Isaiah 41:1 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ဘု​ရား​သ​ခင်​က ``အ​ချင်း​ရပ်​ဝေး​နိုင်​ငံ​တို့၊ ဆိတ်​ဆိတ်​နေ​၍ ငါ​ပြော​သည်​ကို​နား​ထောင်​ကြ​လော့။ သင်​တို့​အ​မှု​ကို​ရုံး​တော်​သို့​တင်​ရန်​အ​သင့် ပြင်​ဆင်​ကြ​လော့။ သင်​တို့​သည်​လျှောက်​လဲ​ပြော​ဆို​နိုင်​ခွင့်​ရ​ရှိ​ကြ​လိမ့်​မည်။ အ​ဘယ်​သူ​မှန်​သည်​ကို​စီ​ရင်​ဆုံး​ဖြတ်​ရန် ငါ​တို့​စု​ဝေး​ကြ​ကုန်​အံ့။
Burmese 1835 Version Judson
တကျွန်းတနိုင်ငံအရပ်တို့၊ ငါ့ရှေ့မှာ ငြိမ်ဝပ်စွာ နေကြ။ လူအမျိုးမျိုးတို့၊ အားဖြည့်ကြ။ ချဉ်းကပ်၍ ပြောကြ။ တရားတွေ့ကြကုန်အံ့။
Burmese 1928
အ ချင်း ကျွန်း ကြီး ကျွန်း ငယ် တို့၊ ငါ့ ထံ သို့ ဆိတ် ဆိတ် တိုး ဝင် ကြ လော့။ လူ အ မျိုး မျိုး တို့ လည်း၊ အား ယူ၍ ချဉ်း ကပ် လဲ လျှောက် ကြ စေ။ တ ရား ဆိုင် ပြိုင် ကြ ကုန် အံ့။
Burmese 2021
တစ်​ကျွန်း​တစ်​နိုင်​ငံ​အ​ရပ်​တို့၊ ငါ့​ရှေ့​မှာ ငြိမ်​ဝပ်​စွာ​နေ​ကြ။ လူ​အ​မျိုး​မျိုး​တို့၊ အား​ဖြည့်​ကြ။ ချဉ်း​ကပ်၍​ပြော​ကြ။ တ​ရား​တွေ့​ကြ​ကုန်​အံ့။
Burmese JBZV
တစ္​ကၽြန္း​တစ္​နိုင္​ငံ​အ​ရပ္​တို႔၊ ငါ့​ေရွ႕​မွာ ၿငိမ္​ဝပ္​စြာ​ေန​ၾက။ လူ​အ​မ်ိဳး​မ်ိဳး​တို႔၊ အား​ျဖည့္​ၾက။ ခ်ဥ္း​ကပ္၍​ေျပာ​ၾက။ တ​ရား​ေတြ႕​ၾက​ကုန္​အံ့။
Burmese MCLZV
ဘု​ရား​သ​ခင္​က ``အ​ခ်င္း​ရပ္​ေဝး​နိုင္​ငံ​တို႔၊ ဆိတ္​ဆိတ္​ေန​၍ ငါ​ေျပာ​သည္​ကို​နား​ေထာင္​ၾက​ေလာ့။ သင္​တို႔​အ​မွု​ကို​႐ုံး​ေတာ္​သို႔​တင္​ရန္​အ​သင့္ ျပင္​ဆင္​ၾက​ေလာ့။ သင္​တို႔​သည္​ေလၽွာက္​လဲ​ေျပာ​ဆို​နိုင္​ခြင့္​ရ​ရွိ​ၾက​လိမ့္​မည္။ အ​ဘယ္​သူ​မွန္​သည္​ကို​စီ​ရင္​ဆုံး​ျဖတ္​ရန္ ငါ​တို႔​စု​ေဝး​ၾက​ကုန္​အံ့။
Burmese MSBU
ကမ်းရိုးတန်းဒေသ​တို့​၊ ငါ့​ရှေ့​မှာ​တိတ်ဆိတ်​စွာ​နေ​ကြ​လော့​။ လူမျိုးတကာ​တို့​၊ အား​သစ်​မွေး​ကြ​။ လာ​၍ တိုင်ပင်ဆွေးနွေး​ကြ​။ တရားဆိုင်​ဖို့ အတူတူ​ဆုံ​၍ တရားဆိုင်​ကြ​စို့​။
Burmese MSBZ
ကမ္း႐ိုးတန္းေဒသ​တို႔​၊ ငါ့​ေရွ႕​မွာ​တိတ္ဆိတ္​စြာ​ေန​ၾက​ေလာ့​။ လူမ်ိဳးတကာ​တို႔​၊ အား​သစ္​ေမြး​ၾက​။ လာ​၍ တိုင္ပင္ေဆြးေႏြး​ၾက​။ တရားဆိုင္​ဖို႔ အတူတူ​ဆုံ​၍ တရားဆိုင္​ၾက​စို႔​။