို့ ကြက်၍၊ နေစရာတဲကဲ့သို့ ဖြန့်တော်မူထသော၊
Burmese 1928
နှံ ကောင် သ ဖွယ် လူ တို့ ထိုင် ရာ မြေ ပ ထ ဝီ အ ထက်၊ မိုး ပိ တာန် ပေါ် စံ နေ တော် မူ ထ သော၊ ပိတ် ချော ကဲ့ သို့ မိုး ကောင်း ကင် ကို ကြက်၍၊ နေ ရာ တဲ ရှင် ကဲ့ သို့ ဖြန့် တော် မူ သော အ ရှင် ပေ တည်း။
Burmese 2021
မြေ​ကြီး​စက်​အ​ပေါ်​မှာ ထိုင်၍၊ မြေ​ကြီး​သား​တို့​ကို နှံ​ကောင်​ကဲ့​သို့ မှတ်​တော်​မူ​ထ​သော၊ မိုး​ကောင်း​ကင်​ကို မျက်​နှာ​ကြက်​ကဲ့​သို့ ကြက်၍၊ နေ​စ​ရာ​တဲ​ကဲ့​သို့ ဖြန့်​တော်​မူ​ထ​သော၊
Burmese JBZV
ေျမ​ႀကီး​စက္​အ​ေပၚ​မွာ ထိုင္၍၊ ေျမ​ႀကီး​သား​တို႔​ကို ႏွံ​ေကာင္​ကဲ့​သို႔ မွတ္​ေတာ္​မူ​ထ​ေသာ၊ မိုး​ေကာင္း​ကင္​ကို မ်က္​ႏွာ​ၾကက္​ကဲ့​သို႔ ၾကက္၍၊ ေန​စ​ရာ​တဲ​ကဲ့​သို႔ ျဖန္႔​ေတာ္​မူ​ထ​ေသာ၊
Burmese MCLZV
ကမၻာ​ေျမ​ႀကီး​ကို​ျဖစ္​ေပၚ​ေစ​သူ​ကား ေျမ​ႀကီး​ႏွင့္​မိုး​ေကာင္း​ကင္​၏​အ​ထက္​၌​ရွိ​ေသာ ပလႅင္​ေတာ္​ေပၚ​တြင္​စံ​ပယ္​ေတာ္​မူ​ေသာ​အ​ရွင္ ေပ​တည္း။ ေအာက္​ေျမ​ႀကီး​ေပၚ​ရွိ​လူ​တို႔​သည္​ကား ပု​ရြက္​ဆိတ္​မ်ား​ကဲ့​သို႔​ေသး​ငယ္​သည္​ဟု ထင္​မွတ္​ရ​ေပ​သည္။ ကိုယ္​ေတာ္​သည္​မိုး​ေကာင္း​ကင္​ကို မ်က္​ႏွာ​ၾကက္​ကဲ့​သို႔​လည္း​ေကာင္း၊ လူ​တို႔​ေန​ထိုင္​ရာ​တဲ​ကဲ့​သို႔​လည္း​ေကာင္း ျဖန႔္​ေတာ္​မူ​၏။
Burmese MSBU
ကိုယ်တော်​သည် မြေကြီး​စက်ဝိုင်း​အထက်​တွင် စံပယ်​တော်မူ​၏​။ မြေကြီးသား​တို့​သည် နှံကောင်​သဖွယ်​ဖြစ်​၏​။ မိုးကောင်းကင်​ကို မျက်နှာကြက်​ကဲ့သို့ ဖြန့်ကြက်​တော်မူ​၏​၊ နေစရာ​တဲ​ကဲ့သို့ ဖြန့်​တော်မူ​၏​။
Burmese MSBZ
ကိုယ္ေတာ္​သည္ ေျမႀကီး​စက္ဝိုင္း​အထက္​တြင္ စံပယ္​ေတာ္မူ​၏​။ ေျမႀကီးသား​တို႔​သည္ ႏွံေကာင္​သဖြယ္​ျဖစ္​၏​။ မိုးေကာင္းကင္​ကို မ်က္ႏွာၾကက္​ကဲ့သို႔ ျဖန႔္ၾကက္​ေတာ္မူ​၏​၊ ေနစရာ​တဲ​ကဲ့သို႔ ျဖန႔္​ေတာ္မူ​၏​။