Jeremiah 31:37 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
လူတို့သည်မိုးကောင်းကင်ကိုတိုင်းတာနိုင်၍ ကမ္ဘာမြေကြီး၏အုတ်မြစ်ကိုရှာဖွေကြည့်ရှု နိုင်သည့်အခါကျရောက်မှသာလျှင်၊ ကိုယ်တော်သည်ဣသရေလပြည်သားတို့ အား သူတို့ပြုခဲ့သည့်အပြစ်အပေါင်းအတွက် ကြောင့် ပစ်ပယ်တော်မူလတ္တံ့။ ဤကားထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။
Burmese 1835 Version Judson
တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အထက်မိုဃ်းကောင်းကင်ကို တိုင်းထွာနိုင်လျှင်၎င်း၊ မြေကြီးအောက်ဆုံးအမြစ်တို့ကိုလိုက်၍ စစ်နိုင်လျှင်၎င်း၊ ဣသရေလ အမျိုးသားအပေါင်းတို့ကို သူတို့ပြုမိသမျှသော အပြစ်တို့ကြောင့် ငါစွန့်ပစ်မည်ဟု မိန့်တော်မူ၏။
Burmese 1928
အ ထက် ကောင်း ကင် ကို တိုင်း တာ၍၊ အောက် ပ ထ ဝီ အ ခြေ အ မြစ် များ ကို စီ စစ် နိုင် လျှင်၊ ဣ သ ရေ လ အ ဆက် အ နွယ် တို့ ကို၊ ပြု မိ သ မျှ အ တွက် လုံး လုံး စွန့် မည် ဟူ ၍ လည်း ကောင်း၊ မိန့် တော် မူ၏။
Burmese 2021
တစ်ဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အထက်မိုးကောင်းကင်ကို တိုင်းထွာနိုင်လျှင်လည်းကောင်း၊ မြေကြီးအောက်ဆုံး အမြစ်တို့ကိုလိုက်၍ စစ်နိုင်လျှင်လည်းကောင်း၊ ဣသရေလအမျိုးသားအပေါင်းတို့ကို သူတို့ပြုမိသမျှသော အပြစ်တို့ကြောင့် ငါစွန့်ပစ်မည်ဟု မိန့်တော်မူ၏။
Burmese JBZV
တစ္ဖန္ ထာဝရဘုရား မိန္႔ေတာ္မူသည္ကား၊ အထက္မိုးေကာင္းကင္ကို တိုင္းထြာနိုင္လၽွင္လည္းေကာင္း၊ ေျမႀကီးေအာက္ဆုံး အျမစ္တို႔ကိုလိုက္၍ စစ္နိုင္လၽွင္လည္းေကာင္း၊ ဣသေရလအမ်ိဳးသားအေပါင္းတို႔ကို သူတို႔ျပဳမိသမၽွေသာ အျပစ္တို႔ေၾကာင့္ ငါစြန္႔ပစ္မည္ဟု မိန္႔ေတာ္မူ၏။
Burmese MCLZV
လူတို႔သည္မိုးေကာင္းကင္ကိုတိုင္းတာနိုင္၍ ကမၻာေျမႀကီး၏အုတ္ျမစ္ကိုရွာေဖြၾကည့္ရွု နိုင္သည့္အခါက်ေရာက္မွသာလၽွင္၊ ကိုယ္ေတာ္သည္ဣသေရလျပည္သားတို႔ အား သူတို႔ျပဳခဲ့သည့္အျပစ္အေပါင္းအတြက္ ေၾကာင့္ ပစ္ပယ္ေတာ္မူလတၱံ့။ ဤကားထာဝရဘုရားႁမြက္ဟသည့္ စကားျဖစ္၏။
Burmese MSBU
ထာဝရဘုရားက “သူတို့သည် အထက်မိုးကောင်းကင်ကို တိုင်းတာနိုင်၍ အောက်မြေကြီး၏အုတ်မြစ်ကို စူးစမ်းနိုင်မှသာ အစ္စရေးတစ်မျိုးနွယ်လုံးပြုခဲ့သောအပြစ်ကြောင့် သူတို့ကို ငါစွန့်ပစ်မည်”ဟု မိန့်တော်မူ၏။
Burmese MSBZ
ထာဝရဘုရားက “သူတို႔သည္ အထက္မိုးေကာင္းကင္ကို တိုင္းတာႏိုင္၍ ေအာက္ေျမႀကီး၏အုတ္ျမစ္ကို စူးစမ္းႏိုင္မွသာ အစၥေရးတစ္မ်ိဳးႏြယ္လုံးျပဳခဲ့ေသာအျပစ္ေၾကာင့္ သူတို႔ကို ငါစြန႔္ပစ္မည္”ဟု မိန႔္ေတာ္မူ၏။