Isaiah 57:9 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သင်တို့သည်ဆီမွှေးနှင့်နံ့သာများကို လိမ်းကျံလျက် မောလုပ်ဘုရားကိုဝတ်ပြု ကိုးကွယ်ရန်သွားရောက်ကြ၏။ ရပ်နီးရပ်ဝေး နှင့်မရဏာနိုင်ငံသို့တိုင်အောင်ပင် သံတမန် များစေလွှတ်၍ဘုရားများကိုရှာဖွေစေ ကြ၏။-
Burmese 1835 Version Judson
ဆီမွှေးပါလျက်၊ ရှင်ဘုရင့်ထံသို့သွားပြီ။ နံ့သာ မျိုးများကို သုံးပြီ။ တမန်တို့ကို ဝေးသော အရပ်သို့ စေလွှတ်၍၊ မရဏာနိုင်ငံတိုင်အောင် မိမိကိုမိမိ နှိမ့်ချပြီ။
Burmese 1928
များ ပြား သော နံ့ သာ မျိုး နှင့် ဆီ မွှေး ပါ၊ မေ လက် ခေါ် ရုပ် တု ဘက် ကူး သွား ရာ၊ မ ရ ဏာ့ နိုင် ငံ သို့ ဆင်း ရ သည့် တိုင် အောင်၊ သင်၏ သံ တ မန် တို့ ကို ဝေး စွာ စေ လွှတ် ၏။
Burmese 2021
ဆီမွှေးပါလျက်၊ ရှင်ဘုရင့်ထံသို့သွားပြီ။ နံ့သာမျိုးများကိုသုံးပြီ။ တမန်တို့ကို ဝေးသောအရပ်သို့ စေလွှတ်၍၊ မရဏနိုင်ငံတိုင်အောင် မိမိကိုမိမိ နှိမ့်ချပြီ။
Burmese JBZV
ဆီေမႊးပါလ်က္၊ ရွင္ဘုရင့္ထံသို႔သြားၿပီ။ နံ့သာမ်ိဳးမ်ားကိုသုံးၿပီ။ တမန္တို႔ကို ေဝးေသာအရပ္သို႔ ေစလႊတ္၍၊ မရဏနိုင္ငံတိုင္ေအာင္ မိမိကိုမိမိ ႏွိမ့္ခ်ၿပီ။
Burmese MCLZV
သင္တို႔သည္ဆီေမႊးႏွင့္နံ့သာမ်ားကို လိမ္းက်ံလ်က္ ေမာလုပ္ဘုရားကိုဝတ္ျပဳ ကိုးကြယ္ရန္သြားေရာက္ၾက၏။ ရပ္နီးရပ္ေဝး ႏွင့္မရဏာနိုင္ငံသို႔တိုင္ေအာင္ပင္ သံတမန္ မ်ားေစလႊတ္၍ဘုရားမ်ားကိုရွာေဖြေစ ၾက၏။-
Burmese MSBU
သင်သည် ရှင်ဘုရင်ထံသို့ နံ့သာဆီဖြင့် သွား၏။ နံ့သာမျိုးများစွာဖြင့် ကိုယ့်ကိုယ်ကိုယ်မွှေးကြိုင်စေ၏။ သင်၏သံတမန်တို့ကိုလည်း အဝေးသို့စေလွှတ်၏။ သင်သည် မရဏာနိုင်ငံတိုင်အောင် နိမ့်ကျ၏။
Burmese MSBZ
သင္သည္ ရွင္ဘုရင္ထံသို႔ နံ႔သာဆီျဖင့္ သြား၏။ နံ႔သာမ်ိဳးမ်ားစြာျဖင့္ ကိုယ့္ကိုယ္ကိုယ္ေမႊးႀကိဳင္ေစ၏။ သင္၏သံတမန္တို႔ကိုလည္း အေဝးသို႔ေစလႊတ္၏။ သင္သည္ မရဏာႏိုင္ငံတိုင္ေအာင္ နိမ့္က်၏။