Jeremiah 33:9 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ယေ​ရု​ရှ​လင်​မြို့​သည်​ငါ​ဝမ်း​မြောက်​ဂုဏ်​ယူ ဝါ​ကြွား​စ​ရာ​ဖြစ်​လိမ့်​မည်။ ကမ္ဘာ​ပေါ်​ရှိ​လူ မျိုး​အ​ပေါင်း​တို့​သည် ထို​မြို့​အား​ငါ​ပေး အပ်​သည့်​ကောင်း​ကျိုး​ချမ်း​သာ​အ​ကြောင်း ကို​လည်း​ကောင်း၊ ထို​မြို့​သို့​ငါ​ဆောင်​ယူ လာ​သည့်​စည်​ပင်​ဝ​ပြော​မှု​အ​ကြောင်း​ကို လည်း​ကောင်း ကြား​သိ​ရ​သော​အ​ခါ​ကြောက် လန့်​တုန်​လှုပ်​၍​သွား​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
Burmese 1835 Version Judson
ဤမြို့သည် ငါဝမ်းမြောက်စရာအကြောင်း၊ မြေပေါ်မှ ခပ်သိမ်းသောလူမျိုးတို့တွင် ချီးမွမ်းစရာ အကြောင်း၊ဂုဏ်အသရေတော်ကျော်စောစရာအကြောင်း ဖြစ်လိမ့်မည်။ ဤမြို့သားတို့အား ငါပြုသမျှသော ကျေးဇူးကို လူအမျိုးမျိုးတို့သည် ကြားသိကြလိမ့်မည်။ ဤမြို့၌ ငါပြုစုသမျှသော စည်းစိမ်ချမ်းသာကိုထောက်၍ ကြောက်ရွံတုန်လှုပ်ကြလိမ့်မည်။
Burmese 1928
ပြု စု သ မျှ သော သု ခ နှင့် စည်း စိမ် ချမ်း သာ ကို ကြား သိ ၍၊ ကြောက် ရွံ့ တုန် လှုပ် ကြ အံ့ သော၊ မြေ ပေါ် ရှိ လူ အမျိုး မျိုး တို့ ရှေ့၊ ငါ့ အ ဖို့ ရွှင် လန်း ဖွယ် သ ညာ တော်၊ ဘုန်း တော် ဂုဏ် တော် ဖြစ် လ တ္တံ့ ဟု မိန့် ဆို ၏။
Burmese 2021
ဤ​မြို့​သည် ငါ​ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း၊ မြေ​ပေါ်​မှ ခပ်​သိမ်း​သော​လူ​မျိုး​တို့​တွင် ချီး​မွမ်း​စ​ရာ​အ​ကြောင်း၊ ဂုဏ်​အ​သ​ရေ​တော် ကျော်​စော​စ​ရာ​အ​ကြောင်း ဖြစ်​လိမ့်​မည်။ ဤ​မြို့​သား​တို့​အား ငါ​ပြု​သ​မျှ​သော​ကျေး​ဇူး​ကို လူ​အ​မျိုး​မျိုး​တို့​သည် ကြား​သိ​ကြ​လိမ့်​မည်။ ဤ​မြို့၌ ငါ​ပြု​စု​သ​မျှ​သော စည်း​စိမ်​ချမ်း​သာ​ကို​ထောက်၍ ကြောက်​ရွံ့​တုန်​လှုပ်​ကြ​လိမ့်​မည်။
Burmese JBZV
