Isaiah 64:7 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​နှင့်​ထံ​တော်​သို့ တစ်​ဦး​တစ်​ယောက်​မျှ​ဆု​တောင်း​ပတ္ထ​နာ​မ ပြု​ပါ။ ``ကူ​မ​တော်​မူ​ပါ'' ဟု​လည်း​တစ်​ဦး တစ်​ယောက်​မျှ​လာ​ရောက်​ပန်​ကြား​မှု​မ​ပြု ပါ။ ကျွန်​တော်​မျိုး​တို့​အ​ပြစ်​များ​ကြောင့် ကိုယ်​တော်​ရှင်​သည်​မျက်​နှာ​တော်​ကို​လွှဲ တော်​မူ​၍​ကျွန်​တော်​မျိုး​တို့​အား​စွန့်​ပစ် တော်​မူ​ပါ​ပြီ။
Burmese 1835 Version Judson
နာမတော်ကို ပဌနာပြုသောသူ၊ ကိုယ်တော်ကို မှီဝဲခြင်းငှါ ကိုယ်ကိုကိုယ်နှိုးဆော်သော သူတယောက်မျှ မရှိပါ။ အကြောင်းမူကား၊ မျက်နှာတော်ကိုလွှဲ၍ အကျွန်ုပ်တို့ကို ဒုစရိုက်အပြစ်အားဖြင့် ဆုံးရှုံးစေတော်မူပြီ။
Burmese 1928
မျက် နှာ တော် လွှဲ လျက် ဒု စ ရိုက် တန် ခိုး လက် အောက် သို့၊ အ ကျွန်ုပ် တို့ ကို အပ် လိုက် တော် မူ ပြီး ဖြစ်၍၊ နာ မ တော် အား ပ ဌ နာ ပြု သူ၊ ကိုယ် တော်၌ မှီ ဝဲ ရန် စိတ် ကို ဆော် သူ တစ် ဦး မျှ မ ရှိ ချေ။
Burmese 2021
နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​သော​သူ၊ ကိုယ်​တော်​ကို​မှီ​ဝဲ​ခြင်း​ငှာ ကိုယ်​ကို​ကိုယ် နှိုး​ဆော်​သော​သူ တစ်​ယောက်​မျှ​မ​ရှိ​ပါ။ အ​ကြောင်း​မူ​ကား၊ မျက်​နှာ​တော်​ကို​လွှဲ၍ အ​ကျွန်ုပ်​တို့​ကို ဒု​စ​ရိုက်​အ​ပြစ်​အား​ဖြင့် ဆုံး​ရှုံး​စေ​တော်​မူ​ပြီ။
Burmese JBZV
နာ​မ​ေတာ္​ကို ပ​တၳ​နာ​ျပဳ​ေသာ​သူ၊ ကိုယ္​ေတာ္​ကို​မွီ​ဝဲ​ျခင္း​ငွာ ကိုယ္​ကို​ကိုယ္ ႏွိုး​ေဆာ္​ေသာ​သူ တစ္​ေယာက္​မၽွ​မ​ရွိ​ပါ။ အ​ေၾကာင္း​မူ​ကား၊ မ်က္​ႏွာ​ေတာ္​ကို​လႊဲ၍ အ​ကၽြန္ုပ္​တို႔​ကို ဒု​စ​ရိုက္​အ​ျပစ္​အား​ျဖင့္ ဆုံး​ရွုံး​ေစ​ေတာ္​မူ​ၿပီ။
Burmese MCLZV
ကိုယ္​ေတာ္​ရွင္​၏​နာ​မ​ေတာ္​ႏွင့္​ထံ​ေတာ္​သို႔ တစ္​ဦး​တစ္​ေယာက္​မၽွ​ဆု​ေတာင္း​ပတၳ​နာ​မ ျပဳ​ပါ။ ``ကူ​မ​ေတာ္​မူ​ပါ'' ဟု​လည္း​တစ္​ဦး တစ္​ေယာက္​မၽွ​လာ​ေရာက္​ပန္​ၾကား​မွု​မ​ျပဳ ပါ။ ကၽြန္​ေတာ္​မ်ိဳး​တို႔​အ​ျပစ္​မ်ား​ေၾကာင့္ ကိုယ္​ေတာ္​ရွင္​သည္​မ်က္​ႏွာ​ေတာ္​ကို​လႊဲ ေတာ္​မူ​၍​ကၽြန္​ေတာ္​မ်ိဳး​တို႔​အား​စြန႔္​ပစ္ ေတာ္​မူ​ပါ​ၿပီ။
Burmese MSBU
ကိုယ်တော်​သည် အကျွန်ုပ်​တို့​ထံမှ မျက်နှာ​တော်​ကို​လွှဲ​၍ ဒုစရိုက်​လက်​ထဲ၌ အကျွန်ုပ်​တို့​ကို နစ်မွန်း​စေ ​သဖြင့် ကိုယ်တော်​၏​နာမ​တော်​ကို​ခေါ်​သော​သူ​၊ မိမိ​စိတ်​ကို နှိုးဆော်​၍ ကိုယ်တော်​ကို ဖက်တွယ်​သော​သူ​တစ်ယောက်မျှ​မ​ရှိ​။
Burmese MSBZ
ကိုယ္ေတာ္​သည္ အကြၽႏ္ုပ္​တို႔​ထံမွ မ်က္ႏွာ​ေတာ္​ကို​လႊဲ​၍ ဒုစ႐ိုက္​လက္​ထဲ၌ အကြၽႏ္ုပ္​တို႔​ကို နစ္မြန္း​ေစ ​သျဖင့္ ကိုယ္ေတာ္​၏​နာမ​ေတာ္​ကို​ေခၚ​ေသာ​သူ​၊ မိမိ​စိတ္​ကို ႏႈိးေဆာ္​၍ ကိုယ္ေတာ္​ကို ဖက္တြယ္​ေသာ​သူ​တစ္ေယာက္မွ်​မ​ရွိ​။