Jeremiah 25:7 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
သို့​ရာ​တွင်​သင်​တို့​သည်​ကိုယ်​တော်​၏​စ​ကား ကို​နား​မ​ထောင်​ကြ​ကြောင်း ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​တိုင်​မိန့်​တော်​မူ​ပြီ။ သင်​တို့​သည် ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​မည့်​အ​စား မိ​မိ​တို့​ပြု​လုပ်​သည့်​ရုပ်​တု​များ​အား​ဖြင့် အ​မျက်​တော်​ကို​လှုံ့​ဆော်​ကာ ကိုယ်​တော်​ပေး တော်​မူ​သည့်​အ​ပြစ်​ဒဏ်​ကို​မိ​မိ​တို့​အ​ပေါ် သို့​သက်​ရောက်​စေ​ကြ​လေ​ပြီ။
Burmese 1835 Version Judson
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုသို့ ဆင့်ဆိုကြသော်လည်း၊ သင်တို့သည် ကိုယ်၌အကျိုးနည်း ဖြစ်စေခြင်းငှါ၊ ကိုယ်လက်နှင့် လုပ်သော အရာများအား ဖြင့်၊ ငါ၏အမျက်ကို ထွက်စေသော အခွင့်ရှိမည် အကြောင်း၊ ငါ့စကားကို နားမထောင်ဘဲနေကြပြီ။
Burmese 1928
ထာ ဝ ရ ဘု ရား မိန့် တော် မူ သည့် အ တိုင်း၊ သင် တို့ သည် ကိုယ့် လက် ဖြစ် ဘု ရား များ ဖြင့် ဒု က္ခ ရှာ ၍ အ မျက် တော် တိုက် သည့် တိုင် အောင်၊ မ နာ ခံ ကြ ချေ။
Burmese 2021
ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​သို့ ဆင့်​ဆို​ကြ​သော်​လည်း၊ သင်​တို့​သည် ကိုယ်၌​အ​ကျိုး​နည်း ဖြစ်​စေ​ခြင်း​ငှာ၊ ကိုယ်​လက်​နှင့်​လုပ်​သော အ​ရာ​များ​အား​ဖြင့်၊ ငါ၏​အ​မျက်​ကို ထွက်​စေ​သော​အ​ခွင့် ရှိ​မည်​အ​ကြောင်း၊ ငါ့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​ကြ​ပြီ။
Burmese JBZV
ထာ​ဝ​ရ​ဘု​ရား မိန္႔​ေတာ္​မူ​သည္​ကား၊ ထို​သို႔ ဆင့္​ဆို​ၾက​ေသာ္​လည္း၊ သင္​တို႔​သည္ ကိုယ္၌​အ​က်ိဳး​နည္း ျဖစ္​ေစ​ျခင္း​ငွာ၊ ကိုယ္​လက္​ႏွင့္​လုပ္​ေသာ အ​ရာ​မ်ား​အား​ျဖင့္၊ ငါ၏​အ​မ်က္​ကို ထြက္​ေစ​ေသာ​အ​ခြင့္ ရွိ​မည္​အ​ေၾကာင္း၊ ငါ့​စ​ကား​ကို နား​မ​ေထာင္​ဘဲ​ေန​ၾက​ၿပီ။
Burmese MCLZV
သို႔​ရာ​တြင္​သင္​တို႔​သည္​ကိုယ္​ေတာ္​၏​စ​ကား ကို​နား​မ​ေထာင္​ၾက​ေၾကာင္း ထာ​ဝ​ရ​ဘု​ရား ကိုယ္​ေတာ္​တိုင္​မိန႔္​ေတာ္​မူ​ၿပီ။ သင္​တို႔​သည္ ကိုယ္​ေတာ္​၏​စ​ကား​ကို​နား​ေထာင္​မည့္​အ​စား မိ​မိ​တို႔​ျပဳ​လုပ္​သည့္​႐ုပ္​တု​မ်ား​အား​ျဖင့္ အ​မ်က္​ေတာ္​ကို​လွုံ႔​ေဆာ္​ကာ ကိုယ္​ေတာ္​ေပး ေတာ္​မူ​သည့္​အ​ျပစ္​ဒဏ္​ကို​မိ​မိ​တို႔​အ​ေပၚ သို႔​သက္​ေရာက္​ေစ​ၾက​ေလ​ၿပီ။
Burmese MSBU
‘သင်​တို့​သည် ငါ့​စကား​ကို နား​မ​ထောင်​ကြ​။ သင်​တို့​ဒုက္ခ​ရောက်​အောင် သင်​တို့​လက်​နှင့်​လုပ်​သော​အရာ​များ​ဖြင့် ငါ့​အမျက်​ကို နှိုးဆော်​ကြ​ပြီ’​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။
Burmese MSBZ
‘သင္​တို႔​သည္ ငါ့​စကား​ကို နား​မ​ေထာင္​ၾက​။ သင္​တို႔​ဒုကၡ​ေရာက္​ေအာင္ သင္​တို႔​လက္​ႏွင့္​လုပ္​ေသာ​အရာ​မ်ား​ျဖင့္ ငါ့​အမ်က္​ကို ႏႈိးေဆာ္​ၾက​ၿပီ’​ဟု ထာဝရဘုရား​မိန႔္​ေတာ္မူ​၏​။