Isaiah 61:1 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထာဝရအရှင်ဘုရားသခင်သည် ငါ့ကိုတန်ခိုးနှင့်ပြည့်ဝစေတော်မူပြီ။ ဆင်းရဲသူတို့အတွက်သတင်းကောင်းကို ယူဆောင်ကာ၊စိတ်နှလုံးကြေကွဲသူတို့၏ အနာ ရောဂါကိုပျောက်ကင်းစေ၍၊ ပြည်နှင်ဒဏ်ခံရသူများနှင့်အချုပ်အနှောင်ခံရ သူတို့အားလွတ်ငြိမ်းချမ်းသာခွင့်ကိုကြေညာရန်၊ ကိုယ်တော်သည်ငါ့ကိုရွေးချယ်စေလွှတ်တော် မူလေပြီ။
Burmese 1835 Version Judson
ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ် မှာ တည်တော်မူ၏။ အကြောင်းမူကား၊ ဆင်းရဲသားတို့ အား ဝမ်းမြောက်စရာ သိတင်းကို ကြားပြောစေခြင်းငှါ၊ ငါ့ကို ဘိသိက်ပေးတော်မူပြီ။ နှလုံးကြေကွဲသောသူတို့၏ အနာကို စည်းစေခြင်းငှါ၎င်း၊ ဘမ်းသွားချုပ်ထားလျက် ရှိသော သူတို့အား လွှတ်ခြင်းအကြောင်းနှင့်၊ အကျဉ်းခံ လျက်ရှိသော သူတို့အား ထောင်တံခါးဖွင့်ခြင်း အကြောင်းကို ပြစေခြင်းငှါ၎င်း၊
Burmese 1928
သူ ဆင်း ရဲ တို့ အား ဝမ်း မြောက် ဖွယ် သ တင်း ကို ကြော် ငြာ စေ ခြင်း ငှာ လည်း ကောင်း၊ စိတ် နှ လုံး ကြေ ကွဲ သူ တို့ ကို ပတ် စည်း စေ ခြင်း ငှာ လည်း ကောင်း၊ သုံ့ ပန်း လူ တို့ အား လွတ် သွား ခွင့်၊ အ ကျဉ်း သား တို့ အား ပွင့် လွတ် ခွင့် ကို ကြား ပြော စေ ခြင်း ငှာလည်း ကောင်း၊ ထာ ဝ ရ ဘု ရား လက် ခံ တော် မူ ဖွယ် နှစ် ကာ လ၊ ငါ တို့ ဘု ရား သ ခင် လက် စား ချေ တော် မူ မည့် ရက် ကာ လ များ ကို ကြား ပြော စေ ခြင်း ငှာ လည်း ကောင်း၊ ညည်း တွား ရ သူ ရှိ သ မျှ တို့ အား နှစ် သိမ့် စေ ခြင်း ငှာ လည်း ကောင်း၊ ညည်း တွား ရ သော ဇိ အုန် မြို့ သူ မြို့ သား တို့ အား၊ ပြာ ထိုင် ခြင်း အ စား ဦး ရစ် ပေါင်း ခြင်း၊ ညည်း တွား ခြင်း အ စား ရွှင် လန်း ရာ နံ့ သာ ဆီ၊ စိတ် အား လျော့ ခြင်း အ စား ချီး မွမ်း ရာ အ ဝတ် တန် ဆာ များ ကို စီ မံ ပေး အပ် စေ ခြင်း ငှာလည်း ကောင်း၊ ထာ ဝ ရ ဘု ရား သည် ငါ့ ကို ဘိ သိက် သွန်း၍ စေ လွှတ် တော် မူ သည် နှင့် အ ညီ၊ ငါ့ အ ပေါ် တွင် အ ရှင် ထာ ဝ ရ ဘု ရား၏ ဝိ ညာဉ် တော် တည် နေ လျက် ရှိ ၏။ ထို သူ တို့ သည် ထာ ဝ ရ ဘု ရား၏ ဘုန်း တော် ထင် ရှား စေ ရန်၊ စိုက် ပျိုး တော် မူ ရာ ဖြောင့် မတ် သော ညန် ပင် ဟု သ မုတ် ခံ ရ ကြ သည့် ပြင်၊
