Jeremiah 31:10 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
``အို လူမျိုးတကာတို့၊ငါထာဝရဘုရား မိန့်တော်မူ သည်ကိုနားထောင်၍ ငါ၏ဗျာဒိတ်တော်တို့ကိုရပ်ဝေးဒေသ များသို့ ကြွေးကြော်ကြလော့။ ဣသရေလအမျိုးသားတို့အားကွဲလွင့်စေသူ ငါသည်သူတို့ကိုစုသိမ်းမည်။ သိုးထိန်းသည်မိမိ၏သိုးစုကိုစောင့်ထိန်း သကဲ့သို့ သူတို့ကိုငါစောင့်ထိန်းမည်။
Burmese 1835 Version Judson
အိုလူမျိုးတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ ဝေးသောအရပ်ရပ်တို့၌ ကြွေးကြော် ၍၊ ဣသရေလ အမျိုးသားတို့ကို အရပ်ရပ်သို့ ကွဲပြား စေသောသူသည် တဖန်စုသိမ်းပြီးလျှင်၊ သိုးထိန်းသည် မိမိသိုးစုကိုစောင့်တတ်သကဲ့သို့ စောင့်တော်မူမည်ဟု ကြားပြောကြလော့။
Burmese 1928
အို လူ မျိုး ခြား တို့၊ ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကို နာ ခံ လျက်၊ ဣ သ ရေ လ လူ မျိုး ကို လေ လွင့် စေ သော အ ရှင် သည်၊ သိုး အုပ် ကို အ ထိန်း အ ကျောင်း သ ဖွယ် စု သိမ်း ၍ ထိန်း ကျောင်း တော် မူ လိမ့် မည် ဟု၊ ဝေး ကွာ သော ကျွန်း ကြီး ကျွန်း ငယ် တို့ အား ဖော် ပြ ကြော် ငြာ ကြ လော့။
Burmese 2021
အို လူမျိုးတို့၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ကြလော့။ ဝေးသောအရပ်ရပ်တို့၌ ကြွေးကြော်၍၊ ဣသရေလ အမျိုးသားတို့ကို အရပ်ရပ်သို့ ကွဲပြားစေသောသူသည် တစ်ဖန် စုသိမ်းပြီးလျှင်၊ သိုးထိန်းသည် မိမိသိုးစုကိုစောင့်တတ်သကဲ့သို့ စောင့်တော်မူမည်ဟု ကြားပြောကြလော့။
Burmese JBZV
အို လူမ်ိဳးတို႔၊ ထာဝရဘုရား၏အမိန္႔ေတာ္ကို နားေထာင္ၾကေလာ့။ ေဝးေသာအရပ္ရပ္တို႔၌ ေႂကြးေၾကာ္၍၊ ဣသေရလ အမ်ိဳးသားတို႔ကို အရပ္ရပ္သို႔ ကြဲျပားေစေသာသူသည္ တစ္ဖန္ စုသိမ္းၿပီးလၽွင္၊ သိုးထိန္းသည္ မိမိသိုးစုကိုေစာင့္တတ္သကဲ့သို႔ ေစာင့္ေတာ္မူမည္ဟု ၾကားေျပာၾကေလာ့။
Burmese MCLZV
``အို လူမ်ိဳးတကာတို႔၊ငါထာဝရဘုရား မိန႔္ေတာ္မူ သည္ကိုနားေထာင္၍ ငါ၏ဗ်ာဒိတ္ေတာ္တို႔ကိုရပ္ေဝးေဒသ မ်ားသို႔ ေႂကြးေၾကာ္ၾကေလာ့။ ဣသေရလအမ်ိဳးသားတို႔အားကြဲလြင့္ေစသူ ငါသည္သူတို႔ကိုစုသိမ္းမည္။ သိုးထိန္းသည္မိမိ၏သိုးစုကိုေစာင့္ထိန္း သကဲ့သို႔ သူတို႔ကိုငါေစာင့္ထိန္းမည္။
Burmese MSBU
အို လူမျိုးအပေါင်းတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။ ဝေးသောအရပ်ရှိ ကမ်းရိုးတန်းဒေသတို့တွင် ကြွေးကြော်ကြလော့။ “အစ္စရေးလူမျိုးကို ကွဲလွင့်စေသောအရှင်သည် အစ္စရေးလူမျိုးကို ပြန်စုသိမ်းမည်။ သိုးထိန်းသည် မိမိ၏သိုးစုကိုစောင့်ထိန်းသကဲ့သို့ သူတို့ကို စောင့်ထိန်းတော်မူမည်”ဟု ပြောကြားကြလော့။
Burmese MSBZ
အို လူမ်ိဳးအေပါင္းတို႔၊ ထာဝရဘုရား၏စကားေတာ္ကို နားေထာင္ၾကေလာ့။ ေဝးေသာအရပ္ရွိ ကမ္း႐ိုးတန္းေဒသတို႔တြင္ ေႂကြးေၾကာ္ၾကေလာ့။ “အစၥေရးလူမ်ိဳးကို ကြဲလြင့္ေစေသာအရွင္သည္ အစၥေရးလူမ်ိဳးကို ျပန္စုသိမ္းမည္။ သိုးထိန္းသည္ မိမိ၏သိုးစုကိုေစာင့္ထိန္းသကဲ့သို႔ သူတို႔ကို ေစာင့္ထိန္းေတာ္မူမည္”ဟု ေျပာၾကားၾကေလာ့။