Jeremiah 19:8 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ငါသည်ဤမြို့အပေါ်သို့အလွန်ဆိုးရွားသည့် ဘေးအန္တရာယ်ကိုသက်ရောက်စေမည်ဖြစ်၍ အနီး မှဖြတ်သန်းသွားလာသူတို့သည် ထိုမြို့၏ဖြစ် အင်ကိုမြင်၍ကဲ့ရဲ့ကြလိမ့်မည်။ စိတ်ထိခိုက် လျက်အံ့သြတွေဝေသွားကြလိမ့်မည်။-
Burmese 1835 Version Judson
ဤမြို့ကိုလည်း လူဆိတ်ညံရာ၊ ကဲ့ရဲ့သံကို ကြားရာအရပ်ဖြစ်စေမည်။ လမ်း၌ရှောက်သွားသမျှသော သူတို့သည် ဤမြို့ခံရသော ဘေးအလုံးစုံတို့ကို မြင်သော အခါ၊ အံ့ဩ၍ ကဲ့ရဲ့သံကို ပြုကြလိမ့်မည်။
Burmese 1928
သီ သွား သူ တိုင်း၊ ဒဏ် ချက် များ ကို ထောက် ၍၊ အံ့ အား သင့် လျက် ပြက် ရယ် ပြု ရ သည့် တိုင် အောင်၊ ဤ မြို့ ကို ပြက် ရယ် ပြု ရာ အံ့ ဖွယ် သ ရဲ ဖြစ် စေ မည်။
Burmese 2021
ဤမြို့ကိုလည်း လူဆိတ်ညံရာ၊ ကဲ့ရဲ့သံကို ကြားရာအရပ် ဖြစ်စေမည်။ လမ်း၌ လျှောက်သွားသမျှသော သူတို့သည် ဤမြို့ခံရသော ဘေးအလုံးစုံတို့ကို မြင်သောအခါ၊ အံ့ဩ၍ ကဲ့ရဲ့သံကို ပြုကြလိမ့်မည်။
Burmese JBZV
ဤၿမိဳ႕ကိုလည္း လူဆိတ္ညံရာ၊ ကဲ့ရဲ့သံကို ၾကားရာအရပ္ ျဖစ္ေစမည္။ လမ္း၌ ေလၽွာက္သြားသမၽွေသာ သူတို႔သည္ ဤၿမိဳ႕ခံရေသာ ေဘးအလုံးစုံတို႔ကို ျမင္ေသာအခါ၊ အံ့ဩ၍ ကဲ့ရဲ့သံကို ျပဳၾကလိမ့္မည္။
Burmese MCLZV
ငါသည္ဤၿမိဳ႕အေပၚသို႔အလြန္ဆိုးရြားသည့္ ေဘးအႏၲရာယ္ကိုသက္ေရာက္ေစမည္ျဖစ္၍ အနီး မွျဖတ္သန္းသြားလာသူတို႔သည္ ထိုၿမိဳ႕၏ျဖစ္ အင္ကိုျမင္၍ကဲ့ရဲ့ၾကလိမ့္မည္။ စိတ္ထိခိုက္ လ်က္အံ့ၾသေတြေဝသြားၾကလိမ့္မည္။-
Burmese MSBU
ဤမြို့ကို လူသူကင်းမဲ့ရာ၊ ကဲ့ရဲ့ပြစ်တင်စရာဖြစ်စေမည်။ ဤမြို့ခံရသောဘေးဒဏ်ကြောင့် ဤမြို့နား ဖြတ်သန်းသွားသောသူတိုင်း အံ့ဩကြလိမ့်မည်၊ ကဲ့ရဲ့ကြလိမ့်မည်။
Burmese MSBZ
ဤၿမိဳ႕ကို လူသူကင္းမဲ့ရာ၊ ကဲ့ရဲ႕ျပစ္တင္စရာျဖစ္ေစမည္။ ဤၿမိဳ႕ခံရေသာေဘးဒဏ္ေၾကာင့္ ဤၿမိဳ႕နား ျဖတ္သန္းသြားေသာသူတိုင္း အံ့ဩၾကလိမ့္မည္၊ ကဲ့ရဲ႕ၾကလိမ့္မည္။