Jeremiah 18:11 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သို့ဖြစ်၍ငါသည်ယုဒပြည်သားများနှင့် ယေရုရှလင်မြို့သူမြို့သားတို့အား ဆန့်ကျင် ဘက်ပြုရန်ကြံစည်လျက်နေတော်မူကြောင်း ကိုလည်းကောင်း၊ အပြစ်ဒဏ်ခတ်ရန်ပြင်ဆင် လျက်နေတော်မူကြောင်းကိုလည်းကောင်းပြော ကြားလော့။ အသီးသီးဒုစရိုက်တွင်ကျင် လည်မှုကိုရပ်စဲကြရန်၊ မိမိတို့လမ်းစဉ် နှင့်အကျင့်အကြံများကိုပြောင်းလဲကြ ရန်သူတို့အားထာဝရဘုရားဆင့်ဆို မှာကြားကြောင်းပြောကြားလော့။-
Burmese 1835 Version Judson
ယခုမှာ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့အဘို့ ဘေးဒဏ်ကို ငါပြင်ဆင်၏။ သင်တို့ကို ဆန့်ကျင်ဘက်ပြု၍ ငါကြံစည်၏။ သို့ဖြစ်၍၊ ဆိုးသော လမ်းမှ အသီးအသီး ပြန်လာကြလော့။ သင်တို့လိုက်သော လမ်းနှင့် သင်တို့ကျင့်သော အကျင့်ကို ဖြောင့်စေကြလော့ ဟု၊ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့အား ဆင့်ဆို လော့။
Burmese 1928
သို့ ဖြစ် ၍ ယု ဒ ပြည် သူ ယေ ရု ရှ လင် မြို့ သား တို့ အား၊ သင် က၊ ငါ သည် သင် တို့ နှင့် စပ် လျဉ်း ၍၊ မ ကောင်း ကျိုး ကို ပုံ ချ လျက်၊ အန္တ ရာယ် ကို ရှာ ကြံ လျက် နေ သော ကြောင့်၊ ကိုယ့် မ ကောင်း လမ်း ကို၊ အ သီး အ သီး ကြဉ် ရှောင် ၍၊ အ လေ့ အ လာ အ ကျင့် အ ကြံ များ ကို ပြု ပြင် ကြ လေ ဟု၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို ကြောင်း၊ ကြော် ငြာ လော့။
Burmese 2021
ယခုမှာ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့အဖို့ ဘေးဒဏ်ကို ငါပြင်ဆင်၏။ သင်တို့ကို ဆန့်ကျင်ဘက်ပြု၍ ငါကြံစည်၏။ သို့ဖြစ်၍၊ ဆိုးသောလမ်းမှ အသီးအသီး ပြန်လာကြလော့။ သင်တို့လိုက်သောလမ်းနှင့် သင်တို့ကျင့်သော အကျင့်ကို ဖြောင့်စေကြလော့ဟု၊ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့အား ဆင့်ဆိုလော့။
Burmese JBZV
ယခုမွာ ထာဝရဘုရား မိန္႔ေတာ္မူသည္ကား၊ သင္တို႔အဖို႔ ေဘးဒဏ္ကို ငါျပင္ဆင္၏။ သင္တို႔ကို ဆန္႔က်င္ဘက္ျပဳ၍ ငါႀကံစည္၏။ သို႔ျဖစ္၍၊ ဆိုးေသာလမ္းမွ အသီးအသီး ျပန္လာၾကေလာ့။ သင္တို႔လိုက္ေသာလမ္းႏွင့္ သင္တို႔က်င့္ေသာ အက်င့္ကို ေျဖာင့္ေစၾကေလာ့ဟု၊ ယုဒျပည္သူ၊ ေယ႐ုရွလင္ၿမိဳ႕သားတို႔အား ဆင့္ဆိုေလာ့။
Burmese MCLZV
သို႔ျဖစ္၍ငါသည္ယုဒျပည္သားမ်ားႏွင့္ ေယ႐ုရွလင္ၿမိဳ႕သူၿမိဳ႕သားတို႔အား ဆန႔္က်င္ ဘက္ျပဳရန္ႀကံစည္လ်က္ေနေတာ္မူေၾကာင္း ကိုလည္းေကာင္း၊ အျပစ္ဒဏ္ခတ္ရန္ျပင္ဆင္ လ်က္ေနေတာ္မူေၾကာင္းကိုလည္းေကာင္းေျပာ ၾကားေလာ့။ အသီးသီးဒုစရိုက္တြင္က်င္ လည္မွုကိုရပ္စဲၾကရန္၊ မိမိတို႔လမ္းစဥ္ ႏွင့္အက်င့္အႀကံမ်ားကိုေျပာင္းလဲၾက ရန္သူတို႔အားထာဝရဘုရားဆင့္ဆို မွာၾကားေၾကာင္းေျပာၾကားေလာ့။-
Burmese MSBU
ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် သင်တို့ခံရမည့် ဘေးအန္တရာယ်ကို ပြင်ဆင်နေပြီ။ သင်တို့ကိုဆန့်ကျင်မည့်အကြံအစည်ကို ကြံစည်နေပြီ။ မကောင်းသောလမ်းမှ အသီးသီးပြန်လာကြ။ သင်တို့၏အပြုအမူအကျင့်အကြံတို့ကို ပြုပြင်ကြ”ဟူ၍ မိန့်တော်မူကြောင်း ယုဒပြည်သူ၊ ဂျေရုဆလင်မြို့သားတို့အား ယခု ဆင့်ဆိုလော့။
Burmese MSBZ
ထို႔ေၾကာင့္ ထာဝရဘုရားက “ၾကည့္ရႈေလာ့။ ငါသည္ သင္တို႔ခံရမည့္ ေဘးအႏၲရာယ္ကို ျပင္ဆင္ေနၿပီ။ သင္တို႔ကိုဆန႔္က်င္မည့္အႀကံအစည္ကို ႀကံစည္ေနၿပီ။ မေကာင္းေသာလမ္းမွ အသီးသီးျပန္လာၾက။ သင္တို႔၏အျပဳအမူအက်င့္အႀကံတို႔ကို ျပဳျပင္ၾက”ဟူ၍ မိန႔္ေတာ္မူေၾကာင္း ယုဒျပည္သူ၊ ေဂ်႐ုဆလင္ၿမိဳ႕သားတို႔အား ယခု ဆင့္ဆိုေလာ့။