Jeremiah 34:10 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ပြည်သူများနှင့်ပြည်သူ့ခေါင်းဆောင်အပေါင်း တို့သည် မိမိတို့ကျေးကျွန်များအားလွတ်လပ် ခွင့်ပေးပြီးလျှင် နောင်အဘယ်အခါ၌မျှပြန် ၍ကျွန်စေစားမှုမပြုပါဟုသဘောတူညီ ကြ၏။ သူတို့သည်မိမိတို့ကျေးကျွန်များ ကိုလွတ်လပ်ခွင့်ပေးကြ၏။-
Burmese 1835 Version Judson
အကြောင်းမူကား၊ ဝန်ခံသောမှူးမတ်၊ ဆင်းရဲ သားအပေါင်းတို့သည် အသီးအသီး စေစားသော ကျွန် ယောက်ျား မိန်းမတို့ကို နောက်တဖန် မစေစားဘဲ လွှတ် မည်ဟု ကြားသောအခါ၊ နားထောင်၍ လွှတ်လိုက်ကြ၏။
Burmese 1928
ကိုယ် ပိုင် ကျွန် ယောက်ျား ကျွန် မိန်း မ ကို အ သီး အ သီး လွတ် သွား ခွင့် ပေး ရန်၊ ထို ပ ဋိ ညာဉ် ကို ဝန် ခံ သော မှူး မတ် တို့ နှင့် မြို့ သူ မြို့ သား တို့ သည် နာ ခံ နား ထောင် လျက် လွှတ် ကြ ပြီး နောက် သ ဘော ပြောင်း ၍၊
Burmese 2021
အကြောင်းမူကား၊ ဝန်ခံသောမှူးမတ်၊ ဆင်းရဲသားအပေါင်းတို့သည် အသီးအသီးစေစားသော ကျွန်ယောက်ျား မိန်းမတို့ကို နောက်တစ်ဖန် မစေစားဘဲလွှတ်မည်ဟု ကြားသောအခါ၊ နားထောင်၍ လွှတ်လိုက်ကြ၏။
Burmese JBZV
အေၾကာင္းမူကား၊ ဝန္ခံေသာမွူးမတ္၊ ဆင္းရဲသားအေပါင္းတို႔သည္ အသီးအသီးေစစားေသာ ကၽြန္ေယာက္်ား မိန္းမတို႔ကို ေနာက္တစ္ဖန္ မေစစားဘဲလႊတ္မည္ဟု ၾကားေသာအခါ၊ နားေထာင္၍ လႊတ္လိုက္ၾက၏။
Burmese MCLZV
ျပည္သူမ်ားႏွင့္ျပည္သူ႔ေခါင္းေဆာင္အေပါင္း တို႔သည္ မိမိတို႔ေက်းကၽြန္မ်ားအားလြတ္လပ္ ခြင့္ေပးၿပီးလၽွင္ ေနာင္အဘယ္အခါ၌မၽွျပန္ ၍ကၽြန္ေစစားမွုမျပဳပါဟုသေဘာတူညီ ၾက၏။ သူတို႔သည္မိမိတို႔ေက်းကၽြန္မ်ား ကိုလြတ္လပ္ခြင့္ေပးၾက၏။-
Burmese MSBU
ပဋိညာဉ်ဖွဲ့ရာတွင် ပါဝင်သောအကြီးအကဲများနှင့် ပြည်သူပြည်သားအပေါင်းတို့က ကိုယ့်ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့ကို လွတ်မြောက်ခွင့်ပေးရမည်။ ဘယ်သောအခါမှ ကျွန်ပြန်မပြုရဟူသောပဋိညာဉ်ပါအချက်ကို သဘောတူနာခံ၍ ကျွန်တို့ကို လွှတ်ပေးကြ၏။
Burmese MSBZ
ပဋိညာဥ္ဖြဲ႕ရာတြင္ ပါဝင္ေသာအႀကီးအကဲမ်ားႏွင့္ ျပည္သူျပည္သားအေပါင္းတို႔က ကိုယ့္ကြၽန္ေယာက္်ား၊ ကြၽန္မိန္းမတို႔ကို လြတ္ေျမာက္ခြင့္ေပးရမည္။ ဘယ္ေသာအခါမွ ကြၽန္ျပန္မျပဳရဟူေသာပဋိညာဥ္ပါအခ်က္ကို သေဘာတူနာခံ၍ ကြၽန္တို႔ကို လႊတ္ေပးၾက၏။