Burmese 2021
ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်မှာ တည်တော်မူ၏။ အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ၊ ငါ့ကိုဘိသိက်ပေးတော်မူပြီ။ နှလုံးကြေကွဲသောသူတို့၏ အနာကိုစည်းစေခြင်းငှာလည်းကောင်း၊ ဖမ်းသွားချုပ်ထားလျက် ရှိသောသူတို့အား လွှတ်ခြင်းအကြောင်းနှင့်၊ အကျဉ်းခံလျက်ရှိသောသူတို့အား ထောင်တံခါးဖွင့်ခြင်းအကြောင်းကို ပြစေခြင်းငှာလည်းကောင်း၊
Burmese JBZV
ထာဝရဘုရား၏ဝိညာဥ္ေတာ္သည္ ငါ့အေပၚမွာ တည္ေတာ္မူ၏။ အေၾကာင္းမူကား၊ ဆင္းရဲသားတို႔အား ဝမ္းေျမာက္စရာသတင္းကို ၾကားေျပာေစျခင္းငွာ၊ ငါ့ကိုဘိသိက္ေပးေတာ္မူၿပီ။ ႏွလုံးေၾကကြဲေသာသူတို႔၏ အနာကိုစည္းေစျခင္းငွာလည္းေကာင္း၊ ဖမ္းသြားခ်ဳပ္ထားလ်က္ ရွိေသာသူတို႔အား လႊတ္ျခင္းအေၾကာင္းႏွင့္၊ အက်ဥ္းခံလ်က္ရွိေသာသူတို႔အား ေထာင္တံခါးဖြင့္ျခင္းအေၾကာင္းကို ျပေစျခင္းငွာလည္းေကာင္း၊
Burmese MCLZV
ထာဝရအရွင္ဘုရားသခင္သည္ ငါ့ကိုတန္ခိုးႏွင့္ျပည့္ဝေစေတာ္မူၿပီ။ ဆင္းရဲသူတို႔အတြက္သတင္းေကာင္းကို ယူေဆာင္ကာ၊စိတ္ႏွလုံးေၾကကြဲသူတို႔၏ အနာ ေရာဂါကိုေပ်ာက္ကင္းေစ၍၊ ျပည္ႏွင္ဒဏ္ခံရသူမ်ားႏွင့္အခ်ဳပ္အေႏွာင္ခံရ သူတို႔အားလြတ္ၿငိမ္းခ်မ္းသာခြင့္ကိုေၾကညာရန္၊ ကိုယ္ေတာ္သည္ငါ့ကိုေရြးခ်ယ္ေစလႊတ္ေတာ္ မူေလၿပီ။
Burmese MSBU
ဘုရားရှင်ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောရန် ထာဝရဘုရားသည် ငါ့ကိုဘိသိက်ပေးတော်မူပြီ။ စိတ်နှလုံးကြေကွဲသောသူတို့ကို ဖြေသိမ့် ပေးရန်၊ ဖမ်းဆီးချုပ်နှောင်ခံရသူတို့အား လွတ်မြောက်ခြင်းတရားကိုဟောပြောရန်၊ အကျဉ်းချခံရသောသူတို့အား လွတ်ငြိမ်း ခြင်းတရားဟောပြောရန် ငါ့ကိုစေလွှတ်တော်မူပြီ။
Burmese MSBZ
ဘုရားရွင္ထာဝရဘုရား၏ဝိညာဥ္ေတာ္သည္ ငါ့အေပၚတည္ေတာ္မူ၏။ အေၾကာင္းမူကား ဆင္းရဲသားတို႔အား ေကာင္းျမတ္ေသာသတင္းကိုေဟာေျပာရန္ ထာဝရဘုရားသည္ ငါ့ကိုဘိသိက္ေပးေတာ္မူၿပီ။ စိတ္ႏွလုံးေၾကကြဲေသာသူတို႔ကို ေျဖသိမ့္ ေပးရန္၊ ဖမ္းဆီးခ်ဳပ္ေႏွာင္ခံရသူတို႔အား လြတ္ေျမာက္ျခင္းတရားကိုေဟာေျပာရန္၊ အက်ဥ္းခ်ခံရေသာသူတို႔အား လြတ္ၿငိမ္း ျခင္းတရားေဟာေျပာရန္ ငါ့ကိုေစလႊတ္ေတာ္မူၿပီ။