Jeremiah 20:10 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ကျွန်တော်မျိုးသည်လူတို့တီးတိုးပြောဆိုနေသံကို ကြားရပါ၏။ သူတို့သည်ကျွန်တော်မျိုးအား``နေရာတိုင်းတွင် ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသူ'' ဟု နာမည်ပေးပြီးလျှင်``သူ့အကြောင်းကို အာဏာပိုင်တို့အားသတင်းပေးကြကုန်အံ့၊'' ဟုဆိုကြပါ၏။ ကျွန်တော်မျိုး၏ရင်းနှီးသောမိတ်ဆွေများပင်လျှင် ကျွန်တော်မျိုးပြိုလဲသည်ကိုစောင့်မျှော်နေကြ ပါ၏။ သူတို့က``သူ့အားငါတို့လှည့်စား၍ ရကောင်းရပေလိမ့်မည်။ အငိုက်ဖမ်း၍လက်စားချေနိုင်လိမ့်မည်'' ဟု ဆိုကြပါ၏။
Burmese 1835 Version Judson
လူများ ကဲ့ရဲ့ပြစ်တင်ခြင်းကို ကြားရ၏။ ခပ် သိမ်းသော အရပ်တို့၌ ကြောက်မက်ဘွယ်သော အကြောင်းရှိ၏။ သူတပါးတို့က သိတင်းကို ကြားပြော ကြလော့။ ငါတို့သည် တဆင့်ကြားပြောလိမ့်မည်ဟု ဆိုကြ၏။ ငါ၏အနားမှာ အစဉ်နေသော ငါ၏မိတ်ဆွေ အပေါင်းတို့က၊ ငါတို့သည် သူ့ကိုနိုင်၍ အငြိုးထားသော စိတ်ပြေစေခြင်းငှါ၊ သူ့ကို သွေးဆောင်ကောင်း သွေး ဆောင်လိမ့်မည်ဟု ဆိုကြ၏။
Burmese 1928
အ ဘက် ဘက် က ကြောက် လန့် ဖွယ် ဖြစ် သော၊ အ များ တို့ ရှုတ် ချ ပြော ဆို ချက် ကို၊ အ ကျွန်ုပ် ကြား ရ ၏။ အကျွန်ုပ် ထော့ နဲ့ မည် ကို မြော် လင့် သော မိတ် ဆွေ ရင်း ဖြစ် ဖူး သူ အ ပေါင်း တို့ က၊ သူ့ အ ပြစ် ကို တင် လျှောက် ကြ လော့။ ငါ့ တို့ လည်း တင် လျှောက် ဦး မည်။ အ ကယ်၍ သွေး ဆောင် ရာ လိုက် ပါ ခဲ့ လျှင်၊ ငါ တို့ နိုင် သ ဖြင့်၊ လက် စား ချေ ရ လိမ့် မည် ဟု ဆို တတ် ကြ ၏။
Burmese 2021
လူများကဲ့ရဲ့ပြစ်တင်ခြင်းကို ကြားရ၏။ ခပ်သိမ်းသော အရပ်တို့၌ ကြောက်မက်ဖွယ်သော အကြောင်းရှိ၏။ သူတစ်ပါးတို့က သတင်းကို ကြားပြောကြလော့။ ငါတို့သည် တစ်ဆင့် ကြားပြောလိမ့်မည်ဟု ဆိုကြ၏။ ငါ၏အနားမှာ အစဉ်နေသော ငါ၏မိတ်ဆွေအပေါင်းတို့က၊ ငါတို့သည် သူ့ကိုနိုင်၍ အငြိုးထားသောစိတ်ပြေစေခြင်းငှာ၊ သူ့ကို သွေးဆောင်ကောင်း သွေးဆောင်လိမ့်မည်ဟု ဆိုကြ၏။
