Jeremiah 34:16 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သို့ရာတွင်သင်တို့သည်စိတ်သဘောထား ပြောင်းလဲကြပြန်၍ငါ့အားအသရေဖျက် ကြ၏။ သင်တို့အားလုံးပင်မိမိတို့လွတ်လပ် ခွင့်ပေးခဲ့ကြသည့်ကျေးကျွန်များကို ပြန် လည်ခေါ်ယူကာအတင်းအကြပ်ကျွန်ခံ စေကြပြန်၏။-
Burmese 1835 Version Judson
တဖန်ပြောင်းလဲ၍ ငါ၏နာမကို ရှုတ်ချလျက်၊ အသီးအသီး ရှင်းရှင်းလွှတ်ဘူးသော ကျွန်ယောက်ျား မိန်းမတို့ကို ခေါ်ပြန်၍ အစေကျွန်ခံစေကြပြီတကား။
Burmese 1928
အ သီး အ သီး တို့ သ ဘော ဖောက် ပြန် ၍၊ အ လို အ လျောက် လွတ် သွား ခွင့် ပေး ပြီး သော၊ ကျွန် ယောက်ျား၊ ကျွန် မိန်း မ ကို၊ ပြန် ခေါ် လျက် ကျွန် ခံ စေ သ ဖြင့်၊ နာ မ တော် ကို ညှိုး ပုတ် စေ ကြ ပြီ တ ကား ဟု မိန့် ဆို ၏။
Burmese 2021
တစ်ဖန် ပြောင်းလဲ၍ ငါ၏နာမကိုရှုတ်ချလျက်၊ အသီးအသီး ရှင်းရှင်းလွှတ်ဖူးသော ကျွန်ယောက်ျား မိန်းမတို့ကို ခေါ်ပြန်၍ အစေကျွန်ခံစေကြပြီတကား။
Burmese JBZV
တစ္ဖန္ ေျပာင္းလဲ၍ ငါ၏နာမကိုရွုတ္ခ်လ်က္၊ အသီးအသီး ရွင္းရွင္းလႊတ္ဖူးေသာ ကၽြန္ေယာက္်ား မိန္းမတို႔ကို ေခၚျပန္၍ အေစကၽြန္ခံေစၾကၿပီတကား။
Burmese MCLZV
သို႔ရာတြင္သင္တို႔သည္စိတ္သေဘာထား ေျပာင္းလဲၾကျပန္၍ငါ့အားအသေရဖ်က္ ၾက၏။ သင္တို႔အားလုံးပင္မိမိတို႔လြတ္လပ္ ခြင့္ေပးခဲ့ၾကသည့္ေက်းကၽြန္မ်ားကို ျပန္ လည္ေခၚယူကာအတင္းအၾကပ္ကၽြန္ခံ ေစၾကျပန္၏။-
Burmese MSBU
ထို့နောက်မှ သင်တို့စိတ်ပြောင်း၍ ငါ့နာမကို ရှုတ်ချကြ၏။ သင်တို့အားလုံးသည် ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့ကို သူတို့သဘောအတိုင်း လွတ်မြောက်ခွင့်ပေးပြီးမှ သူတို့ကိုပြန်ခေါ်၍ ကျွန်ယောက်ျား၊ ကျွန်မိန်းမအဖြစ် ကျွန်ပြန်ပြုစေကြ၏’ဟု မိန့်တော်မူ၏။
Burmese MSBZ
ထို႔ေနာက္မွ သင္တို႔စိတ္ေျပာင္း၍ ငါ့နာမကို ရႈတ္ခ်ၾက၏။ သင္တို႔အားလုံးသည္ ကြၽန္ေယာက္်ား၊ ကြၽန္မိန္းမတို႔ကို သူတို႔သေဘာအတိုင္း လြတ္ေျမာက္ခြင့္ေပးၿပီးမွ သူတို႔ကိုျပန္ေခၚ၍ ကြၽန္ေယာက္်ား၊ ကြၽန္မိန္းမအျဖစ္ ကြၽန္ျပန္ျပဳေစၾက၏’ဟု မိန႔္ေတာ္မူ၏။