Isaiah 42:4 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သူသည်စိတ်ပျက်အားလျော့လိမ့်မည်မဟုတ်။ ကမ္ဘာမြေကြီးပေါ်တွင်တရားမျှတစွာစီရင် အုပ်ချုပ်မှုကိုတည်တံ့ခိုင်မြဲစေလိမ့်မည်။ ရပ်ဝေးနိုင်ငံများသည်လည်းသူ၏သြဝါဒ ကို စိတ်ဝင်စားစွာစောင့်မျှော်ကြလိမ့်မည်။''
Burmese 1835 Version Judson
မြေကြီးပေါ်မှာ တရားတော်ကို မတည်စေမှီတွင် အားမလျော့၊ စိတ်လည်းမပျက်ရ။ သူ၏တရားကိုလည်း၊ တကျွန်းတနိုင်ငံသားတို့သည် မြော်လင့်ကြလိမ့်မည်။
Burmese 1928
မြေ ကြီး ပေါ် တွင် တ ရား တော် ကို မ တည် မ ချင်း၊ အား လျော့ ခြင်း၊ စိတ် ပျက် ခြင်း မ ရှိ။ သူ့ တ ရား ကို ကျွန်း ကြီး ကျွန်း ငယ် များ စောင့် စား လျက် နေ ကြ ၏။
Burmese 2021
မြေကြီးပေါ်မှာ တရားတော်ကို မတည်စေမီတွင် အားမလျော့၊ စိတ်လည်း မပျက်ရ။ သူ၏တရားကိုလည်း၊ တစ်ကျွန်းတစ်နိုင်ငံသားတို့သည် မျှော်လင့်ကြလိမ့်မည်။
Burmese JBZV
ေျမႀကီးေပၚမွာ တရားေတာ္ကို မတည္ေစမီတြင္ အားမေလ်ာ့၊ စိတ္လည္း မပ်က္ရ။ သူ၏တရားကိုလည္း၊ တစ္ကၽြန္းတစ္နိုင္ငံသားတို႔သည္ ေမၽွာ္လင့္ၾကလိမ့္မည္။
Burmese MCLZV
သူသည္စိတ္ပ်က္အားေလ်ာ့လိမ့္မည္မဟုတ္။ ကမၻာေျမႀကီးေပၚတြင္တရားမၽွတစြာစီရင္ အုပ္ခ်ဳပ္မွုကိုတည္တံ့ခိုင္ျမဲေစလိမ့္မည္။ ရပ္ေဝးနိုင္ငံမ်ားသည္လည္းသူ၏ၾသဝါဒ ကို စိတ္ဝင္စားစြာေစာင့္ေမၽွာ္ၾကလိမ့္မည္။''
Burmese MSBU
သူသည် အားမလျော့၊ စိတ်မပျက်ဘဲ မြေကြီးပေါ်တွင် တရားမျှတမှုကို တည်စေမည်။ ကမ်းရိုးတန်းဒေသများသည် သူ၏တရားတော်ကို မျှော်လင့်စောင့်စားကြလိမ့်မည်။
Burmese MSBZ
သူသည္ အားမေလ်ာ့၊ စိတ္မပ်က္ဘဲ ေျမႀကီးေပၚတြင္ တရားမွ်တမႈကို တည္ေစမည္။ ကမ္း႐ိုးတန္းေဒသမ်ားသည္ သူ၏တရားေတာ္ကို ေမွ်ာ္လင့္ေစာင့္စားၾကလိမ့္မည္။