Jeremiah 23:21 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထာဝရဘုရားက``ဤပရောဖက်တို့သည် ငါ မစေလွှတ်သော်လည်းထွက်သွားကြ၏။ သူတို့ အားအဘယ်ဗျာဒိတ်ကိုမျှငါမပေးသော် လည်း သူတို့သည်ငါ၏နာမတော်ကိုအမှီ ပြု၍ဟောပြောကြ၏။-
Burmese 1835 Version Judson
ငါမစေလွှတ်ဘဲ ထိုပရောဖက်တို့သည် ပြေးကြ ပြီ။ ငါမမှာထားဘဲ သူတို့သည် ကိုယ်အလိုအလျောက် ဟောပြောကြပြီ။
Burmese 1928
ထို ပ ရော ဖက် တို့ သည် ငါ စေ လွှတ် ခြင်း ကင်း လျက်၊ အ သော့ သွား ၍၊ ဗျာ ဒိတ် တော် ခံ ခြင်း ကင်း လျက်၊ ဟော ပြော ကြ သည် တ ကား။
Burmese 2021
ငါမစေလွှတ်ဘဲ ထိုပရောဖက်တို့သည် ပြေးကြပြီ။ ငါမမှာထားဘဲ သူတို့သည် ကိုယ်အလိုအလျောက် ဟောပြောကြပြီ။
Burmese JBZV
ငါမေစလႊတ္ဘဲ ထိုပေရာဖက္တို႔သည္ ေျပးၾကၿပီ။ ငါမမွာထားဘဲ သူတို႔သည္ ကိုယ္အလိုအေလ်ာက္ ေဟာေျပာၾကၿပီ။
Burmese MCLZV
ထာဝရဘုရားက``ဤပေရာဖက္တို႔သည္ ငါ မေစလႊတ္ေသာ္လည္းထြက္သြားၾက၏။ သူတို႔ အားအဘယ္ဗ်ာဒိတ္ကိုမၽွငါမေပးေသာ္ လည္း သူတို႔သည္ငါ၏နာမေတာ္ကိုအမွီ ျပဳ၍ေဟာေျပာၾက၏။-
Burmese MSBU
“ထိုပရောဖက်တို့ကို ငါမစေလွှတ်သော်လည်း သူတို့အပြေးအလွှားသွားကြပြီ။ ငါမမိန့်မှာသော်လည်း သူတို့သဘောနှင့်သူတို့ ဟောပြောကြပြီ။
Burmese MSBZ
“ထိုပေရာဖက္တို႔ကို ငါမေစလႊတ္ေသာ္လည္း သူတို႔အေျပးအလႊားသြားၾကၿပီ။ ငါမမိန႔္မွာေသာ္လည္း သူတို႔သေဘာႏွင့္သူတို႔ ေဟာေျပာၾကၿပီ။