Jeremiah 26:2 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ဤသို့မိန့်တော်မူ၏။ ``ဗိမာန်တော်တံတိုင်း အတွင်း၌ရပ်ပြီးလျှင် ထိုအရပ်သို့ယုဒ မြို့များမှထာဝရဘုရား၏အိမ်တော်တွင် ဝတ်ပြုကိုးကွယ်ရန်လာရောက်ကြသောလူတို့ အား ငါမိန့်မှာသမျှသောစကားတို့ကိုပြော ကြားလော့။ တစ်ခွန်းတစ်လေကိုမျှချန်မ ထားနှင့်။-
Burmese 1835 Version Judson
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗိမာန် တော်၌ ကိုးကွယ်အံ့သောငှါ ရောက်လာသော ယုဒမြို့သူ ရွာသားအပေါင်းတို့အား ဆင့်ဆိုစေခြင်းငှါ၊ ငါသည်သင်၌ မှားထားသမျှသော စကားတို့ကို ဗိမာန်တော် တန်တိုင်း ထဲမှာရပ်လျက်၊ သူတို့အားပြန်ပြောလော့။ တခွန်းကိုမျှ မထိမ်မဝှက်နှင့်။
Burmese 1928
ဗိ မာန် တော့် တံ တိုင်း အ တွင်း တွင် ရပ် နေ လျက်၊ ဗိ မာန် တော် သို့ အ ဖူး လာ သော ယု ဒ ပြည် မြို့ သူ ရွာ သား တို့ အား၊ ငါ မိန့် မှာ သ မျှ ကို တစ် ချက် မ ကြွင်း ဆင့် ဆို လော့။
Burmese 2021
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗိမာန်တော်၌ ကိုးကွယ်အံ့သောငှာ ရောက်လာသော ယုဒမြို့သူ ရွာသားအပေါင်းတို့အား ဆင့်ဆိုစေခြင်းငှာ၊ ငါသည်သင်၌ မှာထားသမျှသော စကားတို့ကို ဗိမာန်တော် တံတိုင်းထဲမှာ ရပ်လျက်၊ သူတို့အား ပြန်ပြောလော့။ တစ်ခွန်းကိုမျှ မထိမ်မဝှက်နှင့်။
Burmese JBZV
ထာဝရဘုရား မိန္႔ေတာ္မူသည္ကား၊ ဗိမာန္ေတာ္၌ ကိုးကြယ္အံ့ေသာငွာ ေရာက္လာေသာ ယုဒၿမိဳ႕သူ ရြာသားအေပါင္းတို႔အား ဆင့္ဆိုေစျခင္းငွာ၊ ငါသည္သင္၌ မွာထားသမၽွေသာ စကားတို႔ကို ဗိမာန္ေတာ္ တံတိုင္းထဲမွာ ရပ္လ်က္၊ သူတို႔အား ျပန္ေျပာေလာ့။ တစ္ခြန္းကိုမၽွ မထိမ္မဝွက္ႏွင့္။
Burmese MCLZV
ဤသို႔မိန႔္ေတာ္မူ၏။ ``ဗိမာန္ေတာ္တံတိုင္း အတြင္း၌ရပ္ၿပီးလၽွင္ ထိုအရပ္သို႔ယုဒ ၿမိဳ႕မ်ားမွထာဝရဘုရား၏အိမ္ေတာ္တြင္ ဝတ္ျပဳကိုးကြယ္ရန္လာေရာက္ၾကေသာလူတို႔ အား ငါမိန႔္မွာသမၽွေသာစကားတို႔ကိုေျပာ ၾကားေလာ့။ တစ္ခြန္းတစ္ေလကိုမၽွခ်န္မ ထားႏွင့္။-
Burmese MSBU
ထာဝရဘုရားက “ထာဝရဘုရား၏အိမ်တော်ဝင်း၌ရပ်၍ ထာဝရဘုရား၏အိမ်တော်သို့ လာရောက်ရှိခိုးကိုးကွယ်ကြသော ယုဒပြည်သူပြည်သားအားလုံးတို့အား ငါမိန့်မှာထားသောစကားရှိသမျှတို့ကို ဆင့်ဆိုလော့။ စကားတစ်ခွန်းကိုမျှ မချန်ထားနှင့်။
Burmese MSBZ
ထာဝရဘုရားက “ထာဝရဘုရား၏အိမ္ေတာ္ဝင္း၌ရပ္၍ ထာဝရဘုရား၏အိမ္ေတာ္သို႔ လာေရာက္ရွိခိုးကိုးကြယ္ၾကေသာ ယုဒျပည္သူျပည္သားအားလုံးတို႔အား ငါမိန႔္မွာထားေသာစကားရွိသမွ်တို႔ကို ဆင့္ဆိုေလာ့။ စကားတစ္ခြန္းကိုမွ် မခ်န္ထားႏွင့္။