Jeremiah 25:4 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထာဝရဘုရားသည်အဖန်တလဲလဲ မိမိ ၏အစေခံပရောဖက်များကိုသင်တို့ထံ သို့စေလွှတ်တော်မူခဲ့သော်လည်း သင်တို့ သည်သူတို့၏စကားကိုနားမထောင် ကြ။ ပမာဏလည်းမပြုလိုကြ။-
Burmese 1835 Version Judson
ထာဝရဘုရားသည်လည်း၊ စောစောထ၍ မိမိကျွန် ပရောဖက်အပေါင်းတို့ကို၊ သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်တော်မူသော်လည်း၊ သင်တို့သည် နားမထောင်ကြ။ အမိန့်တော်ကို ကြားခြင်းငှါ နားကို မလှည့်ဘဲ နေကြ၏။
Burmese 1928
နာ ခံ နား ထောင် ခြင်း မ ပြု ဘဲ၊ သင် တို့ နေ ကြ လျက် ပင်၊ ဆိုး သွမ်း သော ကိုယ့် အ လေ့ အ လာ၊ ဆိုး သွမ်း သော ကိုယ့် အ ပြု အ ကျင့် များ မှ၊ အ သီး အ သီး ပြောင်း လဲ၍၊ ရှေး ကာ လ အ စဉ် မ ပြတ် ဘိုး ဘေး များ နှင့် သင် တို့ အား၊ ထာ ဝ ရ ဘု ရား ပေး တော် မူ ခဲ့ သော ပြည် တွင်၊ နေ ထိုင် ကြ ဦး လော့။ သင် တို့ အား ဒု က္ခ ပေး တော် မ မူ ရ စေ ခြင်း ငှာ၊ အ ခြား ဘု ရား များ နောက် လိုက် လျှောက် ဝတ် ပြု ရှိ ခိုး လျက်၊ ကိုယ့် လက် ဖြစ် ဘု ရား များ ဖြင့် အ မျက် တော် တိုက် မ ပြု ကြ လင့် ဟု၊ ဆင့် ဆို ရ သော ကျွန် တော် ရင်း ပ ရော ဖက် တို့ ကို၊ ထာ ဝ ရ ဘုရား သည် ဝိ ရိ ယ စိုက် ၍ စေ လွှတ် တော် မူ သော် လည်း၊
Burmese 2021
ထာဝရဘုရားသည်လည်း၊ စောစောထ၍ မိမိကျွန် ပရောဖက်အပေါင်းတို့ကို၊ သင်တို့ရှိရာသို့ အထပ်ထပ် စေလွှတ်တော်မူသော်လည်း၊ သင်တို့သည် နားမထောင်ကြ။ အမိန့်တော်ကို ကြားခြင်းငှာ နားကိုမလှည့်ဘဲ နေကြ၏။
Burmese JBZV
ထာဝရဘုရားသည္လည္း၊ ေစာေစာထ၍ မိမိကၽြန္ ပေရာဖက္အေပါင္းတို႔ကို၊ သင္တို႔ရွိရာသို႔ အထပ္ထပ္ ေစလႊတ္ေတာ္မူေသာ္လည္း၊ သင္တို႔သည္ နားမေထာင္ၾက။ အမိန္႔ေတာ္ကို ၾကားျခင္းငွာ နားကိုမလွည့္ဘဲ ေနၾက၏။
Burmese MCLZV
ထာဝရဘုရားသည္အဖန္တလဲလဲ မိမိ ၏အေစခံပေရာဖက္မ်ားကိုသင္တို႔ထံ သို႔ေစလႊတ္ေတာ္မူခဲ့ေသာ္လည္း သင္တို႔ သည္သူတို႔၏စကားကိုနားမေထာင္ ၾက။ ပမာဏလည္းမျပဳလိုၾက။-
Burmese MSBU
ထာဝရဘုရားသည် မိမိ၏အစေအပါးပရောဖက်အပေါင်းတို့ကို သင်တို့ရှိရာသို့ အကြိမ်ကြိမ်စေလွှတ်ဆင့်ဆိုစေသော်လည်း သင်တို့နားမထောင်ကြ။ ဂရုမစိုက်ကြ။
Burmese MSBZ
ထာဝရဘုရားသည္ မိမိ၏အေစအပါးပေရာဖက္အေပါင္းတို႔ကို သင္တို႔ရွိရာသို႔ အႀကိမ္ႀကိမ္ေစလႊတ္ဆင့္ဆိုေစေသာ္လည္း သင္တို႔နားမေထာင္ၾက။ ဂ႐ုမစိုက္ၾက။