Jeremiah 14:19 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်ယုဒ ပြည်ကို အပြီးအပိုင်ပစ်ပယ်တော်မူပါပြီလော။ ဇိအုန်မြို့သားတို့အားမုန်းတီးရွံရှာတော် မူပါသလော။ ကျွန်တော်မျိုးတို့၏အနာကိုကုသ၍ မရနိုင်သည့်တိုင်အောင် အဘယ်ကြောင့်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့အား၊ဤမျှပြင်းထန်စွာ ထိခိုက်ဒဏ်ရာရစေတော်မူပါသနည်း။ ကျွန်တော်မျိုးတို့သည်ငြိမ်းချမ်းသာယာမှုကို စောင့်မျှော်ကြသော်လည်းအချည်းနှီးသာ ဖြစ်ပါ၏။ အနာပျောက်လိမ့်မည်ဟုမျှော်လင့်ကြသော်လည်း ထိတ်လန့်၍သာလာရကြပါ၏။
Burmese 1835 Version Judson
ကိုယ်တော်သည် ယုဒပြည်ကို အကုန်အစင် ပယ်တော်မူသလော။ ဇိအုန်မြို့ကို စက်ဆုပ်ရွံရှာတော်မူသလော။ ချမ်းသာမရအောင် အကျွန်ုပ်တို့ကို အဘယ်ကြောင့် ဒဏ်ခတ်တော်မူသနည်း။ အကျွန်ုပ်တို့ သည် ငြိမ်သက်ခြင်းကို မြော်လင့်သော်လည်း၊ ကောင်းကျိုး ကို မရကြပါ။ ချမ်းသာကို မြော်လင့်သော်လည်း၊ ဘေးနှင့် သာ တွေ့ရကြပါ၏။
Burmese 1928
ယု ဒ ပြည် ကို စွန့် ပစ် ပယ် ထား တော် မူ ပြီ လော။ ဇိ အုန် မြို့ ကို စက် ဆုပ် သော စိတ် တော် ရှိ သ လော။ သက် သာ ခွင့် မ ရ သည့် တိုင် အောင်၊ အ ကျွန်ုပ် တို့ ကို အ ဘယ့် ကြောင့် ဒဏ် ခတ် တော် မူ သ နည်း။ ချမ်း သာ ကို စောင့် မြော် ကြ သော် လည်း၊ သု ခ မ ခံ စား ရ ချေ။ သက် သာ ခြင်း ကာ လ ကို တောင့် တ ကြ သော် လည်း၊ ကြောက် မက် ဖွယ် ဘေး သင့် ပါ ပြီ တ ကား။
Burmese 2021
ကိုယ်တော်သည် ယုဒပြည်ကို အကုန်အစင်ပယ်တော်မူသလော။ ဇိအုန်မြို့ကို စက်ဆုပ်ရွံရှာတော်မူသလော။ ချမ်းသာမရအောင် အကျွန်ုပ်တို့ကို အဘယ်ကြောင့် ဒဏ်ခတ်တော်မူသနည်း။ အကျွန်ုပ်တို့သည် ငြိမ်သက်ခြင်းကိုမျှော်လင့်သော်လည်း၊ ကောင်းကျိုးကို မရကြပါ။ ချမ်းသာကို မျှော်လင့်သော်လည်း၊ ဘေးနှင့်သာတွေ့ရကြပါ၏။
Burmese JBZV
ကိုယ္ေတာ္သည္ ယုဒျပည္ကို အကုန္အစင္ပယ္ေတာ္မူသေလာ။ ဇိအုန္ၿမိဳ႕ကို စက္ဆုပ္ရြံရွာေတာ္မူသေလာ။ ခ်မ္းသာမရေအာင္ အကၽြန္ုပ္တို႔ကို အဘယ္ေၾကာင့္ ဒဏ္ခတ္ေတာ္မူသနည္း။ အကၽြန္ုပ္တို႔သည္ ၿငိမ္သက္ျခင္းကိုေမၽွာ္လင့္ေသာ္လည္း၊ ေကာင္းက်ိဳးကို မရၾကပါ။ ခ်မ္းသာကို ေမၽွာ္လင့္ေသာ္လည္း၊ ေဘးႏွင့္သာေတြ႕ရၾကပါ၏။
Burmese MCLZV
အို ထာဝရဘုရား၊ကိုယ္ေတာ္ရွင္သည္ယုဒ ျပည္ကို အၿပီးအပိုင္ပစ္ပယ္ေတာ္မူပါၿပီေလာ။ ဇိအုန္ၿမိဳ႕သားတို႔အားမုန္းတီးရြံရွာေတာ္ မူပါသေလာ။ ကၽြန္ေတာ္မ်ိဳးတို႔၏အနာကိုကုသ၍ မရနိုင္သည့္တိုင္ေအာင္ အဘယ္ေၾကာင့္ကိုယ္ေတာ္ရွင္သည္ ကၽြန္ေတာ္မ်ိဳးတို႔အား၊ဤမၽွျပင္းထန္စြာ ထိခိုက္ဒဏ္ရာရေစေတာ္မူပါသနည္း။ ကၽြန္ေတာ္မ်ိဳးတို႔သည္ၿငိမ္းခ်မ္းသာယာမွုကို ေစာင့္ေမၽွာ္ၾကေသာ္လည္းအခ်ည္းႏွီးသာ ျဖစ္ပါ၏။ အနာေပ်ာက္လိမ့္မည္ဟုေမၽွာ္လင့္ၾကေသာ္လည္း ထိတ္လန႔္၍သာလာရၾကပါ၏။
Burmese MSBU
ကိုယ်တော်သည် ယုဒပြည်ကို လုံးလုံးစွန့်ပစ်တော်မူပြီလော။ ကိုယ်တော်၏စိတ်ဝိညာဉ်သည် ဇိအုန်မြို့ကို ရွံရှာတော်မူပြီလော။ အကျွန်ုပ်တို့ကို ကုသ၍မရနိုင်သည့်တိုင်အောင် အဘယ်ကြောင့် ဒဏ်ခတ်တော်မူသနည်း။ ငြိမ်းချမ်းမှုကိုစောင့်မျှော်သော်လည်း အကျိုးမခံစားရပါ။ ကုသရာကာလကိုစောင့်မျှော်သော်လည်း ကြောက်လန့်စရာနှင့်သာကြုံရပါ၏။
Burmese MSBZ
ကိုယ္ေတာ္သည္ ယုဒျပည္ကို လုံးလုံးစြန႔္ပစ္ေတာ္မူၿပီေလာ။ ကိုယ္ေတာ္၏စိတ္ဝိညာဥ္သည္ ဇိအုန္ၿမိဳ႕ကို ႐ြံရွာေတာ္မူၿပီေလာ။ အကြၽႏ္ုပ္တို႔ကို ကုသ၍မရႏိုင္သည့္တိုင္ေအာင္ အဘယ္ေၾကာင့္ ဒဏ္ခတ္ေတာ္မူသနည္း။ ၿငိမ္းခ်မ္းမႈကိုေစာင့္ေမွ်ာ္ေသာ္လည္း အက်ိဳးမခံစားရပါ။ ကုသရာကာလကိုေစာင့္ေမွ်ာ္ေသာ္လည္း ေၾကာက္လန႔္စရာႏွင့္သာႀကဳံရပါ၏။