Jeremiah 29:30 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``ငါ​ထာ​ဝ​ရ ဘု​ရား​သည်​ရှေ​မာ​ယ​နှင့်​သူ​၏​သား​မြေး တို့​ကို​အ​ပြစ်​ဒဏ်​ခတ်​မည်။ သူ့​ကို​ငါ​မ​စေ လွှတ်​ခဲ့​သော်​လည်း​သူ​သည်​ပ​ရော​ဖက်​တစ် ပါး​ဖြစ်​လေ​ဟန်​ဖြင့်​ဟော​ပြော​ကာ သင်​တို့ အား​မု​သား​စ​ကား​ကို​ယုံ​ကြည်​စေ​သည် ဖြစ်​၍ သူ​နှင့်​သူ​၏​သား​မြေး​တစ်​စုံ​တစ်​ယောက် မျှ​မ​ကျန်​ငါ​ဒဏ်​ခတ်​လိမ့်​မည်။ သူ​သည်​ငါ​၏ လူ​မျိုး​တော်​အား​ငါ့​ကို​ပုန်​ကန်​ရန်​လှုံ့​ဆော် ပြော​ဆို​၏။ ထို့​ကြောင့်​သူ​သည်​ထို​သူ​တို့​အား ငါ​ချ​ပေး​မည့်​ကောင်း​ကျိုး​ချမ်း​သာ​ကို​တွေ့ မြင်​ရ​လိမ့်​မည်​မ​ဟုတ်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏'' ဟု ရှေ​မာ​ယ​နှင့်​ပတ်​သက်​၍​မိန့်​မြွက်​တော်​မူ သော​စ​ကား​ကို ဗာ​ဗု​လုန်​မြို့​ရှိ​သုံ့​ပန်း အ​ပေါင်း​တို့​အား​အ​ကြောင်း​ကြား​ရန် ငါ့​အား​မိန့်​မှာ​တော်​မူ​၏။
Burmese 1835 Version Judson
ထိုအခါ နဟေလံရွာသား ရှေမာယကို ရည်မှတ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါမလွှတ်ဘဲ ရှေမာယသည် သင်တို့အား ပရောဖက်ပြု၍ မုသာ၌ ခိုလှုံစေသောကြောင့်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ နဟေလံရွာသား ရှေမာယနှင့် သူ၏အမျိုးကို ငါသည် ဒဏ်ပေးမည်။ ဤအမျိုးသားတို့တွင်၊ သူ၏လူ တယောက်မျှ နေရသောအခွင့် မရှိရ။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူသည် ထာဝရဘုရားကို ပုန်ကန်စေခြင်းငှာ သွန်သင်သောကြောင့်၊ ငါ၏လူမျိုး၌ ငါပြုလတံ့သောကျေးဇူးကို သူသည် မမြင်ရဟု၊ သိမ်းသွားခြင်းကို ခံရသောသူအပေါင်းတို့ကို စာပေးလိုက်ရမည်အကြောင်း ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာ၍ မှာထားတော်မူ၏။
Burmese 1928
သိမ်း သွား ခံ ရ သူ တို့ အား လည်း၊ ငါ စေ လွှတ် ခြင်း ကင်း လျက်၊ ရှေ မာ ယ သည် သင် တို့ အား ဟော ပြော ၍၊ မုသာ ၌ စိတ် ချ ရာ ရောက် စေ ပြီး ဖြစ် သည့် အ တွက် ကြောင့်လည်း‌ ကောင်း၊ ငါ ထာ ဝ ရ ဘု ရား နှင့် စပ် လျဉ်း သည့်၊ ဖောက် ပြန် ခြင်း စ ကား ကို ထွက် ဆို ဝံ့ သည့် အ တွက် ကြောင့် လည်း‌ ကောင်း၊ န ဟေ လံ ရွာ သား ရှေ မာ ယ နှင့် အ မျိုး အဆက် တို့ ကို ငါ ဒဏ် ခတ် လျက်၊ လူ မျိုး တော် ၌ ငါ ရောက် စေ မည့် သု ခ ကို၊ ကိုယ် တိုင် မ ခံ စား ရ ဘဲ၊ ဤ လူ မျိုး ဘောင် တွင် နေ ထိုင် သူ တစ် ဦး တစ် ယောက် မျှ မ ရှိ ရ ဟု န ဟေ လံ ရွာ သား ရှေ မာ ယ ကို ရည် လျက်၊ ထာ ဝ ရ ဘုရား မိန့် တော် မူ ကြောင်း၊ ကြား လိုက် လော့ ဟူ သော ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် သည်၊ ယေ ရ မိ သို့ ရောက် လာ သတည်း။
Burmese 2021
ထို​အ​ခါ န​ဟေ​လံ​ရွာ​သား ရှေ​မာ​ယ​ကို​ရည်​မှတ်၍၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​မ​စေ​လွှတ်​ဘဲ ရှေ​မာ​ယ​သည် သင်​တို့​အား ပ​ရော​ဖက်​ပြု၍ မု​သား​၌​ခို​လှုံ​စေ​သော​ကြောင့်၊
Burmese JBZV
ထို​အ​ခါ န​ေဟ​လံ​ရြာ​သား ေရွ​မာ​ယ​ကို​ရည္​မွတ္၍၊ ထာ​ဝ​ရ​ဘု​ရား မိန္႔​ေတာ္​မူ​သည္​ကား၊ ငါ​မ​ေစ​လႊတ္​ဘဲ ေရွ​မာ​ယ​သည္ သင္​တို႔​အား ပ​ေရာ​ဖက္​ျပဳ၍ မု​သား​၌​ခို​လွုံ​ေစ​ေသာ​ေၾကာင့္၊
Burmese MCLZV
ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``ငါ​ထာ​ဝ​ရ ဘု​ရား​သည္​ေရွ​မာ​ယ​ႏွင့္​သူ​၏​သား​ေျမး တို႔​ကို​အ​ျပစ္​ဒဏ္​ခတ္​မည္။ သူ႔​ကို​ငါ​မ​ေစ လႊတ္​ခဲ့​ေသာ္​လည္း​သူ​သည္​ပ​ေရာ​ဖက္​တစ္ ပါး​ျဖစ္​ေလ​ဟန္​ျဖင့္​ေဟာ​ေျပာ​ကာ သင္​တို႔ အား​မု​သား​စ​ကား​ကို​ယုံ​ၾကည္​ေစ​သည္ ျဖစ္​၍ သူ​ႏွင့္​သူ​၏​သား​ေျမး​တစ္​စုံ​တစ္​ေယာက္ မၽွ​မ​က်န္​ငါ​ဒဏ္​ခတ္​လိမ့္​မည္။ သူ​သည္​ငါ​၏ လူ​မ်ိဳး​ေတာ္​အား​ငါ့​ကို​ပုန္​ကန္​ရန္​လွုံ႔​ေဆာ္ ေျပာ​ဆို​၏။ ထို႔​ေၾကာင့္​သူ​သည္​ထို​သူ​တို႔​အား ငါ​ခ်​ေပး​မည့္​ေကာင္း​က်ိဳး​ခ်မ္း​သာ​ကို​ေတြ႕ ျမင္​ရ​လိမ့္​မည္​မ​ဟုတ္။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မိန႔္​ေတာ္​မူ​ေသာ​စ​ကား​ျဖစ္​၏'' ဟု ေရွ​မာ​ယ​ႏွင့္​ပတ္​သက္​၍​မိန႔္​ႁမြက္​ေတာ္​မူ ေသာ​စ​ကား​ကို ဗာ​ဗု​လုန္​ၿမိဳ႕​ရွိ​သုံ႔​ပန္း အ​ေပါင္း​တို႔​အား​အ​ေၾကာင္း​ၾကား​ရန္ ငါ့​အား​မိန႔္​မွာ​ေတာ္​မူ​၏။
Burmese MSBU
ထို့နောက် ယေရမိ​ထံသို့ ထာဝရဘုရား​၏​နှုတ်ကပတ်တော် ရောက်လာ​၍
Burmese MSBZ
ထို႔ေနာက္ ေယရမိ​ထံသို႔ ထာဝရဘုရား​၏​ႏႈတ္ကပတ္ေတာ္ ေရာက္လာ​၍