ဤ​ၿမိဳ႕​သည္ ငါ​ဝမ္း​ေျမာက္​စ​ရာ​အ​ေၾကာင္း၊ ေျမ​ေပၚ​မွ ခပ္​သိမ္း​ေသာ​လူ​မ်ိဳး​တို႔​တြင္ ခ်ီး​မြမ္း​စ​ရာ​အ​ေၾကာင္း၊ ဂုဏ္​အ​သ​ေရ​ေတာ္ ေက်ာ္​ေစာ​စ​ရာ​အ​ေၾကာင္း ျဖစ္​လိမ့္​မည္။ ဤ​ၿမိဳ႕​သား​တို႔​အား ငါ​ျပဳ​သ​မၽွ​ေသာ​ေက်း​ဇူး​ကို လူ​အ​မ်ိဳး​မ်ိဳး​တို႔​သည္ ၾကား​သိ​ၾက​လိမ့္​မည္။ ဤ​ၿမိဳ႕၌ ငါ​ျပဳ​စု​သ​မၽွ​ေသာ စည္း​စိမ္​ခ်မ္း​သာ​ကို​ေထာက္၍ ေၾကာက္​ရြံ့​တုန္​လွုပ္​ၾက​လိမ့္​မည္။
Burmese MCLZV
ေယ​႐ု​ရွ​လင္​ၿမိဳ႕​သည္​ငါ​ဝမ္း​ေျမာက္​ဂုဏ္​ယူ ဝါ​ႂကြား​စ​ရာ​ျဖစ္​လိမ့္​မည္။ ကမၻာ​ေပၚ​ရွိ​လူ မ်ိဳး​အ​ေပါင္း​တို႔​သည္ ထို​ၿမိဳ႕​အား​ငါ​ေပး အပ္​သည့္​ေကာင္း​က်ိဳး​ခ်မ္း​သာ​အ​ေၾကာင္း ကို​လည္း​ေကာင္း၊ ထို​ၿမိဳ႕​သို႔​ငါ​ေဆာင္​ယူ လာ​သည့္​စည္​ပင္​ဝ​ေျပာ​မွု​အ​ေၾကာင္း​ကို လည္း​ေကာင္း ၾကား​သိ​ရ​ေသာ​အ​ခါ​ေၾကာက္ လန႔္​တုန္​လွုပ္​၍​သြား​ၾက​လိမ့္​မည္'' ဟု မိန႔္​ေတာ္​မူ​၏။
Burmese MSBU
ဤ​မြို့​သည် ငါ့​အဖို့ ဝမ်းမြောက်စရာ​၊ ချီးမွမ်းစရာ​၊ ဂုဏ်ပြုစရာ ဖြစ်​လိမ့်မည်​။ ဤ​မြို့​အတွက် ငါ​ပြု​ပေး​သော​ကောင်းကျိုးချမ်းသာ​တို့​ကို ကမ္ဘာမြေ​ပေါ်ရှိ လူမျိုး​အပေါင်း​တို့​ကြားသိ​ကြ​လိမ့်မည်​။ ဤ​မြို့​ကို ကောင်းကျိုးချမ်းသာ​အတိ​၊ ငြိမ်သက်​ခြင်း​အတိ​ရှိ​စေ​သည်​ကို သူ​တို့ အံ့ဩ​တုန်လှုပ်​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။
Burmese MSBZ
ဤ​ၿမိဳ႕​သည္ ငါ့​အဖို႔ ဝမ္းေျမာက္စရာ​၊ ခ်ီးမြမ္းစရာ​၊ ဂုဏ္ျပဳစရာ ျဖစ္​လိမ့္မည္​။ ဤ​ၿမိဳ႕​အတြက္ ငါ​ျပဳ​ေပး​ေသာ​ေကာင္းက်ိဳးခ်မ္းသာ​တို႔​ကို ကမာၻေျမ​ေပၚရွိ လူမ်ိဳး​အေပါင္း​တို႔​ၾကားသိ​ၾက​လိမ့္မည္​။ ဤ​ၿမိဳ႕​ကို ေကာင္းက်ိဳးခ်မ္းသာ​အတိ​၊ ၿငိမ္သက္​ျခင္း​အတိ​ရွိ​ေစ​သည္​ကို သူ​တို႔ အံ့ဩ​တုန္လႈပ္​ၾက​လိမ့္မည္’​ဟု မိန႔္​ေတာ္မူ​၏​။