Isaiah 51:12 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ထာ​ဝ​ရ​ဘု​ရား​က၊ ``သင်​တို့​ကို​ခွန်​အား​ဖြင့်​ပြည့်​ဝ​စေ​သူ​မှာ​ငါ​ပင် ဖြစ်​၏။ မြက်​ပင်​တ​မျှ​သာ​အ​သက်​ရှည်​သူ သေ​မျိုး​လူ​သား​အား၊သင်​တို့​သည်​အ​ဘယ်​ကြောင့် ကြောက်​လန့်​ရ​ပါ​မည်​နည်း။
Burmese 1835 Version Judson
သင်တို့ကို နှစ်သိမ့်စေသော သူကား၊ အခြားသူ မဟုတ်၊ ငါ့ကိုယ်တိုင်ပေတည်း။ သေရသော လူကို၎င်း၊ မြက်ပင်ကဲ့သို့ ဖြစ်လတံ့သော လူသားကို၎င်း၊ သင်သည် ကြောက်ရမည်အကြောင်း၊ အဘယ်သို့သော သဘော ရှိသနည်း။
Burmese 1928
ငါ သာ လျှင် သင် တို့ ကို နှစ် သိမ့် စေ သော အ ရှင် ပေ တည်း။ မိုး ကောင်း ကင် ကို ကြက် လျက်၊ မြေ ပ ထ ဝီ ကို တည် ထောင်၍၊ သင့် ကို ဖန် ဆင်း တော် မူ သော ထာ ဝ ရ ဘု ရား ကို သ တိ မ ရ ဘဲ၊ သေ တတ် သော လူ၊ မြက် ပင် အ ဖြစ် ရောက် တတ် သော လူ့ သား တို့ ကို ကြောက် ရွံ့ ခြင်း၊ ဖျက် ဆီး ရန် လေး တင် လျက် နှိပ် စက် သူ တို့ ၏ ဒေါ သ ကြောင့် အ စဉ် မ ပြတ် တုန် လှုပ် ခြင်း ရှိ သော သင် သည်၊ မည် သို့ သော သူ ဖြစ် သ နည်း။ နှိပ် စက် သူ တို့ ဒေါ သ အ ဘယ် မှာ နည်း။
Burmese 2021
သင်​တို့​ကို နှစ်​သိမ့်​စေ​သော​သူ​ကား၊ အ​ခြား​သူ​မ​ဟုတ်၊ ငါ့​ကိုယ်​တိုင်​ပေ​တည်း။ သေ​ရ​သော​လူ​ကို​လည်း​ကောင်း၊ မြက်​ပင်​ကဲ့​သို့ ဖြစ်​လ​တ္တံ့​သော လူ​သား​ကို​လည်း​ကောင်း၊ သင်​သည် ကြောက်​ရ​မည်​အ​ကြောင်း၊ အ​ဘယ်​သို့​သော သ​ဘော​ရှိ​သ​နည်း။
Burmese JBZV
သင္​တို႔​ကို ႏွစ္​သိမ့္​ေစ​ေသာ​သူ​ကား၊ အ​ျခား​သူ​မ​ဟုတ္၊ ငါ့​ကိုယ္​တိုင္​ေပ​တည္း။ ေသ​ရ​ေသာ​လူ​ကို​လည္း​ေကာင္း၊ ျမက္​ပင္​ကဲ့​သို႔ ျဖစ္​လ​တၱံ့​ေသာ လူ​သား​ကို​လည္း​ေကာင္း၊ သင္​သည္ ေၾကာက္​ရ​မည္​အ​ေၾကာင္း၊ အ​ဘယ္​သို႔​ေသာ သ​ေဘာ​ရွိ​သ​နည္း။
Burmese MCLZV
ထာ​ဝ​ရ​ဘု​ရား​က၊ ``သင္​တို႔​ကို​ခြန္​အား​ျဖင့္​ျပည့္​ဝ​ေစ​သူ​မွာ​ငါ​ပင္ ျဖစ္​၏။ ျမက္​ပင္​တ​မၽွ​သာ​အ​သက္​ရွည္​သူ ေသ​မ်ိဳး​လူ​သား​အား၊သင္​တို႔​သည္​အ​ဘယ္​ေၾကာင့္ ေၾကာက္​လန႔္​ရ​ပါ​မည္​နည္း။
Burmese MSBU
ထာဝရဘုရား​က “​ငါ​သာလျှင် သင်​တို့​ကို​နှစ်သိမ့်​ပေး​သော​သူ​ဖြစ်​၏​။ သေမျိုး​ဖြစ်​သော​လူ​၊ မြက်ပင်​ကဲ့သို့​ဖြစ်​သည့်​လူသား​ကို သင်​အဘယ်ကြောင့်​ကြောက်ရွံ့​သနည်း​။
Burmese MSBZ
ထာဝရဘုရား​က “​ငါ​သာလွ်င္ သင္​တို႔​ကို​ႏွစ္သိမ့္​ေပး​ေသာ​သူ​ျဖစ္​၏​။ ေသမ်ိဳး​ျဖစ္​ေသာ​လူ​၊ ျမက္ပင္​ကဲ့သို႔​ျဖစ္​သည့္​လူသား​ကို သင္​အဘယ္ေၾကာင့္​ေၾကာက္႐ြံ႕​သနည္း​။