Burmese JBZV
လူမ်ားကဲ့ရဲ့ျပစ္တင္ျခင္းကို ၾကားရ၏။ ခပ္သိမ္းေသာ အရပ္တို႔၌ ေၾကာက္မက္ဖြယ္ေသာ အေၾကာင္းရွိ၏။ သူတစ္ပါးတို႔က သတင္းကို ၾကားေျပာၾကေလာ့။ ငါတို႔သည္ တစ္ဆင့္ ၾကားေျပာလိမ့္မည္ဟု ဆိုၾက၏။ ငါ၏အနားမွာ အစဥ္ေနေသာ ငါ၏မိတ္ေဆြအေပါင္းတို႔က၊ ငါတို႔သည္ သူ႔ကိုနိုင္၍ အၿငိဳးထားေသာစိတ္ေျပေစျခင္းငွာ၊ သူ႔ကို ေသြးေဆာင္ေကာင္း ေသြးေဆာင္လိမ့္မည္ဟု ဆိုၾက၏။
Burmese MCLZV
ကၽြန္ေတာ္မ်ိဳးသည္လူတို႔တီးတိုးေျပာဆိုေနသံကို ၾကားရပါ၏။ သူတို႔သည္ကၽြန္ေတာ္မ်ိဳးအား``ေနရာတိုင္းတြင္ ထိတ္လန႔္ေၾကာက္ရြံ့ဖြယ္ေကာင္းသူ'' ဟု နာမည္ေပးၿပီးလၽွင္``သူ႔အေၾကာင္းကို အာဏာပိုင္တို႔အားသတင္းေပးၾကကုန္အံ့၊'' ဟုဆိုၾကပါ၏။ ကၽြန္ေတာ္မ်ိဳး၏ရင္းႏွီးေသာမိတ္ေဆြမ်ားပင္လၽွင္ ကၽြန္ေတာ္မ်ိဳးၿပိဳလဲသည္ကိုေစာင့္ေမၽွာ္ေနၾက ပါ၏။ သူတို႔က``သူ႔အားငါတို႔လွည့္စား၍ ရေကာင္းရေပလိမ့္မည္။ အငိုက္ဖမ္း၍လက္စားေခ်နိုင္လိမ့္မည္'' ဟု ဆိုၾကပါ၏။
Burmese MSBU
အကြောင်းမူကား လူအများတို့က “ပတ်ပတ်လည်၌ ကြောက်လန့်စရာရှိ၏။ သတင်းပို့ကြစို့။ ငါတို့သတင်းပို့ကြစို့”ဟူ၍ တီးတိုးပြောသံကိုသာ ငါကြားရ၏။ အကျွန်ုပ်၏မိတ်ဆွေရင်းချာအပေါင်းတို့လည်း အကျွန်ုပ်ပြိုလဲသည်ကို စောင့်ကြည့်၍ “သူ့ကို လှည့်စား၍ ရကောင်းရနိုင်လိမ့်မည်။ သူ့ကို အနိုင်ယူမည်။ လက်တုံ့ပြန်မည်”ဟု ဆိုကြ၏။
Burmese MSBZ
အေၾကာင္းမူကား လူအမ်ားတို႔က “ပတ္ပတ္လည္၌ ေၾကာက္လန႔္စရာရွိ၏။ သတင္းပို႔ၾကစို႔။ ငါတို႔သတင္းပို႔ၾကစို႔”ဟူ၍ တီးတိုးေျပာသံကိုသာ ငါၾကားရ၏။ အကြၽႏ္ုပ္၏မိတ္ေဆြရင္းခ်ာအေပါင္းတို႔လည္း အကြၽႏ္ုပ္ၿပိဳလဲသည္ကို ေစာင့္ၾကည့္၍ “သူ႔ကို လွည့္စား၍ ရေကာင္းရႏိုင္လိမ့္မည္။ သူ႔ကို အႏိုင္ယူမည္။ လက္တုံ႔ျပန္မည္”ဟု ဆိုၾက၏။