Isaiah 51:5 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ငါ​သည်​လျင်​မြန်​စွာ​လာ​၍​သူ​တို့​အား​ကယ်​တင်​မည်။ ငါ​အောင်​ပွဲ​ခံ​ရန်​အ​ချိန်​သည်​နီး​ကပ်​၍​လာ​လေပြီ။ လူ​မျိုး​တ​ကာ​တို့​အား​ငါ​ကိုယ်​တိုင်​ပင် အုပ်​စိုး​တော်​မူ​မည်။ နိုင်​ငံ​ရပ်​ခြား​တိုင်း​တစ်​ပါး​သား​တို့​သည် ငါ​လာ​မည်​ကို​စောင့်​မျှော်​လျက်​ရှိ​၏။ မိ​မိ​တို့​အား​ကယ်​တင်​လိမ့်​မည်​ဟူ​သော မျှော်​လင့်​ချက်​ဖြင့်၊​သူ​တို့​သည်​ငါ့​ကို စောင့်​မျှော်​လျက်​နေ​ကြ​၏။
Burmese 1835 Version Judson
ငါ၏ဖြောင့်မတ်ခြင်းတရားသည် အနီးမှာရှိ၏။ ငါ၏ကယ်တင်ခြင်းတရားသည် ထွက်သွားပြီ။ ငါ့လက်ရုံး သည် လူတို့တွင် တရားမှုကို စီရင်လိမ့်မည်။ တကျွန်း တနိုင်ငံသားတို့သည် ငါ့ကို မြော်လင့်၍၊ ငါ့လက်ရုံးကို ကိုးစားကြလိမ့်မည်။
Burmese 1928
အောင် မြင် တော် မူ ခြင်း နီး လု ပြီ။ ကယ် တင် တော် မူ ခြင်း ထွက် ခဲ့ ပြီး ဖြစ်၍ လူ အ မျိုး မျိုး တို့ ကို၊ လက် ရုံး တော် ဖြင့် စီ ရင် တော် မူ သည့် အ လျောက် ကျွန်း ကြီး ကျွန်း ငယ် တို့ သည် ငါ့ ကို စောင့် စား လျက်၊ လက် ရုံး တော် ကို မြော် စော လျက် နေ ကြ လိမ့် မည်။
Burmese 2021
ငါ၏ ဖြောင့်​မတ်​ခြင်း​တ​ရား​သည် အ​နီး​မှာ​ရှိ၏။ ငါ၏​ကယ်​တင်​ခြင်း​တ​ရား​သည် ထွက်​သွား​ပြီ။ ငါ့​လက်​ရုံး​သည် လူ​တို့​တွင် တ​ရား​မှု​ကို စီ​ရင်​လိမ့်​မည်။ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် ငါ့​ကို​မျှော်​လင့်၍၊ ငါ့​လက်​ရုံး​ကို ကိုး​စား​ကြ​လိမ့်​မည်။
Burmese JBZV
ငါ၏ ေျဖာင့္​မတ္​ျခင္း​တ​ရား​သည္ အ​နီး​မွာ​ရွိ၏။ ငါ၏​ကယ္​တင္​ျခင္း​တ​ရား​သည္ ထြက္​သြား​ၿပီ။ ငါ့​လက္​႐ုံး​သည္ လူ​တို႔​တြင္ တ​ရား​မွု​ကို စီ​ရင္​လိမ့္​မည္။ တစ္​ကၽြန္း​တစ္​နိုင္​ငံ​သား​တို႔​သည္ ငါ့​ကို​ေမၽွာ္​လင့္၍၊ ငါ့​လက္​႐ုံး​ကို ကိုး​စား​ၾက​လိမ့္​မည္။
Burmese MCLZV
ငါ​သည္​လ်င္​ျမန္​စြာ​လာ​၍​သူ​တို႔​အား​ကယ္​တင္​မည္။ ငါ​ေအာင္​ပြဲ​ခံ​ရန္​အ​ခ်ိန္​သည္​နီး​ကပ္​၍​လာ​ေလၿပီ။ လူ​မ်ိဳး​တ​ကာ​တို႔​အား​ငါ​ကိုယ္​တိုင္​ပင္ အုပ္​စိုး​ေတာ္​မူ​မည္။ နိုင္​ငံ​ရပ္​ျခား​တိုင္း​တစ္​ပါး​သား​တို႔​သည္ ငါ​လာ​မည္​ကို​ေစာင့္​ေမၽွာ္​လ်က္​ရွိ​၏။ မိ​မိ​တို႔​အား​ကယ္​တင္​လိမ့္​မည္​ဟူ​ေသာ ေမၽွာ္​လင့္​ခ်က္​ျဖင့္၊​သူ​တို႔​သည္​ငါ့​ကို ေစာင့္​ေမၽွာ္​လ်က္​ေန​ၾက​၏။
Burmese MSBU
ငါ​၏​ဖြောင့်မတ်​ခြင်း​သည် အနီး​တွင်​ရှိ​၏​။ ငါ​၏​ကယ်တင်​ခြင်း​သည် ထွက်လာ​ပြီ​။ ငါ့​လက်ရုံး​သည် လူမျိုး​တို့​ကို​တရားစီရင်​မည်​။ ကမ်းရိုးတန်းဒေသ​တို့​သည် ငါ့​ကို​စောင့်မျှော်​၍ ငါ့​လက်ရုံး​ကို မျှော်လင့်ကိုးစား​ကြ​လိမ့်မည်​။
Burmese MSBZ
ငါ​၏​ေျဖာင့္မတ္​ျခင္း​သည္ အနီး​တြင္​ရွိ​၏​။ ငါ​၏​ကယ္တင္​ျခင္း​သည္ ထြက္လာ​ၿပီ​။ ငါ့​လက္႐ုံး​သည္ လူမ်ိဳး​တို႔​ကို​တရားစီရင္​မည္​။ ကမ္း႐ိုးတန္းေဒသ​တို႔​သည္ ငါ့​ကို​ေစာင့္ေမွ်ာ္​၍ ငါ့​လက္႐ုံး​ကို ေမွ်ာ္လင့္ကိုးစား​ၾက​လိမ့္မည္​။