Isaiah 56:11 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
သူ​တို့​သည်​စား​၍​အား​မ​ရ​နိုင်၊ လော​ဘ​ကြီး သည့်​ခွေး​များ​နှင့်​တူ​ကြ​၏။ သူ​တို့​သည်​ကား အ​သိ​တ​ရား​ကင်း​မဲ့​သည့်​ခေါင်း​ဆောင်​များ တည်း။ မိ​မိ​တို့​နှစ်​သက်​ရာ​ကို​ကိုယ်​စီ​ကိုယ်​ငှ ဆောင်​ရွက်​ကြ​လျက်​ကိုယ်​ကျိုး​ကို​သာ​လျှင် ရှာ​ကြံ​တတ်​ကြ​၏။-
Burmese 1835 Version Judson
စားချင်အားကြီး၍ ဝမ်းမပြည့်နိုင်သော ခွေး လည်း ဖြစ်ကြ၏။ သိုးထိန်းတို့သည်လည်း မကြည့်မရှု တတ်ကြ။ ထိုသိုးထိန်းရှိသမျှတို့သည် လမ်းလွှဲ၍ မိမိတို့ လမ်းသို့ လိုက်ကြပြီ။ တယောက်မျှမကြွင်း၊ တညီတညွတ် တည်း ကိုယ်အကျိုးစီးပွားကိုသာ ရှာကြ၏။
Burmese 1928
အ စား ကြူး၍ တင်း မ တိမ် နိုင် သော ခွေး များ ဖြစ် သည် နှင့် ဉာဏ် ကင်း သော သိုး ကျောင်း များ ပါ တ ကား။ ရှိ သ မျှ သော အ သီး အ သီး တို့ သည်၊ ကိုယ့် ကျိုး ကို ရှာ၍၊ ကိုယ့် လမ်း သို့ လွဲ သွား ကြ ၏။
Burmese 2021
စား​ချင်​အား​ကြီး၍ ဝမ်း​မ​ပြည့်​နိုင်​သော ခွေး​လည်း ဖြစ်​ကြ၏။ သိုး​ထိန်း​တို့​သည်​လည်း မ​ကြည့်​မ​ရှု​တတ်​ကြ။ ထို​သိုး​ထိန်း​ရှိ​သ​မျှ​တို့​သည် လမ်း​လွှဲ၍ မိ​မိ​တို့​လမ်း​သို့ လိုက်​ကြ​ပြီ။ တစ်​ယောက်​မျှ​မ​ကြွင်း၊ တ​ညီ​တ​ညွတ်​တည်း ကိုယ်​အ​ကျိုး​စီး​ပွား​ကို​သာ ရှာ​ကြ၏။
Burmese JBZV
စား​ခ်င္​အား​ႀကီး၍ ဝမ္း​မ​ျပည့္​နိုင္​ေသာ ေခြး​လည္း ျဖစ္​ၾက၏။ သိုး​ထိန္း​တို႔​သည္​လည္း မ​ၾကည့္​မ​ရွု​တတ္​ၾက။ ထို​သိုး​ထိန္း​ရွိ​သ​မၽွ​တို႔​သည္ လမ္း​လႊဲ၍ မိ​မိ​တို႔​လမ္း​သို႔ လိုက္​ၾက​ၿပီ။ တစ္​ေယာက္​မၽွ​မ​ႂကြင္း၊ တ​ညီ​တ​ညြတ္​တည္း ကိုယ္​အ​က်ိဳး​စီး​ပြား​ကို​သာ ရွာ​ၾက၏။
Burmese MCLZV
သူ​တို႔​သည္​စား​၍​အား​မ​ရ​နိုင္၊ ေလာ​ဘ​ႀကီး သည့္​ေခြး​မ်ား​ႏွင့္​တူ​ၾက​၏။ သူ​တို႔​သည္​ကား အ​သိ​တ​ရား​ကင္း​မဲ့​သည့္​ေခါင္း​ေဆာင္​မ်ား တည္း။ မိ​မိ​တို႔​ႏွစ္​သက္​ရာ​ကို​ကိုယ္​စီ​ကိုယ္​ငွ ေဆာင္​ရြက္​ၾက​လ်က္​ကိုယ္​က်ိဳး​ကို​သာ​လၽွင္ ရွာ​ႀကံ​တတ္​ၾက​၏။-
Burmese MSBU
စားလိုစိတ်​အားကြီး​၍ မ​တင်းတိမ်​နိုင်​သော​ခွေး​များ​ဖြစ်​ကြ​၏​။ အသိဉာဏ်​မ​ရှိ​သော သိုးထိန်း​များ​ဖြစ်​ကြ​၏​။ သူ​တို့​အားလုံး​သည် ကိုယ့်​လမ်း​သို့​အသီးသီး​လိုက်သွား​ကြ​၏​။ သူ​တို့​တစ်ယောက်မကျန် ကိုယ့်​အကျိုး​ကို​သာ ကိုယ်​ရှာ​ကြ​၏​။
Burmese MSBZ
စားလိုစိတ္​အားႀကီး​၍ မ​တင္းတိမ္​ႏိုင္​ေသာ​ေခြး​မ်ား​ျဖစ္​ၾက​၏​။ အသိဉာဏ္​မ​ရွိ​ေသာ သိုးထိန္း​မ်ား​ျဖစ္​ၾက​၏​။ သူ​တို႔​အားလုံး​သည္ ကိုယ့္​လမ္း​သို႔​အသီးသီး​လိုက္သြား​ၾက​၏​။ သူ​တို႔​တစ္ေယာက္မက်န္ ကိုယ့္​အက်ိဳး​ကို​သာ ကိုယ္​ရွာ​ၾက​၏​။