Jeremiah 32:19 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ကိုယ်​တော်​ရှင်​၏​အ​ကြံ​အ​စည်​တော်​တို့​သည် အံ့​သြ​ဖွယ်​ကောင်း​၍ ပြု​တော်​မူ​သော​အ​မှု တော်​တို့​သည်​ကြီး​မြတ်​ပါ​၏။ ကိုယ်​တော်​ရှင် သည်​လူ​တို့​ပြု​သ​မျှ​သော​အ​မှု​တို့​ကို​တွေ့ မြင်​တော်​မူ​သည်​ဖြစ်​၍ သူ​တို့​အား​မိ​မိ​တို့ ၏​အ​ကျင့်​အ​ကြံ​အ​ပြု​အ​မူ​များ​ကို လိုက်​၍​ဆု​ချ​တော်​မူ​ပါ​၏။-
Burmese 1835 Version Judson
ထူးဆန်းသော အကြံကိုကြံ၍၊ ထူးဆန်းသော အမှုကို စီရင်တော်မူလျက်၊ လူအသီးအသီးတို့ ကျင့်ကြံ ပြုမူသည် အတိုင်းအကျိုးအပြစ်ကို ပေးခြင်းငှါ၊ လူသား များ သွားလာသော လမ်းအလုံးစုံတို့ကို အစဉ်ကြည့်ရှု လျက်နေတော်မူ၏။
Burmese 1928
မ ဟာ အ ကြံ တော်၊ လွန် ကဲ သော အ မှု နှင့် ပြည့် စုံ တော် မူ ထ သော၊ လူ့ သား တို့ ၏ အ လေ့ အ လာ များ ကို မျက် မှောက် ပြု ၍၊ အ သီး အ သီး တို့ အား အ လေ့ အ လာ အ ပြု အ မူ အ လျောက်၊ အ ကျိုး ဆက် ကို ပေး တော် မူ ထ သော၊
Burmese 2021
ထူး​ဆန်း​သော​အ​ကြံ​ကို ကြံ၍၊ ထူး​ဆန်း​သော​အ​မှု​ကို စီ​ရင်​တော်​မူ​လျက်၊ လူ​အ​သီး​အ​သီး​တို့ ကျင့်​ကြံ​ပြု​မူ​သည်​အ​တိုင်း အ​ကျိုး​အ​ပြစ်​ကို ပေး​ခြင်း​ငှာ၊ လူ​သား​များ သွား​လာ​သော လမ်း​အ​လုံး​စုံ​တို့​ကို အ​စဉ်​ကြည့်​ရှု​လျက်​နေ​တော်​မူ၏။
Burmese JBZV
ထူး​ဆန္း​ေသာ​အ​ႀကံ​ကို ႀကံ၍၊ ထူး​ဆန္း​ေသာ​အ​မွု​ကို စီ​ရင္​ေတာ္​မူ​လ်က္၊ လူ​အ​သီး​အ​သီး​တို႔ က်င့္​ႀကံ​ျပဳ​မူ​သည္​အ​တိုင္း အ​က်ိဳး​အ​ျပစ္​ကို ေပး​ျခင္း​ငွာ၊ လူ​သား​မ်ား သြား​လာ​ေသာ လမ္း​အ​လုံး​စုံ​တို႔​ကို အ​စဥ္​ၾကည့္​ရွု​လ်က္​ေန​ေတာ္​မူ၏။
Burmese MCLZV
ကိုယ္​ေတာ္​ရွင္​၏​အ​ႀကံ​အ​စည္​ေတာ္​တို႔​သည္ အံ့​ၾသ​ဖြယ္​ေကာင္း​၍ ျပဳ​ေတာ္​မူ​ေသာ​အ​မွု ေတာ္​တို႔​သည္​ႀကီး​ျမတ္​ပါ​၏။ ကိုယ္​ေတာ္​ရွင္ သည္​လူ​တို႔​ျပဳ​သ​မၽွ​ေသာ​အ​မွု​တို႔​ကို​ေတြ႕ ျမင္​ေတာ္​မူ​သည္​ျဖစ္​၍ သူ​တို႔​အား​မိ​မိ​တို႔ ၏​အ​က်င့္​အ​ႀကံ​အ​ျပဳ​အ​မူ​မ်ား​ကို လိုက္​၍​ဆု​ခ်​ေတာ္​မူ​ပါ​၏။-
Burmese MSBU
ကိုယ်တော်​၏​အကြံအစည်​တော်​သည် ထူးကဲ​ပါ​၏​။ ပြု​တော်မူ​သော​အမှု​တော်​သည် ကြီးမြတ်​ပါ​၏​။ လူ​အသီးသီး​တို့​အား မိမိ​တို့​ပြုမူကျင့်ကြံ​သည့်​အတိုင်း​၊ မိမိ​တို့​လုပ်ဆောင်မှု​အသီးအပွင့်​အတိုင်း ပေးဆပ်​ရန် လူသား​တို့​လျှောက်​သော​လမ်း​အားလုံး​ကို စောင့်ကြည့်​တော်မူ​၏​။
Burmese MSBZ
ကိုယ္ေတာ္​၏​အႀကံအစည္​ေတာ္​သည္ ထူးကဲ​ပါ​၏​။ ျပဳ​ေတာ္မူ​ေသာ​အမႈ​ေတာ္​သည္ ႀကီးျမတ္​ပါ​၏​။ လူ​အသီးသီး​တို႔​အား မိမိ​တို႔​ျပဳမူက်င့္ႀကံ​သည့္​အတိုင္း​၊ မိမိ​တို႔​လုပ္ေဆာင္မႈ​အသီးအပြင့္​အတိုင္း ေပးဆပ္​ရန္ လူသား​တို႔​ေလွ်ာက္​ေသာ​လမ္း​အားလုံး​ကို ေစာင့္ၾကည့္​ေတာ္မူ​၏​။