Isaiah 61:11 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
မျိုးစေ့များသည်အညှောက်ထိုး၍အပင် ပေါက်သကဲ့သို့၊ ထာဝရအရှင်ဘုရားသခင်သည် မိမိ၏လူမျိုးတော်အားအမှန်ပင် ကယ်တင်တော်မူလိမ့်မည်။ လူမျိုးတကာတို့သည်လည်းကိုယ်တော်ကို ထောမနာပြုကြလိမ့်မည်။
Burmese 1835 Version Judson
မြေကြီးသည် အပင်ကို ပေါက်စေသကဲ့သို့၎င်း၊ ထိုအတူ ထာဝရဘုရားသည် ခပ်သိမ်းသော လူမျိုးရှေ့မှာ၊ ဖြောင့်မတ်ခြင်းနှင့် ချီးမွမ်းခြင်းကို ပေါ်ထွန်းစေတော်မူ လိမ့်မည်။
Burmese 1928
မြေ ကြီး သည် အ ညှောက် ပေါ် စေ သ ကဲ့ သို့ လည်း ကောင်း၊ ခြံ လည်း ကြဲ ရာ မျိုး ကို ပေါက် စေ သ ကဲ့ သို့ လည်း ကောင်း၊ အ ရှင် ထာ ဝ ရ ဘု ရား သည် ခပ် သိမ်း သော လူ မျိုး တို့ မျက် မှောက် တွင်၊ အောင် မြင် ခြင်း နှင့် ချီး မွမ်း ခြင်း ကို ပေါက် စေ တော် မူ လိမ့် သ တည်း။
Burmese 2021
မြေကြီးသည် အပင်ကို ပေါက်စေသကဲ့သို့လည်းကောင်း၊ လယ်ယာသည်မိမိ၌စိုက်သောမျိုးစေ့ကို အညှောက်ထွက်စေသကဲ့သို့လည်းကောင်း၊ ထိုအတူ ထာဝရဘုရားသည် ခပ်သိမ်းသောလူမျိုးရှေ့မှာ၊ ဖြောင့်မတ်ခြင်းနှင့် ချီးမွမ်းခြင်းကို ပေါ်ထွန်းစေတော်မူလိမ့်မည်။
Burmese JBZV
ေျမႀကီးသည္ အပင္ကို ေပါက္ေစသကဲ့သို႔လည္းေကာင္း၊ လယ္ယာသည္မိမိ၌စိုက္ေသာမ်ိဳးေစ့ကို အေညႇာက္ထြက္ေစသကဲ့သို႔လည္းေကာင္း၊ ထိုအတူ ထာဝရဘုရားသည္ ခပ္သိမ္းေသာလူမ်ိဳးေရွ႕မွာ၊ ေျဖာင့္မတ္ျခင္းႏွင့္ ခ်ီးမြမ္းျခင္းကို ေပၚထြန္းေစေတာ္မူလိမ့္မည္။
Burmese MCLZV
မ်ိဳးေစ့မ်ားသည္အေညႇာက္ထိုး၍အပင္ ေပါက္သကဲ့သို႔၊ ထာဝရအရွင္ဘုရားသခင္သည္ မိမိ၏လူမ်ိဳးေတာ္အားအမွန္ပင္ ကယ္တင္ေတာ္မူလိမ့္မည္။ လူမ်ိဳးတကာတို႔သည္လည္းကိုယ္ေတာ္ကို ေထာမနာျပဳၾကလိမ့္မည္။
Burmese MSBU
မြေကြီးသည် အစို့အညှောက်ကိုထွက်စေသကဲ့သို့၊ ဥယျာဉ်သည် ကြဲထားသောမျိုးစေ့ကိုပေါက်စေသကဲ့သို့ ဘုရားရှင်ထာဝရဘုရားသည် လူမျိုးအပေါင်းတို့ရှေ့၌ ဖြောင့်မတ်ခြင်း၊ ချီးမွမ်းခြင်းကို ပေါက်စေတော်မူမည်။
Burmese MSBZ
ေျမႀကီးသည္ အစို႔အေညႇာက္ကိုထြက္ေစသကဲ့သို႔၊ ဥယ်ာဥ္သည္ ႀကဲထားေသာမ်ိဳးေစ့ကိုေပါက္ေစသကဲ့သို႔ ဘုရားရွင္ထာဝရဘုရားသည္ လူမ်ိဳးအေပါင္းတို႔ေရွ႕၌ ေျဖာင့္မတ္ျခင္း၊ ခ်ီးမြမ္းျခင္းကို ေပါက္ေစေတာ္မူမည္။