Jeremiah 32:29 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ဤမြို့ကိုတိုက်ခိုက်သူဗာဗုလုန်အမျိုးသား တို့သည်လာ၍မီးရှို့ကြလိမ့်မည်။ အိမ်ခေါင်မိုး များအထက်တွင်ဗာလဘုရားအားနံ့သာ ပေါင်းကိုမီးရှို့ပူဇော်ခြင်းအားဖြင့်လည်း ကောင်း၊ အခြားဘုရားများအတွက်စပျစ် ရည်ပူဇော်သကာကိုသွန်းလောင်းခြင်းအား ဖြင့်လည်းကောင်း ငါ၏အမျက်တော်ကိုလူ တို့လှုံ့ဆော်ရာအိမ်များနှင့်အတူ ဤမြို့ တစ်မြို့လုံးသည်လောင်ကျွမ်း၍သွားလိမ့် မည်။-
Burmese 1835 Version Judson
ဤမြို့ကို တိုက်သော ခါလဒဲလူတို့သည်ဝင်၍ မီးရှို့ကြလိမ့်မည်။ ငါ့အမျက်ကိုနှိုးဆော်ခြင်းငှါ ဗာလ ဘုရားအဘို့ အိမ်မိုးပေါ်မှာ နံ့သာပေါင်းကိုမီးရှို၍၊ အခြား တပါးသော ဘုရားတို့အဘို့ သွန်းလောင်းရာပူဇော် သက္ကာ ကိုပြုရာ အိမ်များနှင့်တကွ၊ တမြို့လုံးကို မီးလောင်စေကြ လိမ့်မည်။
Burmese 1928
တိုက် လျက် နေ သော ခါ လ ဒဲ တပ် သား တို့ ဝင် ရောက် ပြီး လျှင်၊ ဗာ လ နတ် အား မီး ဖြင့် ပူ ဇော် ခြင်း၊ အ ခြား ဘု ရား များ အား သွန်း လောင်း ရာ သ က္ကာ တင် သ ခြင်း များ ကို၊ အ မျက် တော် တိုက် အောင် အ မိုး ပျဉ် တွင် ပြု ကြ ရာ တိုက် အိမ် များ မှ စ၍ တစ် မြို့ လုံး ကို၊ မီး ရှို့ ကျွမ်း လောင် စေ ကြ မည်။
Burmese 2021
ဤမြို့ကိုတိုက်သော ခါလဒဲလူတို့သည် ဝင်၍ မီးရှို့ကြလိမ့်မည်။ ငါ့အမျက်ကိုနှိုးဆော်ခြင်းငှာ ဗာလဘုရားအဖို့ အိမ်မိုးပေါ်မှာ နံ့သာပေါင်းကိုမီးရှို့၍၊ အခြားတစ်ပါးသော ဘုရားတို့အဖို့ သွန်းလောင်းရာ ပူဇော်သကာကိုပြုရာ အိမ်များနှင့်တကွ၊ တစ်မြို့လုံးကို မီးလောင်စေကြလိမ့်မည်။
Burmese JBZV
ဤၿမိဳ႕ကိုတိုက္ေသာ ခါလဒဲလူတို႔သည္ ဝင္၍ မီးရွို႔ၾကလိမ့္မည္။ ငါ့အမ်က္ကိုႏွိုးေဆာ္ျခင္းငွာ ဗာလဘုရားအဖို႔ အိမ္မိုးေပၚမွာ နံ့သာေပါင္းကိုမီးရွို႔၍၊ အျခားတစ္ပါးေသာ ဘုရားတို႔အဖို႔ သြန္းေလာင္းရာ ပူေဇာ္သကာကိုျပဳရာ အိမ္မ်ားႏွင့္တကြ၊ တစ္ၿမိဳ႕လုံးကို မီးေလာင္ေစၾကလိမ့္မည္။
Burmese MCLZV
ဤၿမိဳ႕ကိုတိုက္ခိုက္သူဗာဗုလုန္အမ်ိဳးသား တို႔သည္လာ၍မီးရွို႔ၾကလိမ့္မည္။ အိမ္ေခါင္မိုး မ်ားအထက္တြင္ဗာလဘုရားအားနံ့သာ ေပါင္းကိုမီးရွို႔ပူေဇာ္ျခင္းအားျဖင့္လည္းကာင္း၊ အျခားဘုရားမ်ားအတြက္စပ်စ္ ရည္ပူေဇာ္သကာကိုသြန္းေလာင္းျခင္းအား ျဖင့္လည္းေကာင္း ငါ၏အမ်က္ေတာ္ကိုလူ တို႔လွုံ႔ေဆာ္ရာအိမ္မ်ားႏွင့္အတူ ဤၿမိဳ႕ တစ္ၿမိဳ႕လုံးသည္ေလာင္ကၽြမ္း၍သြားလိမ့္ မည္။-
Burmese MSBU
ဤမြို့ကိုတိုက်ခိုက်လာသော ခါလဒဲစစ်သည်တို့သည် မြို့ထဲသို့ဝင်ရောက်မီးရှို့ကြလိမ့်မည်။ ခေါင်မိုးပြင်ပေါ်တွင် ဗာလဘုရားအား နံ့သာပေါင်းမီးရှို့ပူဇော်၍ အခြားဘုရားတို့အား သွန်းလောင်းရာပူဇော်သက္ကာကို သွန်းလောင်းခြင်းဖြင့် ငါ့အမျက်ကို နှိုးဆော်သောသူတို့၏အိမ်အားလုံး မီးလောင်သွားလိမ့်မည်။
Burmese MSBZ
ဤၿမိဳ႕ကိုတိုက္ခိုက္လာေသာ ခါလဒဲစစ္သည္တို႔သည္ ၿမိဳ႕ထဲသို႔ဝင္ေရာက္မီးရႈိ႕ၾကလိမ့္မည္။ ေခါင္မိုးျပင္ေပၚတြင္ ဗာလဘုရားအား နံ႔သာေပါင္းမီးရႈိ႕ပူေဇာ္၍ အျခားဘုရားတို႔အား သြန္းေလာင္းရာပူေဇာ္သကၠာကို သြန္းေလာင္းျခင္းျဖင့္ ငါ့အမ်က္ကို ႏႈိးေဆာ္ေသာသူတို႔၏အိမ္အားလုံး မီးေလာင္သြားလိမ့္မည္။