Isaiah 43:20 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
တော​တိ​ရစ္ဆာန်​များ​ပင်​လျှင်​ငါ​၏​ဂုဏ်​ကျေး​ဇူး​ကို ချီး​ကူး​ကြ​လိမ့်​မည်။ ငါ​သည်​မိ​မိ​ရွေး​ချယ်​ထား​သူ​လူ​တို့ ရေ​ရ​ရှိ​ရေး​အ​တွက်၊သဲ​ကန္တာ​ရ​တွင်​မြစ်​ရေ များ​ကို စီး​ဆင်း​စေ​သော​အ​ခါ၊ ခွေး​အ​များ​နှင့်​ငှက်​ကု​လား​အုတ်​များ​သည် ငါ့​ကို ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။
Burmese 1835 Version Judson
မြေခွေးနှင့် ကုလားအုပ်ငှက်မှစ၍၊ တောသားရဲ တို့သည် ငါ၏ဂုဏ်ကျေးဇူးကို ချီးမွမ်းကြလိမ့်မည်။ အကြောင်းမူကား၊ ငါရွေးကောက်သောသူ၊ ငါ၏လူတို့ သောက်စရာဘို့ တော၌ရေများကို၎င်း၊ လွင်ပြင်၌ မြစ်တို့ကို၎င်း ငါပေးမည်။
Burmese 1928
ဘုန်း တော် ကို ဖော် ပြ ကြ စေ ခြင်း ငှာ ပိုင် ဆိုင် တော် မူ ရာ အ ဖြစ် ငါ ပြု ပြင် ရွေး ချယ် သော လူ မျိုး တော် ကို ရေ တိုက် လို၍ သဲ တော၌ ရေ ကိုလည်း‌ ကောင်း၊ ဆိတ် ညံ ရာ အ ရပ်၌ မြစ် များ ကိုလည်း‌ ကောင်း၊ ငါ ပေါက် ရောက် စေ သ ဖြင့်၊ ခွေး အ နှင့် ငှက် ကု လား အုပ် မှ စ၍ တော သား ရဲ တို့ ပင်၊ ဂုဏ် တော် ကို ဝန် ခံ ကြ လိမ့် မည်။
Burmese 2021
မြေ​ခွေး​နှင့် ကု​လား​အုတ်​ငှက်​မှ​စ၍၊ တော​သား​ရဲ​တို့​သည် ငါ၏​ဂုဏ်​ကျေး​ဇူး​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​ရွေး​ကောက်​သော​သူ၊ ငါ၏​လူ​တို့​သောက်​စ​ရာ​ဖို့ တော၌​ရေ​များ​ကို​လည်း​ကောင်း၊ လွင်​ပြင်၌ မြစ်​တို့​ကို​လည်း​ကောင်း ငါ​ပေး​မည်။
Burmese JBZV
ေျမ​ေခြး​ႏွင့္ ကု​လား​အုတ္​ငွက္​မွ​စ၍၊ ေတာ​သား​ရဲ​တို႔​သည္ ငါ၏​ဂုဏ္​ေက်း​ဇူး​ကို ခ်ီး​မြမ္း​ၾက​လိမ့္​မည္။ အ​ေၾကာင္း​မူ​ကား၊ ငါ​ေရြး​ေကာက္​ေသာ​သူ၊ ငါ၏​လူ​တို႔​ေသာက္​စ​ရာ​ဖို႔ ေတာ၌​ေရ​မ်ား​ကို​လည္း​ေကာင္း၊ လြင္​ျပင္၌ ျမစ္​တို႔​ကို​လည္း​ေကာင္း ငါ​ေပး​မည္။
Burmese MCLZV
ေတာ​တိ​ရစၧာန္​မ်ား​ပင္​လၽွင္​ငါ​၏​ဂုဏ္​ေက်း​ဇူး​ကို ခ်ီး​ကူး​ၾက​လိမ့္​မည္။ ငါ​သည္​မိ​မိ​ေရြး​ခ်ယ္​ထား​သူ​လူ​တို႔ ေရ​ရ​ရွိ​ေရး​အ​တြက္၊သဲ​ကႏၲာ​ရ​တြင္​ျမစ္​ေရ မ်ား​ကို စီး​ဆင္း​ေစ​ေသာ​အ​ခါ၊ ေခြး​အ​မ်ား​ႏွင့္​ငွက္​ကု​လား​အုတ္​မ်ား​သည္ ငါ့​ကို ေထာ​မ​နာ​ျပဳ​ၾက​လိမ့္​မည္။
Burmese MSBU
ငါ​ရွေးချယ်​သော ငါ့​လူမျိုး​တို့​သောက်​ဖို့​ရန် တောကန္တာရ​၌​ရေ​များ​ကို​လည်းကောင်း​၊ သဲကန္တာရ​၌ မြစ်​တို့​ကို​လည်းကောင်း ငါ​ပေး​သောကြောင့် ခွေးအ​များ​၊ ငှက်ကုလားအုတ်​များ​နှင့် တောရိုင်းတိရစ္ဆာန်​တို့​သည် ငါ့​ကို ဂုဏ်ပြုချီးမွမ်း​ကြ​လိမ့်မည်​။
Burmese MSBZ
ငါ​ေ႐ြးခ်ယ္​ေသာ ငါ့​လူမ်ိဳး​တို႔​ေသာက္​ဖို႔​ရန္ ေတာကႏၲာရ​၌​ေရ​မ်ား​ကို​လည္းေကာင္း​၊ သဲကႏၲာရ​၌ ျမစ္​တို႔​ကို​လည္းေကာင္း ငါ​ေပး​ေသာေၾကာင့္ ေခြးအ​မ်ား​၊ ငွက္ကုလားအုတ္​မ်ား​ႏွင့္ ေတာ႐ိုင္းတိရစာၦန္​တို႔​သည္ ငါ့​ကို ဂုဏ္ျပဳခ်ီးမြမ္း​ၾက​လိမ့္မည္​။