Isaiah 8:13 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
အနန္တတန်ခိုးရှင်ထာဝရဘုရားသည်မြင့် မြတ်သန့်ရှင်းတော်မူကြောင်းကိုမမေ့မလျော့ နှင့်။ သင်ကြောက်ရမည့်သူကားငါပင်တည်း။-
Burmese 1835 Version Judson
ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားကို ရိုသေခြင်းရှိကြလော့။ ထိုဘုရားကိုသာ ကြောက်ရွံ့ခြင်း၊ ထိန့်လန့်ခြင်းရှိကြလော့။
Burmese 1928
ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား ကို သီး သန့်၍ ကြောက် မက် ထိတ် လန့် ဖွယ် မှတ် ကြ လော့။
Burmese 2021
ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားကို ရိုသေခြင်းရှိကြလော့။ ထိုဘုရားကိုသာ ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်း ရှိကြလော့။
Burmese JBZV
ေကာင္းကင္ဗိုလ္ေၿခ အရွင္ထာဝရဘုရားကို ရိုေသျခင္းရွိၾကေလာ့။ ထိုဘုရားကိုသာ ေၾကာက္ရြံ့ျခင္း၊ ထိတ္လန္႔ျခင္း ရွိၾကေလာ့။
Burmese MCLZV
အနႏၲတန္ခိုးရွင္ထာဝရဘုရားသည္ျမင့္ ျမတ္သန႔္ရွင္းေတာ္မူေၾကာင္းကိုမေမ့မေလ်ာ့ ႏွင့္။ သင္ေၾကာက္ရမည့္သူကားငါပင္တည္း။-
Burmese MSBU
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သန့်ရှင်းသည်ဟု သိမှတ်ရမည်။ ကိုယ်တော်သည်သာ သင်တို့ကြောက်ရွံ့ရာ၊ သင်တို့ထိတ်လန့်ရာ ဖြစ်တော်မူ၏။
Burmese MSBZ
ေကာင္းကင္ဗိုလ္ေျခအရွင္ထာဝရဘုရားသည္ သန႔္ရွင္းသည္ဟု သိမွတ္ရမည္။ ကိုယ္ေတာ္သည္သာ သင္တို႔ေၾကာက္႐ြံ႕ရာ၊ သင္တို႔ထိတ္လန႔္ရာ ျဖစ္ေတာ္မူ၏။