Jeremiah 34:17 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သို့သော်လည်းသင်တို့သည်ငါ၏စကားကို နားမထောင်၊ မိမိတို့ဟေဗြဲအမျိုးသား အချင်းချင်းတို့အားလည်း လွတ်လပ်ခွင့် မပေးခဲ့ကြဟုငါထာဝရဘုရားမြွက် ဆို၏။ ထို့ကြောင့်သင်တို့အားစစ်ဘေး၊ အနာ ရောဂါဘေးနှင့်ငတ်မွတ်ခေါင်းပါးခြင်းဘေး တို့ဖြင့် လွတ်လပ်စွာသေရခြင်းတည်းဟူ သောလွတ်လပ်ခွင့်ကိုငါပေးမည်။ ငါသည် သင်တို့အားပြုသည့်အမှုကြောင့် ကမ္ဘာပေါ် ရှိလူမျိုးတကာတို့သည်ထိတ်လန့်တုန် လှုပ်ကြလိမ့်မည်။-
Burmese 1835 Version Judson
ထိုကြောင့်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် အသီးအသီး ညီအစ်ကိုချင်း၊ အိမ်နီးချင်းတို့ အား လွတ်ရသောအခွင့်ကို ထင်ရှားစွာ မစီရင်၊ ငါ့စကား ကို နားမထောင်သောကြောင့်၊ ထာဝရဘုရား မိန့်တော်မူ သည်ကား၊ ငါသည် သင်တို့အဘို့၊ ထားဘေး၊ ကာလနာ ဘေး၊ မွတ်သိပ်ခြင်းဘေးတို့အား လွတ်သောအခွင့်ကို ထင်ရှားစွာ စီရင်၍၊ အတိုင်းတိုင်းအပြည်ပြည်တို့၌ အနှောင့်အရှက်ခံစေမည်။
Burmese 1928
သို့ ဖြစ် ၍ ငါ ထာ ဝ ရ ဘု ရား က၊ သင် တို့ သည် အ ပေါင်း အ ဖော် ချင်း၊ ဆွေ မျိုး သား ချင်း တို့ အား၊ လွတ် သွား ခွင့် ကြော် ငြာ ရန် ဗျာ ဒိတ် တော် ကို နား မ ထောင် ကြ သည့် အ တွက် ငါ လည်း သင် တို့ ကို သ တ္တ န္တ ရ ကပ်၊ ရော ဂ န္တ ရ ကပ်၊ ဒု ဗ္ဘိ က္ခ န္တ ရ ကပ် များ အ တွင်း သို့၊ လွတ် သွား ခွင့် ကြော် ငြာ သည့် အ လျောက်၊ မြေ ပေါ် ရှိ တိုင်း နိုင် ငံ အ ရပ် ရပ် တွင် ထိတ် လန့် ဖွယ် ထား မည်။
Burmese 2021
ထိုကြောင့်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် အသီးအသီး ညီအစ်ကိုချင်း၊ အိမ်နီးချင်းတို့အား လွတ်ရသောအခွင့်ကို ထင်ရှားစွာမစီရင်၊ ငါ့စကားကို နားမထောင်သောကြောင့်၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည် သင်တို့အဖို့၊ ဓားဘေး၊ ကာလနာဘေး၊ မွတ်သိပ်ခြင်းဘေးတို့အား လွတ်သောအခွင့်ကို ထင်ရှားစွာစီရင်၍၊ အတိုင်းတိုင်းအပြည်ပြည်တို့၌ အနှောင့်အယှက် ခံစေမည်။
Burmese JBZV
ထိုေၾကာင့္၊ ထာဝရဘုရား မိန္႔ေတာ္မူသည္ကား၊ သင္တို႔သည္ အသီးအသီး ညီအစ္ကိုခ်င္း၊ အိမ္နီးခ်င္းတို႔အား လြတ္ရေသာအခြင့္ကို ထင္ရွားစြာမစီရင္၊ ငါ့စကားကို နားမေထာင္ေသာေၾကာင့္၊ ထာဝရဘုရားမိန္႔ေတာ္မူသည္ကား၊ ငါသည္ သင္တို႔အဖို႔၊ ဓားေဘး၊ ကာလနာေဘး၊ မြတ္သိပ္ျခင္းေဘးတို႔အား လြတ္ေသာအခြင့္ကို ထင္ရွားစြာစီရင္၍၊ အတိုင္းတိုင္းအျပည္ျပည္တို႔၌ အေႏွာင့္အယွက္ ခံေစမည္။
Burmese MCLZV
သို႔ေသာ္လည္းသင္တို႔သည္ငါ၏စကားကို နားမေထာင္၊ မိမိတို႔ေဟျဗဲအမ်ိဳးသား အခ်င္းခ်င္းတို႔အားလည္း လြတ္လပ္ခြင့္ မေပးခဲ့ၾကဟုငါထာဝရဘုရားႁမြက္ ဆို၏။ ထို႔ေၾကာင့္သင္တို႔အားစစ္ေဘး၊ အနာ ေရာဂါေဘးႏွင့္ငတ္မြတ္ေခါင္းပါးျခင္းေဘး တို႔ျဖင့္ လြတ္လပ္စြာေသရျခင္းတည္းဟူ ေသာလြတ္လပ္ခြင့္ကိုငါေပးမည္။ ငါသည္ သင္တို႔အားျပဳသည့္အမွုေၾကာင့္ ကမၻာေပၚ ရွိလူမ်ိဳးတကာတို႔သည္ထိတ္လန႔္တုန္ လွုပ္ၾကလိမ့္မည္။-
Burmese MSBU
ထို့ကြောင့် ထာဝရဘုရားက ‘သင်တို့သည် ကိုယ့်ညီအစ်ကိုချင်း၊ ကိုယ့်အိမ်နီးချင်းအတွက် လွတ်မြောက်ခွင့်ကြေညာရာ၌ ငါ့စကားကို နားမထောင်ကြ’ဟု မိန့်တော်မူ၏။ ထာဝရဘုရားက ‘ကြည့်ရှုလော့။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် သင်တို့အတွက် လွတ်မြောက်ခွင့်ကို ငါကြေညာမည်။ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံအားလုံးက သင်တို့ကို ကြောက်လန့်စရာအဖြစ် မြင်ကြလိမ့်မည်’ဟု မိန့်တော်မူ၏။
Burmese MSBZ
ထို႔ေၾကာင့္ ထာဝရဘုရားက ‘သင္တို႔သည္ ကိုယ့္ညီအစ္ကိုခ်င္း၊ ကိုယ့္အိမ္နီးခ်င္းအတြက္ လြတ္ေျမာက္ခြင့္ေၾကညာရာ၌ ငါ့စကားကို နားမေထာင္ၾက’ဟု မိန႔္ေတာ္မူ၏။ ထာဝရဘုရားက ‘ၾကည့္ရႈေလာ့။ ဓားေဘး၊ ငတ္မြတ္ေခါင္းပါးျခင္းေဘး၊ ကပ္ေရာဂါေဘးတို႔ျဖင့္ သင္တို႔အတြက္ လြတ္ေျမာက္ခြင့္ကို ငါေၾကညာမည္။ ေျမႀကီးေပၚရွိ တိုင္းႏိုင္ငံအားလုံးက သင္တို႔ကို ေၾကာက္လန႔္စရာအျဖစ္ ျမင္ၾကလိမ့္မည္’ဟု မိန႔္ေတာ္မူ၏။