Isaiah 55:10 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
``ငါ၏နှုတ်ကပတ်တော်သည်ကမ္ဘာမြေကြီးကို ရေပေးရန်သက်ရောက်လာသည့် မိုးနှင့်မိုးပွင့်များကဲ့သို့ဖြစ်၏။ ထိုအရာတို့သည်ကောက်ပဲသီးနှံပင်များကို ပေါက်စေတတ်၏။ စိုက်ပျိုးရန်မျိုးစေ့များနှင့်စားသုံးရန် အစားအစာများကိုဖြစ်ပွားစေတတ်၏။
Burmese 1835 Version Judson
မိုဃ်းရေနှင့် မိုဃ်းပွင့်တို့သည် မိုဃ်းကောင်းကင် မှ ဆင်းသက်၍ နောက်တဖန်မပြန်၊ မြေသည် မျိုးစေ့ကြဲ သောသူအား မျိုးစေ့ကို၎င်း၊ အစာစားသောသူအား အစာကို၎င်းပေးမည်အကြောင်း၊ မြေကို စိုစေသဖြင့်၊ အပင်ပေါက်စေ၍၊ အသီးကို သီးစေသကဲ့သို့၊
Burmese 1928
မိုး ရေ နှင့် မိုး ပွင့် များ သည်၊ ကောင်း ကင် မှ ဆင်း သက် ပြီး လျှင်၊ ကြဲ လို သူ့ အား မျိုး ကို လည်း ကောင်း၊ စား လို သူ့ အား အ စာ ကို လည်း ကောင်း၊ ပေး ရန်၊ လယ် မြေ ကို စို စွတ် လျက် အ ညှောက် အ ဖူး မ ပေါ် စေ ဘဲ၊ မ ပြန် သည့် နည်း တူ၊
Burmese 2021
မိုးရေနှင့် မိုးပွင့်တို့သည် မိုးကောင်းကင်မှ ဆင်းသက်၍ နောက်တစ်ဖန် မပြန်၊ မြေသည် မျိုးစေ့ကြဲသောသူအား မျိုးစေ့ကိုလည်းကောင်း၊ အစာစားသောသူအား အစာကိုလည်းကောင်းပေးမည်အကြောင်း၊ မြေကိုစိုစေသဖြင့်၊ အပင်ပေါက်စေ၍၊ အသီးကို သီးစေသကဲ့သို့၊
Burmese JBZV
မိုးေရႏွင့္ မိုးပြင့္တို႔သည္ မိုးေကာင္းကင္မွ ဆင္းသက္၍ ေနာက္တစ္ဖန္ မျပန္၊ ေျမသည္ မ်ိဳးေစ့ၾကဲေသာသူအား မ်ိဳးေစ့ကိုလည္းေကာင္း၊ အစာစားေသာသူအား အစာကိုလည္းေကာင္းေပးမည္အေၾကာင္း၊ ေျမကိုစိုေစသျဖင့္၊ အပင္ေပါက္ေစ၍၊ အသီးကို သီးေစသကဲ့သို႔၊
Burmese MCLZV
``ငါ၏ႏွုတ္ကပတ္ေတာ္သည္ကမၻာေျမႀကီးကို ေရေပးရန္သက္ေရာက္လာသည့္ မိုးႏွင့္မိုးပြင့္မ်ားကဲ့သို႔ျဖစ္၏။ ထိုအရာတို႔သည္ေကာက္ပဲသီးႏွံပင္မ်ားကို ေပါက္ေစတတ္၏။ စိုက္ပ်ိဳးရန္မ်ိဳးေစ့မ်ားႏွင့္စားသုံးရန္ အစားအစာမ်ားကိုျဖစ္ပြားေစတတ္၏။-
Burmese MSBU
မိုးရေနှင့်နှင်းပွင့်တို့သည် မိုးကောင်းကင်မှကျလာပြီး မိုးကောင်းကင်သို့ပြန်မတက်ဘဲ မြေကိုစိုစွတ်စေလျက်၊ အပင်ပေါက်စေလျက်၊ သီးပွင့်စေလျက် မျိုးကြဲသောသူအတွက် မျိုးစေ့၊ စားသောသူအတွက် အစားအစာကို ပေးသကဲ့သို့
Burmese MSBZ
မိုးေရႏွင့္ႏွင္းပြင့္တို႔သည္ မိုးေကာင္းကင္မွက်လာၿပီး မိုးေကာင္းကင္သို႔ျပန္မတက္ဘဲ ေျမကိုစိုစြတ္ေစလ်က္၊ အပင္ေပါက္ေစလ်က္၊ သီးပြင့္ေစလ်က္ မ်ိဳးႀကဲေသာသူအတြက္ မ်ိဳးေစ့၊ စားေသာသူအတြက္ အစားအစာကို ေပးသကဲ့သို႔