Jeremiah 3:2 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
တောင်ထိပ်တို့ကိုမျှော်၍ကြည့်ကြလော့။ ပြည့် တန်ဆာကဲ့သို့ သင်မပြုမကျင့်ဘဲနေခဲ့သည့် အရပ်တစ်စုံတစ်ခုရှိသလော။ အာရပ်အမျိုး သားသည်တောကန္တာရတွင်လုယက်တိုက်ခိုက် ရန်စောင့်မျှော်နေသကဲ့သို့၊ သင်သည်လမ်းနံ ဘေးတို့တွင်ချစ်သူများကိုစောင့်မျှော်နေခဲ့ ၏။ သင်သည်မိမိတို့၏ဆိုးညစ်မှုနှင့်ပြည့် တန်ဆာအလုပ်ဖြင့်ဤပြည်ကိုညစ်ညမ်း စေလေပြီ။-
Burmese 1835 Version Judson
မြင့်သောအရပ်များကို မျှော်ကြည့်၍၊ လင်မနေ ဘူးသောအရပ် တစုံတခုကို ရှာလော့။ အာရပ်လူသည် တော၌စောင့်သကဲ့သို့၊ သင်သည် လမ်းတို့၌စောင့်နေ၍၊ မတရားသော မေထုန်အားဖြင့်၎င်း၊ အဓမ္မအမှုအားဖြင့် ၎င်း ပြည်ကို ညစ်ညူးစေပြီ။
Burmese 1928
ကုန်း ထိပ် များ သို့ မော် ကြည့် လျက်၊ မ သင့် မြတ် ဘူး သော နေ ရာ တစ် ရပ် ကို တွေ့ နိုင် သ လော။ သဲ တော နေ အာ ရပ် ဓား ပြ အ လိုက်၊ သင် သည် လမ်း ခ ရီး၌ ချောင်း ကြည့် လျက် နေ ရာ၊ မှား ယွင်း မှု၊ ဆိုး သွမ်း မှု များ ဖြင့် နေ ပြည် ကို ညစ် ညူး စေ ခဲ့ ပြီ ဖြစ်၍၊
Burmese 2021
မြင့်သောအရပ်များကို မျှော်ကြည့်၍၊ လင်မနေဖူးသောအရပ် တစ်စုံတစ်ခုကိုရှာလော့။ အာရပ်လူသည် တော၌စောင့်သကဲ့သို့၊ သင်သည် လမ်းတို့၌စောင့်နေ၍၊ မတရားသော မေထုန်အားဖြင့်လည်းကောင်း၊ အဓမ္မအမှုအားဖြင့်လည်းကောင်း ပြည်ကို ညစ်ညူးစေပြီ။
Burmese JBZV
ျမင့္ေသာအရပ္မ်ားကို ေမၽွာ္ၾကည့္၍၊ လင္မေနဖူးေသာအရပ္ တစ္စုံတစ္ခုကိုရွာေလာ့။ အာရပ္လူသည္ ေတာ၌ေစာင့္သကဲ့သို႔၊ သင္သည္ လမ္းတို႔၌ေစာင့္ေန၍၊ မတရားေသာ ေမထုန္အားျဖင့္လည္းေကာင္း၊ အဓမၼအမွုအားျဖင့္လည္းေကာင္း ျပည္ကို ညစ္ညဴးေစၿပီ။
Burmese MCLZV
ေတာင္ထိပ္တို႔ကိုေမၽွာ္၍ၾကည့္ၾကေလာ့။ ျပည့္ တန္ဆာကဲ့သို႔ သင္မျပဳမက်င့္ဘဲေနခဲ့သည့္ အရပ္တစ္စုံတစ္ခုရွိသေလာ။ အာရပ္အမ်ိဳး သားသည္ေတာကႏၲာရတြင္လုယက္တိုက္ခိုက္ ရန္ေစာင့္ေမၽွာ္ေနသကဲ့သို႔၊ သင္သည္လမ္းနံ ေဘးတို႔တြင္ခ်စ္သူမ်ားကိုေစာင့္ေမၽွာ္ေနခဲ့ ၏။ သင္သည္မိမိတို႔၏ဆိုးညစ္မွုႏွင့္ျပည့္ တန္ဆာအလုပ္ျဖင့္ဤျပည္ကိုညစ္ညမ္း ေစေလၿပီ။-
Burmese MSBU
တောင်ကတုံးများပေါ်သို့ မျှော်ကြည့်လော့။ ယောက်ျားတို့နှင့် သင်မအိပ်ဖူးသောနေရာ ရှိသလော။ တောကန္တာရမှ အာရပ်လူမျိုးကဲ့သို့ သင်သည် လမ်းများ၌ထိုင်၍ သူတို့ကို စောင့်နေ၏။ သင်သည် ဖောက်ပြန်သောအပြစ်အားဖြင့်လည်းကောင်း၊ မကောင်းမှုအားဖြင့်လည်းကောင်း ပြည်ကိုညစ်ညူးစေပြီ။
Burmese MSBZ
ေတာင္ကတုံးမ်ားေပၚသို႔ ေမွ်ာ္ၾကည့္ေလာ့။ ေယာက္်ားတို႔ႏွင့္ သင္မအိပ္ဖူးေသာေနရာ ရွိသေလာ။ ေတာကႏၲာရမွ အာရပ္လူမ်ိဳးကဲ့သို႔ သင္သည္ လမ္းမ်ား၌ထိုင္၍ သူတို႔ကို ေစာင့္ေန၏။ သင္သည္ ေဖာက္ျပန္ေသာအျပစ္အားျဖင့္လည္းေကာင္း၊ မေကာင္းမႈအားျဖင့္လည္းေကာင္း ျပည္ကိုညစ္ညဴးေစၿပီ။