Jeremiah 2:27 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သစ်ပင်အား`အရှင်သည်အကျွန်ုပ်အဖဖြစ်ပါ သည်' ဟူ၍လည်းကောင်း၊ ကျောက်တုံးအား`အရှင် သည်အကျွန်ုပ်အမိဖြစ်ပါသည်' ဟူ၍လည်း ကောင်းသင်တို့ပြောဆိုကြ၏။ သင်တို့သည်ငါ ၏ဘက်သို့မလှည့်၊ ငါ့အားကျောခိုင်း၍သွား ကြ၏။ သို့ရာတွင်သင်တို့သည်ဘေးအန္တရာယ် တွေ့သောအခါ၌မူကား၊ ငါ့အားကြွလာ တော်မူ၍သင်တို့ကိုကူမတော်မူရန်လျှောက် ထားကြ၏။
Burmese 1835 Version Judson
သစ်တုံးအား၊ ကိုယ်တော်သည် အကျွန်ုပ်အဘ ဖြစ်တော်မူ၏ဟူ၍၎င်း၊ ကျောက်အားလည်း၊ ကိုယ်တော် သည် အကျွန်ုပ် ကို ဘွားမြင်တော်မူပြီဟူ၍၎င်း ဆိုလျက်၊ စင်စစ်ငါ့ကို မျက်နှာမပြု၊ ကျောခိုင်းကြသော်လည်း၊ အမှု ရောက်လျှင်မူကား၊ ထတော်မူပါ၊ အကျွန်ုပ်တို့ကို ကယ်မ တော်မူပါဟု လျှောက်တတ်ကြ၏။
Burmese 1928
သစ် ရုပ် အား၊ ငါ့ အ ဘ၊ ကျောက် ရုပ် အား၊ ငါ့ ကို ဖြစ် ပွား စေ သော အ ရှင် ဟု ဆို ရာ၌ အ ရှက် ရ ကြ၏။ ထို သူ တို့ သည် ငါ မှ မျက် နှာ လွှဲ၍ ကျော ခိုင်း ကြ ပြီ မှန် သော် လည်း ဒု က္ခ တွေ့ လျှင် ထ ကြွ ကယ် မ တော် မူ ပါ ဟု တ ကြ လိမ့် မည်။
Burmese 2021
သစ်တုံးအား၊ ကိုယ်တော်သည် အကျွန်ုပ်အဘဖြစ်တော်မူ၏ ဟူ၍လည်းကောင်း၊ ကျောက်အားလည်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို ဖွားမြင်တော်မူပြီ ဟူ၍လည်းကောင်းဆိုလျက်၊ စင်စစ် ငါ့ကို မျက်နှာမပြု၊ ကျောခိုင်းကြသော်လည်း၊ အမှုရောက်လျှင်မူကား၊ ထတော်မူပါ၊ အကျွန်ုပ်တို့ကို ကယ်မတော်မူပါဟု လျှောက်တတ်ကြ၏။
Burmese JBZV
သစ္တုံးအား၊ ကိုယ္ေတာ္သည္ အကၽြန္ုပ္အဘျဖစ္ေတာ္မူ၏ ဟူ၍လည္းေကာင္း၊ ေက်ာက္အားလည္း၊ ကိုယ္ေတာ္သည္ အကၽြန္ုပ္ကို ဖြားျမင္ေတာ္မူၿပီ ဟူ၍လည္းေကာင္းဆိုလ်က္၊ စင္စစ္ ငါ့ကို မ်က္ႏွာမျပဳ၊ ေက်ာခိုင္းၾကေသာ္လည္း၊ အမွုေရာက္လၽွင္မူကား၊ ထေတာ္မူပါ၊ အကၽြန္ုပ္တို႔ကို ကယ္မေတာ္မူပါဟု ေလၽွာက္တတ္ၾက၏။
Burmese MCLZV
သစ္ပင္အား`အရွင္သည္အကၽြန္ုပ္အဖျဖစ္ပါ သည္' ဟူ၍လည္းေကာင္း၊ ေက်ာက္တုံးအား`အရွင္ သည္အကၽြန္ုပ္အမိျဖစ္ပါသည္' ဟူ၍လည္း ေကာင္းသင္တို႔ေျပာဆိုၾက၏။ သင္တို႔သည္ငါ ၏ဘက္သို႔မလွည့္၊ ငါ့အားေက်ာခိုင္း၍သြား ၾက၏။ သို႔ရာတြင္သင္တို႔သည္ေဘးအႏၲရာယ္ ေတြ႕ေသာအခါ၌မူကား၊ ငါ့အားႂကြလာ ေတာ္မူ၍သင္တို႔ကိုကူမေတာ္မူရန္ေလၽွာက္ ထားၾက၏။
Burmese MSBU
သူတို့က သစ်ပင်အား ‘အကျွန်ုပ်၏ဖခင်’၊ ကျောက်တုံးအား ‘အကျွန်ုပ်တို့ကိုမွေးဖွားသူ’ဟု ဆိုကြ၏။ ငါ့ကိုကား မျက်နှာလွှဲ၍ ကျောခိုင်းသွားကြ၏။ သို့သော် ဒုက္ခရောက်ချိန်၌ ‘ထတော်မူပါ၊ အကျွန်ုပ်တို့ကိုကယ်တော်မူပါ’ဟု ဆိုတတ်ကြ၏။
Burmese MSBZ
သူတို႔က သစ္ပင္အား ‘အကြၽႏ္ုပ္၏ဖခင္’၊ ေက်ာက္တုံးအား ‘အကြၽႏ္ုပ္တို႔ကိုေမြးဖြားသူ’ဟု ဆိုၾက၏။ ငါ့ကိုကား မ်က္ႏွာလႊဲ၍ ေက်ာခိုင္းသြားၾက၏။ သို႔ေသာ္ ဒုကၡေရာက္ခ်ိန္၌ ‘ထေတာ္မူပါ၊ အကြၽႏ္ုပ္တို႔ကိုကယ္ေတာ္မူပါ’ဟု ဆိုတတ္ၾက၏။