Jeremiah 26:11 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထိုနောက်ယဇ်ပုရောဟိတ်များနှင့်ပရောဖက် တို့ကခေါင်းဆောင်များနှင့်ပြည်သူတို့အား``ဤ သူသည်ငါတို့၏မြို့ကိုဆန့်ကျင်ပြောဆိုသဖြင့် သေဒဏ်ခံထိုက်ပေသည်။ သူပြောဆိုသည့်စကား ကိုသင်တို့ကိုယ်တိုင်ကြားကြ၏'' ဟုဆို၏။
Burmese 1835 Version Judson
ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့က၊ ဤသူ သည် အသေခံထိုက်ပေ၏။ သင်တို့သည် ကိုယ်နားနှင့် ကြားသည်အတိုင်း၊ ဤမြို့ကို ဆန့်ကျင်ဘက်ပြု၍ ဟောပြောပါပြီတကားဟု မှူးမတ်အစရှိသော လူများ အပေါင်းတို့အား ပြောဆိုကြ၏။
Burmese 1928
ပ ရော ဟိတ် နှင့် ပ ရော ဖက် တို့ က၊ ကိုယ့် နား ဖြင့် သင် တို့ ကြား ကြ သည့် အ တိုင်း၊ ဤ သူ သည် မြို့ တော် နှင့် ဆန့် ကျင် ဘက် ဟော ပြော သည့် အ တွက်၊ သေ ဒဏ် ခံ ထိုက် သည် ဟု၊ မှူး မတ် တို့ နှင့် လူ ပ ရိ သတ် ရှေ့ စွဲ ဆို ပြီး နောက်၊
Burmese 2021
ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့က၊ ဤသူသည် အသေခံထိုက်ပေ၏။ သင်တို့သည် ကိုယ်နားနှင့် ကြားသည်အတိုင်း၊ ဤမြို့ကို ဆန့်ကျင်ဘက်ပြု၍ ဟောပြောပါပြီတကားဟု မှူးမတ်အစရှိသော လူများအပေါင်းတို့အား ပြောဆိုကြ၏။
Burmese JBZV
ယဇ္ပုေရာဟိတ္ႏွင့္ ပေရာဖက္တို႔က၊ ဤသူသည္ အေသခံထိုက္ေပ၏။ သင္တို႔သည္ ကိုယ္နားႏွင့္ ၾကားသည္အတိုင္း၊ ဤၿမိဳ႕ကို ဆန္႔က်င္ဘက္ျပဳ၍ ေဟာေျပာပါၿပီတကားဟု မွူးမတ္အစရွိေသာ လူမ်ားအေပါင္းတို႔အား ေျပာဆိုၾက၏။
Burmese MCLZV
ထိုေနာက္ယဇ္ပုေရာဟိတ္မ်ားႏွင့္ပေရာဖက္ တို႔ကေခါင္းေဆာင္မ်ားႏွင့္ျပည္သူတို႔အား``ဤ သူသည္ငါတို႔၏ၿမိဳ႕ကိုဆန႔္က်င္ေျပာဆိုသျဖင့္ ေသဒဏ္ခံထိုက္ေပသည္။ သူေျပာဆိုသည့္စကား ကိုသင္တို႔ကိုယ္တိုင္ၾကားၾက၏'' ဟုဆို၏။
Burmese MSBU
ထိုအခါ ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့က မှူးမတ်များနှင့်ပြည်သူပြည်သားအပေါင်းတို့အား “သင်တို့နားနှင့်ဆတ်ဆတ်ကြားကြသည့်အတိုင်း သူသည် ဤမြို့ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောသောကြောင့် သေဒဏ်ခံထိုက်သည်”ဟု ပြောဆိုကြ၏။
Burmese MSBZ
ထိုအခါ ယဇ္ပုေရာဟိတ္ႏွင့္ ပေရာဖက္တို႔က မႉးမတ္မ်ားႏွင့္ျပည္သူျပည္သားအေပါင္းတို႔အား “သင္တို႔နားႏွင့္ဆတ္ဆတ္ၾကားၾကသည့္အတိုင္း သူသည္ ဤၿမိဳ႕ကိုဆန႔္က်င္၍ ပေရာဖက္ျပဳေဟာေျပာေသာေၾကာင့္ ေသဒဏ္ခံထိုက္သည္”ဟု ေျပာဆိုၾက၏။