James 2:3 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သင်တို့သည်ဝတ်ကောင်းစားလှဝတ်ဆင်ထား သူအားအရေးပေးလျက်``ဤနေရာတွင်ထိုင် ပါ'' ဟူ၍လည်းကောင်း၊ ဆင်းရဲသူအား``ထို နေရာတွင်ရပ်နေလော့'' ဟူ၍လည်းကောင်း ဆိုပါမူ၊-
Burmese 1835 Version Judson
တင့်တယ်သောအဝတ်ကို ဝတ်ဆင်သောသူကိုကြည့်၍၊ ကောင်းမွန်သော ဤအရပ်မှာထိုင်ပါဟူ၍၎င်း၊ ဆင်းရဲသောသူကို၊ ဟိုမှာနေလော့၊ သို့မဟုတ်ဤအရပ်မှာ ငါ့ခြေတင်ခုံအောက်၌ ထိုင်လော့ဟူ၍၎င်း၊ သင်တို့သည် ပြောဆိုလျှင်၊
Burmese 1928
အ ဝတ် ကောင်း ဝတ် ဆင် သူ ကို ထောက် ထား၍ သင် တို့ က ဤ နေ ရာ ကောင်း မှာ ထိုင် ပါ ဟူ၍ လည်း ကောင်း၊ ဆင်း ရဲ သူ့ အား ထို တွင် ရပ် နေ လော့၊ သို့ မ ဟုတ် ငါ့ ခြေ တင် ခုံ အ နီး အောက် မှာ ထိုင် လော့ ဟူ ၍ လည်း ကောင်း ပြော ဆို လျှင်၊
Burmese 2021
တင့်တယ်သောအဝတ်ကို ဝတ်ဆင်သောသူကို ကြည့်၍၊ ကောင်းမွန်သော ဤအရပ်မှာထိုင်ပါ ဟူ၍လည်းကောင်း၊ ဆင်းရဲသောသူကို၊ ဟိုမှာနေလော့၊ သို့မဟုတ် ဤအရပ်မှာ ငါ့ခြေတင်ခုံအောက်၌ ထိုင်လော့ဟူ၍လည်းကောင်း၊ သင်တို့သည် ပြောဆိုလျှင်၊-
Burmese JBZV
တင့္တယ္ေသာအဝတ္ကို ဝတ္ဆင္ေသာသူကို ၾကည့္၍၊ ေကာင္းမြန္ေသာ ဤအရပ္မွာထိုင္ပါ ဟူ၍လည္းေကာင္း၊ ဆင္းရဲေသာသူကို၊ ဟိုမွာေနေလာ့၊ သို႔မဟုတ္ ဤအရပ္မွာ ငါ့ေျခတင္ခုံေအာက္၌ ထိုင္ေလာ့ဟူ၍လည္းေကာင္း၊ သင္တို႔သည္ ေျပာဆိုလၽွင္၊-
Burmese MCLZV
သင္တို႔သည္ဝတ္ေကာင္းစားလွဝတ္ဆင္ထား သူအားအေရးေပးလ်က္``ဤေနရာတြင္ထိုင္ ပါ'' ဟူ၍လည္းေကာင္း၊ ဆင္းရဲသူအား``ထို ေနရာတြင္ရပ္ေနေလာ့'' ဟူ၍လည္းေကာင္း ဆိုပါမူ၊-
Burmese MSBU
သင်တို့သည် တင့်တယ်သောအဝတ်ဝတ်ဆင်ထားသောသူကို ဂရုစိုက်လျက် “သင်သည် ဤနေရာကောင်းတွင် ထိုင်ပါ”ဟု ဆို၍ ဆင်းရဲသောသူကိုမူကား “သင်သည် ထိုနေရာတွင်ရပ်နေပါ၊ သို့မဟုတ် ငါ၏ခြေရင်းကြမ်းပြင်ပေါ်၌ ထိုင်ပါ”ဟု ဆိုလျှင်
Burmese MSBZ
သင္တို႔သည္ တင့္တယ္ေသာအဝတ္ဝတ္ဆင္ထားေသာသူကို ဂ႐ုစိုက္လ်က္ “သင္သည္ ဤေနရာေကာင္းတြင္ ထိုင္ပါ”ဟု ဆို၍ ဆင္းရဲေသာသူကိုမူကား “သင္သည္ ထိုေနရာတြင္ရပ္ေနပါ၊ သို႔မဟုတ္ ငါ၏ေျခရင္းၾကမ္းျပင္ေပၚ၌ ထိုင္ပါ”ဟု ဆိုလွ်င္