Isaiah 50:11 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သူတစ်ပါးတို့အားသုတ်သင်ဖျက်ဆီးရန်လျှို့ဝှက် ကြံစည်သူအပေါင်းတို့၊ သင်တို့သည်မိမိတို့၏လျှို့ဝှက်ကြံစည်မှုဖြင့်ပင် ဆုံးပါးပျက်စီးရကြလိမ့်မည်။ ထာဝရဘုရားကိုယ်တော်တိုင်ဤအမှုအရာတို့ကို ဖြစ်စေမည်။ သူတို့သည်အတိဒုက္ခနှင့်ကြုံတွေ့ရကြလိမ့်မည်။
Burmese 1835 Version Judson
မီးကိုညှိ၍ မိမိတို့ကို မီးပွားတို့နှင့် ဝန်းရံစေသော သူအပေါင်းတို့၊ သင်တို့မီး၏အလင်း၌၎င်း၊ သင်တို့ ပြုစု သော မီးစများ၌၎င်း သွားလာကြလော့။ ငါ့လက်၌ ခံရ သော အကျိုးဟူမူကား၊ သင်တို့သည် ဝမ်းနည်းလျက် အိပ်ရကြလိမ့်မည်။
Burmese 1928
မီး ကို မွှေး၍ ကိုယ် ကို မီး ကျီး များ နှင့် ဝန်း ရံ သော သူ အ ပေါင်း တို့၊ ကိုယ့် မီး လျှံ တွင်း သို့ လည်း ကောင်း၊ ကိုယ် မွေး သော မီး ကျီး တွင်း သို့ လည်း ကောင်း၊ ဝင် သွား ကြ လော့။ ငါ့ လက် မှ ခံ ရ သော အ ကျိုး ဆက် ကား ဝေ ဒ နာ ခံ စား ရာ၌ အိပ် လဲ ရ ခြင်း တည်း။
Burmese 2021
မီးကိုညှိ၍ မိမိတို့ကို မီးပွားတို့နှင့် ဝန်းရံစေသော သူအပေါင်းတို့၊ သင်တို့မီး၏အလင်း၌လည်းကောင်း၊ သင်တို့ပြုစုသော မီးစများ၌လည်းကောင်း သွားလာကြလော့။ ငါ့လက်၌ခံရသော အကျိုးဟူမူကား၊ သင်တို့သည် ဝမ်းနည်းလျက် အိပ်ရကြလိမ့်မည်။
Burmese JBZV
မီးကိုညႇိ၍ မိမိတို႔ကို မီးပြားတို႔ႏွင့္ ဝန္းရံေစေသာ သူအေပါင္းတို႔၊ သင္တို႔မီး၏အလင္း၌လည္းေကာင္း၊ သင္တို႔ျပဳစုေသာ မီးစမ်ား၌လည္းေကာင္း သြားလာၾကေလာ့။ ငါ့လက္၌ခံရေသာ အက်ိဳးဟူမူကား၊ သင္တို႔သည္ ဝမ္းနည္းလ်က္ အိပ္ရၾကလိမ့္မည္။
Burmese MCLZV
သူတစ္ပါးတို႔အားသုတ္သင္ဖ်က္ဆီးရန္လၽွို႔ဝွက္ ႀကံစည္သူအေပါင္းတို႔၊ သင္တို႔သည္မိမိတို႔၏လၽွို႔ဝွက္ႀကံစည္မွုျဖင့္ပင္ ဆုံးပါးပ်က္စီးရၾကလိမ့္မည္။ ထာဝရဘုရားကိုယ္ေတာ္တိုင္ဤအမွုအရာတို႔ကို ျဖစ္ေစမည္။ သူတို႔သည္အတိဒုကၡႏွင့္ၾကဳံေတြ႕ရၾကလိမ့္မည္။
Burmese MSBU
မီးမွှေးသောသူအပေါင်းတို့၊ မီးတုတ် အသင့်ပြင်ထားသောသူအပေါင်းတို့၊ သင်တို့၏မီး၊ သင်တို့မီးစွဲစေသောမီးတုတ်၏အလင်းထဲ၌ သွားလာကြလော့။ ငါ့လက်မှသင်တို့ရရှိမည့်အကျိုးကား သင်တို့သည် ဆင်းရဲခြင်းဝေဒနာထဲ၌ အိပ်ရလိမ့်မည်။
Burmese MSBZ
မီးေမႊးေသာသူအေပါင္းတို႔၊ မီးတုတ္ အသင့္ျပင္ထားေသာသူအေပါင္းတို႔၊ သင္တို႔၏မီး၊ သင္တို႔မီးစြဲေစေသာမီးတုတ္၏အလင္းထဲ၌ သြားလာၾကေလာ့။ ငါ့လက္မွသင္တို႔ရရွိမည့္အက်ိဳးကား သင္တို႔သည္ ဆင္းရဲျခင္းေဝဒနာထဲ၌ အိပ္ရလိမ့္မည္။
Recommended Reading